သူစိမ်းကောင်းရင် တကယ်ကို ဆွေမျိုးတွေထက် သာပါတယ် ။

မေတ္တာဖြင့်ချည်သောလက်တွေမြဲစေသား. . . . .

လူတစ်ယောက်နဲ့ တစ်ယောက်ဆိုတာ အသွင်လဲ မတူကြသလို စိတ်ဓာတ်ချင်းလဲ မတူနိုင်ကြဘူး အမိဝမ်းတစ်ခုတည်းက ထွက်တဲ့ ညီအစ်ကိုမောင်နှ အချင်းချင်းတောင် တူဖို့မလွယ်ကူတာ တခြားသူစိမ်းတစ်ယောက်နဲ့ဆို ပို့လို့တောင် မလွယ်ကူဘူးလေ ။

လူတစ်ယောက်နဲ့ တစ်လလောက် မိတ်ဆွေဖြစ်ဖို့ လွယ်မယ်လို့ ထင်လား ကောင်းတာ မကောင်းတာတွေ သိလာတဲ့တစ်နေ့ထိ လက်တွဲတွေ မဖြုတ်ပဲ ရှေ့ဆက်ပေါင်းနိုင်ဖို့ဆိုတာ ထင်သလောက်တော့မလွယ်ဘူးလေ ။

လူတစ်ယောက်နဲ့တစ်ယောက် အချိန်တွေအကြာကြီး ပေါင်းသင်းဆက်ဆံကြတဲ့အခါ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာရတယ် ။

ဒီလို ပိုသိလာရတဲ့အခါ ကောင်းကွက်ချည်းပဲ ကွက်မြင်နေပြန်ရင်လဲ ဖားရာကျတယ် ။

မကောင်းတာချည်းပဲ ကွက်မြင်နေရင် အဲ့တာကျ အပေါင်းအသင်းနဲ့ မတူတော့ဘူး အနီးကပ်ရန်သူလိုပါပဲ မကောင်းပြောဖို့သက်သက် ပခုံးဖက်ပေါင်းနေတာမျိုးလေ ။

တစ်နှစ် . . . သက်တမ်းရှိတဲ့ သူငယ်ချင်း တစ်စု အရင်လို ပခုံးဖက်ပေါင်းနိုင်သေးရင် တော်တော်လေးကို ရေရှည်ခံတဲ့ ဆက်ဆံရေးလို့ ပြောလို့ရနေပါပြီ ။

သုံးနှစ် . . . ကြာသွားတဲ့အခါ ကိုယ့်ဆွေမျိုးသားချင်းတွေလို ဖြစ်သွားကြပြီ ။

၅၂၈ ဆိုသော ဖြူစင်တဲ့ မေတ္တာတွေနဲ့ ချည်နှောင်ထားတဲ့လက်တွေ ဘဝလမ်းတွေကို လျှောက်ရင်း ရည်ရွယ်ရာမတူလို့ လမ်းတွေ မတူနိုင်တာပဲရှိတာပါ မြဲတော့ မြဲပါတယ် ။

၅ နှစ် . . . . ၁၀ နှစ် ဒီနေ့ခေတ်မှာ ဒီလိုနှစ်တွေအကြာကြီး ပေါင်းကြသင်းကြဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ကို ဖြစ်သွားပြီလေ ။

သူစိမ်းကောင်းရင် တကယ်ကို ဆွေမျိုးတွေထက် သာပါတယ် ။ မင်းဘာကောင်လဲ ငါဘာကောင်လဲဆိုတဲ့ အတ္တတွေ တံခါးဝမှာချိတ်ထားပြီး နှပ်ချေးတွဲလောင်းက ဘဝတွေအကြောင်းပြန်ပြောင်းပြောချင်ပြောမယ် ။

မင်းလက်ရှိရာထူးက ဘာလဲဆိုတာ ဂရုမစိုက်ပဲ အရင်လို တဟီးဟီးတဟားဟား ရယ်ချင်ရယ်ကြမယ် ။

မိဘတွေကို ပြောပြခွင့်မရခဲ့တဲ့ ဒဏ်ရာတွေအကြောင်း အစအဆုံး ရင်ဖွင့်ကြမယ် ။ နားလည်မှုတွေ ယုံကြည်မှုတွေ စတဲ့ ခေါင်းစဉ်တွေ တပ်ဖို့ မလိုဘူး ။

မင်းလဲ ဖြစ်နေရင် ငါလဲ ငါဖြစ်နေရင် ဒီ ဆက်ဆံရေးတွေက ဆက်ပြီး တည်မြဲနေဦးမှာပါ ။

မျက်ရည်တွေ ကျစရာရှိလာတဲ့အခါ မရှက်နဲ့ မကြောက်နဲ့ အားရပါးရငိုချပစ်လိုက်လို့ရတယ် ရယ်စရာမောစရာတွေ ကြုံလာတဲ့အခါ ဘယ်မျက်နှာကိုမှ မကြည့်နဲ့ အတူတူ ရယ်မောခွင့်ရှိတယ် ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့ သူပါပဲ ဒါပေမယ့် ဆုံခွင့်ရှိတဲ့ အခါတိုင်းမှာ အရင်တုန်းကအကြောင်းတွေ ပြန်ပြီးတော့ ပြောပိုင်ခွင့်တော့ ရှိသေးတယ်မဟုတ်လား ။

၁၅၀၀ အချစ်တွေလို ပိုင်ရမှ ဆိုင်ရမှဆိုတဲ့အတ္တတွေ မလိုဘူး အနားမှာရှိမှ ဘေးနားရှိမှဆိုတဲ့ လောဘတွေ မရှိဘူး ဘယ်အရာ ဘယ်ဌာနေပဲရောက်နေ ရောက်နေ ၅၂၈ ဟူသော မေတ္တာဖြင့် ချည်သော ကြိုးတွေက မြဲပါတယ် ။

PStar

ေမတၱာျဖင့္ခ်ည္ေသာလက္ေတြၿမဲေစသား. . . . .

လူတစ္ေယာက္နဲ႔ တစ္ေယာက္ဆိုတာ အသြင္လဲ မတူၾကသလို စိတ္ဓာတ္ခ်င္းလဲ မတူႏိုင္ၾကဘူး အမိ၀မ္းတစ္ခုတည္းက ထြက္တဲ့ ညီအစ္ကိုေမာင္ႏွ အခ်င္းခ်င္းေတာင္ တူဖို႔မလြယ္ကူတာ တျခားသူစိမ္းတစ္ေယာက္နဲ႔ဆို ပို႔လို႔ေတာင္ မလြယ္ကူဘူးေလ ။

လူတစ္ေယာက္နဲ႔ တစ္လေလာက္ မိတ္ေဆြျဖစ္ဖို႔ လြယ္မယ္လို႔ ထင္လား ေကာင္းတာ မေကာင္းတာေတြ သိလာတဲ့တစ္ေန႔ထိ လက္တြဲေတြ မျဖဳတ္ပဲ ေရွ႕ဆက္ေပါင္းႏိုင္ဖို႔ဆိုတာ ထင္သေလာက္ေတာ့မလြယ္ဘူးေလ ။

လူတစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္ေတြအၾကာႀကီး ေပါင္းသင္းဆက္ဆံၾကတဲ့အခါ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ပိုသိလာရတယ္ ။

ဒီလို ပိုသိလာရတဲ့အခါ ေကာင္းကြက္ခ်ည္းပဲ ကြက္ျမင္ေနျပန္ရင္လဲ ဖားရာက်တယ္ ။

မေကာင္းတာခ်ည္းပဲ ကြက္ျမင္ေနရင္ အဲ့တာက် အေပါင္းအသင္းနဲ႔ မတူေတာ့ဘူး အနီးကပ္ရန္သူလိုပါပဲ မေကာင္းေျပာဖို႔သက္သက္ ပခုံးဖက္ေပါင္းေနတာမ်ိဳးေလ ။

တစ္ႏွစ္ . . . သက္တမ္းရွိတဲ့ သူငယ္ခ်င္း တစ္စု အရင္လို ပခုံးဖက္ေပါင္းႏိုင္ေသးရင္ ေတာ္ေတာ္ေလးကို ေရရွည္ခံတဲ့ ဆက္ဆံေရးလို႔ ေျပာလို႔ရေနပါၿပီ ။

သုံးႏွစ္ . . . ၾကာသြားတဲ့အခါ ကိုယ့္ေဆြမ်ိဳးသားခ်င္းေတြလို ျဖစ္သြားၾကၿပီ ။

၅၂၈ ဆိုေသာ ျဖဴစင္တဲ့ ေမတၱာေတြနဲ႔ ခ်ည္ေႏွာင္ထားတဲ့လက္ေတြ ဘ၀လမ္းေတြကို ေလွ်ာက္ရင္း ရည္႐ြယ္ရာမတူလို႔ လမ္းေတြ မတူႏိုင္တာပဲရွိတာပါ ၿမဲေတာ့ ၿမဲပါတယ္ ။

၅ ႏွစ္ . . . . ၁၀ ႏွစ္ ဒီေန႔ေခတ္မွာ ဒီလိုႏွစ္ေတြအၾကာႀကီး ေပါင္းၾကသင္းၾကဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့သေလာက္ကို ျဖစ္သြားၿပီေလ ။

သူစိမ္းေကာင္းရင္ တကယ္ကို ေဆြမ်ိဳးေတြထက္ သာပါတယ္ ။ မင္းဘာေကာင္လဲ ငါဘာေကာင္လဲဆိုတဲ့ အတၱေတြ တံခါး၀မွာခ်ိတ္ထားၿပီး ႏွပ္ေခ်းတြဲေလာင္းက ဘ၀ေတြအေၾကာင္းျပန္ေျပာင္းေျပာခ်င္ေျပာမယ္ ။

မင္းလက္ရွိရာထူးက ဘာလဲဆိုတာ ဂ႐ုမစိုက္ပဲ အရင္လို တဟီးဟီးတဟားဟား ရယ္ခ်င္ရယ္ၾကမယ္ ။

မိဘေတြကို ေျပာျပခြင့္မရခဲ့တဲ့ ဒဏ္ရာေတြအေၾကာင္း အစအဆုံး ရင္ဖြင့္ၾကမယ္ ။ နားလည္မႈေတြ ယုံၾကည္မႈေတြ စတဲ့ ေခါင္းစဥ္ေတြ တပ္ဖို႔ မလိုဘူး ။

မင္းလဲ ျဖစ္ေနရင္ ငါလဲ ငါျဖစ္ေနရင္ ဒီ ဆက္ဆံေရးေတြက ဆက္ၿပီး တည္ၿမဲေနဦးမွာပါ ။

မ်က္ရည္ေတြ က်စရာရွိလာတဲ့အခါ မရွက္နဲ႔ မေၾကာက္နဲ႔ အားရပါးရငိုခ်ပစ္လိုက္လို႔ရတယ္ ရယ္စရာေမာစရာေတြ ႀကဳံလာတဲ့အခါ ဘယ္မ်က္ႏွာကိုမွ မၾကည့္နဲ႔ အတူတူ ရယ္ေမာခြင့္ရွိတယ္ ကိုယ့္ဘ၀နဲ႔ကိုယ္ သူ႔ဘ၀နဲ႔ သူပါပဲ ဒါေပမယ့္ ဆုံခြင့္ရွိတဲ့ အခါတိုင္းမွာ အရင္တုန္းကအေၾကာင္းေတြ ျပန္ၿပီးေတာ့ ေျပာပိုင္ခြင့္ေတာ့ ရွိေသးတယ္မဟုတ္လား ။

၁၅၀၀ အခ်စ္ေတြလို ပိုင္ရမွ ဆိုင္ရမွဆိုတဲ့အတၱေတြ မလိုဘူး အနားမွာရွိမွ ေဘးနားရွိမွဆိုတဲ့ ေလာဘေတြ မရွိဘူး ဘယ္အရာ ဘယ္ဌာေနပဲေရာက္ေန ေရာက္ေန ၅၂၈ ဟူေသာ ေမတၱာျဖင့္ ခ်ည္ေသာ ႀကိဳးေတြက ၿမဲပါတယ္ ။

PStar