အရင်လို ပြုံးဖို့ဆိုရင် အရင်တုန်းကလို ပျော်နေဖို့လိုတာလေ ။ ကျွန်မ ပျော်မှ မပျော်တာ ။

အရင်ပြုံးဖို့ အရင်လို ပျော်နေဖို့လိုပါတယ် ။ မလိုချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားရတဲ့အခါ လိုချင်တဲ့အရာတွေကို ဆုံးရှုံးလိုက်ရတဲ့အခါ ဘဝမှာ ပျော်အောင်နေဖို့ ခက်ခဲလာတတ်တယ်လေ ။

အရင်လိုပဲ ပြုံးနေပေမယ့် အရင်လို အသက်မပါတော့ဘူး ။ဒဏ်ရာတွေကိုဖုံးပြီးပြုံးတဲ့အပြုံးက အနည်းနဲ့အများတော့ နာကျင်နေသယောင်ပေါ်နေတတ်တယ်လေ ။ ကိုယ်လက်ရှိပိုင်ဆိုင်ထားရတဲ့ဘ၀ ကိုယ်လက်ရှိဖြစ်ပျက်နေတဲ့ဘဝကို ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးပါ။

နာကျင်နေပါလျက်နဲ့ အဆင်ပြေပါတယ်လို့ ညာရင်လဲ တစ်ဖက်က ယုံချင် ယုံနေတတ်တာပဲလေ ။

ကံကောင်းလိုက်တာဆိုတဲ့အခါ မျက်ရည်လဲ ဝဲရတယ် ။ လူတချို့ထင်နေတဲ့ ကံကောင်းခြင်းတွေက ကျွန်မအတွက်တော့ ကံဆိုးခြင်းသက်သက်ပဲလို့ တွေးနေမိတာလေ

ပျော်ရွှင်မှုဆိုတာ ငွေဆိုတဲ့အရာနဲ့လဲ တိုက်ရိုက်အချိုးမကျဘူး ဂုဏ်တွေ ဒြပ်တွေနဲ့လဲ မဆိုင်ဘူး ကိုယ့်စိတ်နဲ့ပဲ ဆိုင်တာပါ ငွေပုံပေါ်ထိုင်ပြီး ငိုနေရတဲ့ လူတွေ တစ်ပုံကြီးရှိသလို မက်လှပါတယ်ဆိုတဲ့ ဂုဏ်ကြောင့် လိုချင်တာတွေ ဆုံးရှုံးလိုက်ရတာတွေလဲ ရှိတယ် ။

လူတွေမြင်တာ ကိုယ့်ရဲ့ အပေါ်ယံလောက်လေးပါ ။ ဒီအပေါ်ယံလောက်လေးကိုပဲ မြင်ပြီး ဆိုးတယ် ကောင်းတယ် ဝေဖန်နေကြတာလေ ။

လူတစ်ယောက်ရဲ့အကြောင်းဆိုတာ အပေါ်ယံအဝတ်အစားတွေ ကြည့်ပြီး ပြောလို့မရဘူး အပြောချိုချိုလေးတွေကို ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ။

လူတစ်ယောက်ရဲ့အကြောင်းကို သိချင်တဲ့အခါ အချိန် အနည်းနဲ့အများတော့ လိုတယ်လေ ။

ချစ်လို့ပါဆိုပြီး ကိုယ့်စိတ်တွေကို ချုပ်ခြယ်လာတဲ့အခါ အရင်က ဘယ်လောက်ပဲ ကြင်နာခဲ့ ကြင်နာခဲ့ ကျွန်မ မပျော်လာတော့ဘူး ဘေးနားကလူတွေက ချစ်တတ်လိုက်တာ ကံကောင်းလိုက်တာလို့ ပြောတဲ့အခါ ကျွန်မ အတွက် ကံကောင်းခြင်းလို့ မထင်လာတော့ဘူး ဝဋ်ကြွေးလို့ပဲ ထင်လာမိတယ် ။ လွတ်လပ်ခွင့်တွေအားလုံးကို ဆုံးရှုံးပြီးသွားတဲ့ လူတစ်ယောက် ဘယ်လောက်ကြာကြာ ဟန်ဆောင်ပျော်နေနိုင်မှာလဲ ။ မလွယ်ဘူးလေ ။

အရောင်တဝင်းဝင်းလက်နေတဲ့အရာတွေကို စိန်တွေလို့ ထင်နေခဲ့မိတဲ့ လူတစ်စုလိုပါပဲ ။

စုံလုံးမှိတ်ခုန်ချခဲ့ပြီးမှ မြွေတစ်ကောင်ရဲ့ မျက်လုံးလဲ အရောင်တွေ တလက်လက်ထတတ်မှန်း ရင်နာနာနဲ့သိခဲ့ရတာလေ ။

အရင်လိုတော့ ပြုံးနေတာပါပဲ ဒါပေမယ့် အရင်လို အသက်မပါတော့တဲ့အခါ ခွင့်လွတ်ပါ ။

အရင်လို ပြုံးဖို့ဆိုရင် အရင်တုန်းကလို ပျော်နေဖို့လိုတာလေ ။ ကျွန်မ ပျော်မှ မပျော်တာ ။

အနားက လူတွေက ကံကောင်းလိုက်တာလို့ မှတ်ချက်ပေးတဲ့အခါတိုင်း ပိုပြီးတော့တောင် ဝမ်းနည်းမိတယ် ။ ကိုယ်ဆပ်နေရတဲ့ ဝဋ်ကြွေးတွေ သူတို့မှ မမြင်ပဲ ။

Zuu

အရင္ၿပဳံးဖို႔ အရင္လို ေပ်ာ္ေနဖို႔လိုပါတယ္ ။ မလိုခ်င္တဲ့အရာေတြကို ပိုင္ဆိုင္ထားရတဲ့အခါ လိုခ်င္တဲ့အရာေတြကို ဆုံးရႈံးလိုက္ရတဲ့အခါ ဘ၀မွာ ေပ်ာ္ေအာင္ေနဖို႔ ခက္ခဲလာတတ္တယ္ေလ ။

အရင္လိုပဲ ၿပဳံးေနေပမယ့္ အရင္လို အသက္မပါေတာ့ဘူး ။ဒဏ္ရာေတြကိုဖုံးၿပီးၿပဳံးတဲ့အၿပဳံးက အနည္းနဲ႔အမ်ားေတာ့ နာက်င္ေနသေယာင္ေပၚေနတတ္တယ္ေလ ။ ကိုယ္လက္ရွိပိုင္ဆိုင္ထားရတဲ့ဘ၀ ကိုယ္လက္ရွိျဖစ္ပ်က္ေနတဲ့ဘ၀ကို ကိုယ္ကိုယ္တိုင္ပဲ အသိဆုံးပါ။

နာက်င္ေနပါလ်က္နဲ႔ အဆင္ေျပပါတယ္လို႔ ညာရင္လဲ တစ္ဖက္က ယုံခ်င္ ယုံေနတတ္တာပဲေလ ။

ကံေကာင္းလိုက္တာဆိုတဲ့အခါ မ်က္ရည္လဲ ဝဲရတယ္ ။ လူတခ်ိဳ႕ထင္ေနတဲ့ ကံေကာင္းျခင္းေတြက ကြၽန္မအတြက္ေတာ့ ကံဆိုးျခင္းသက္သက္ပဲလို႔ ေတြးေနမိတာေလ

ေပ်ာ္႐ႊင္မႈဆိုတာ ေငြဆိုတဲ့အရာနဲ႔လဲ တိုက္႐ိုက္အခ်ိဳးမက်ဘူး ဂုဏ္ေတြ ျဒပ္ေတြနဲ႔လဲ မဆိုင္ဘူး ကိုယ့္စိတ္နဲ႔ပဲ ဆိုင္တာပါ ေငြပုံေပၚထိုင္ၿပီး ငိုေနရတဲ့ လူေတြ တစ္ပုံႀကီးရွိသလို မက္လွပါတယ္ဆိုတဲ့ ဂုဏ္ေၾကာင့္ လိုခ်င္တာေတြ ဆုံးရႈံးလိုက္ရတာေတြလဲ ရွိတယ္ ။

လူေတြျမင္တာ ကိုယ့္ရဲ႕ အေပၚယံေလာက္ေလးပါ ။ ဒီအေပၚယံေလာက္ေလးကိုပဲ ျမင္ၿပီး ဆိုးတယ္ ေကာင္းတယ္ ေဝဖန္ေနၾကတာေလ ။

လူတစ္ေယာက္ရဲ႕အေၾကာင္းဆိုတာ အေပၚယံအ၀တ္အစားေတြ ၾကည့္ၿပီး ေျပာလို႔မရဘူး အေျပာခ်ိဳခ်ိဳေလးေတြကို ၾကည့္ၿပီး ဆုံးျဖတ္လို႔မရဘူး ။

လူတစ္ေယာက္ရဲ႕အေၾကာင္းကို သိခ်င္တဲ့အခါ အခ်ိန္ အနည္းနဲ႔အမ်ားေတာ့ လိုတယ္ေလ ။

ခ်စ္လို႔ပါဆိုၿပီး ကိုယ့္စိတ္ေတြကို ခ်ဳပ္ျခယ္လာတဲ့အခါ အရင္က ဘယ္ေလာက္ပဲ ၾကင္နာခဲ့ ၾကင္နာခဲ့ ကြၽန္မ မေပ်ာ္လာေတာ့ဘူး ေဘးနားကလူေတြက ခ်စ္တတ္လိုက္တာ ကံေကာင္းလိုက္တာလို႔ ေျပာတဲ့အခါ ကြၽန္မ အတြက္ ကံေကာင္းျခင္းလို႔ မထင္လာေတာ့ဘူး ၀ဋ္ေႂကြးလို႔ပဲ ထင္လာမိတယ္ ။ လြတ္လပ္ခြင့္ေတြအားလုံးကို ဆုံးရႈံးၿပီးသြားတဲ့ လူတစ္ေယာက္ ဘယ္ေလာက္ၾကာၾကာ ဟန္ေဆာင္ေပ်ာ္ေနႏိုင္မွာလဲ ။ မလြယ္ဘူးေလ ။

အေရာင္တ၀င္း၀င္းလက္ေနတဲ့အရာေတြကို စိန္ေတြလို႔ ထင္ေနခဲ့မိတဲ့ လူတစ္စုလိုပါပဲ ။

စုံလုံးမွိတ္ခုန္ခ်ခဲ့ၿပီးမွ ​ေႁမြတစ္ေကာင္ရဲ႕ မ်က္လုံးလဲ အေရာင္ေတြ တလက္လက္ထတတ္မွန္း ရင္နာနာနဲ႔သိခဲ့ရတာေလ ။

အရင္လိုေတာ့ ၿပဳံးေနတာပါပဲ ဒါေပမယ့္ အရင္လို အသက္မပါေတာ့တဲ့အခါ ခြင့္လြတ္ပါ ။

အရင္လို ၿပဳံးဖို႔ဆိုရင္ အရင္တုန္းကလို ေပ်ာ္ေနဖို႔လိုတာေလ ။ ကြၽန္မ ေပ်ာ္မွ မေပ်ာ္တာ ။

အနားက လူေတြက ကံေကာင္းလိုက္တာလို႔ မွတ္ခ်က္ေပးတဲ့အခါတိုင္း ပိုၿပီးေတာ့ေတာင္ ၀မ္းနည္းမိတယ္ ။ ကိုယ္ဆပ္ေနရတဲ့ ၀ဋ္ေႂကြးေတြ သူတို႔မွ မျမင္ပဲ ။

Zuu