ကိုယ့်ဘက်က အကောင်းဆုံးပေးဆပ်ခဲ့တဲ့အတွက် လမ်းခွဲခြင်းတိုင်းမှာ လိပ်ပြာသန့်ပါတယ် ။

မင်းသားလို့ ထင်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေမှာ အဆုံးသတ်တွေပြီးသွားတဲ့အခါတိုင်း ကိုယ်သာ ဗီလိန်ဖြစ်ခဲ့ရတာပါ ။

ဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့ တစ်စုံတစ်ယောက်ကို ပြန်ပြောင်းပြောပြတဲ့အခါ ကိုယ်ဘယ်လောက်ဆိုးခဲ့တာဆိုတာတွေပဲ ပြန်ပြီး အမှတ်ရကြတာများပါတယ် ။

နေရာတကာ စေတနာတွေ မေတ္တာတွေ သိပ်ကို ရှေ့တန်းတင်တတ်လွန်းခဲ့ဖူးတာပေါ့ ။

ဘယ်အရာမှာမဆို ကိုယ့်ဘက်သူ့ဘက်လေး ကြည့်လိုက်ရမှ ကျေနပ်တတ်တာလေ ။ ကိုယ်ချင်းစာတရားတွေ ငဲ့ညှာမှုတွေ တကယ့်ကို အများကြီး ပေးဖူးခဲ့တာပါ ။

ဒါပေမယ့် လမ်းခွဲချိန်ရောက်တိုင်း ကိုယ်ပဲ ကျန်ရစ်ဖြစ်ခဲ့ရတာပါ

ဘ၀ . . . မှာ တစ်စုံတစ်ယောက်ရဲ့ သည်းသည်းလှုပ်ချစ်ခံရခြင်းကံတွေ ပါမလာခဲ့ဘူး ထင်ပါတယ် ။ ဘဝမှာ တစ်စုံတစ်ယောက်အတွက် အရေးပါအရာရောက်ဖို့ မတန်ခဲ့ဘူးထင်ပါတယ် ။

ဘဝမှာလေ . . . ကိုယ်ဘယ်လောက်ပဲ ကောင်းအောင်နေနေ ကိုယ်ကောင်းပါတယ်လို့ ဘယ်သူမှ ပြန်မပြောကြဘူး ။

ကိုယ်ဆိုးခဲ့ဖူးတာလေးတွေကို ပိုပြီး မှတ်မှတ်ရရ ရှိတတ်ကြတာလေ ။

မင်းသားထင်ပြီးတော့ ဘဝရဲ့ ဇာတ်ခုံပေါ်မှာ ကွေးနေအောင်ကနေမိတာကိုပဲ ရှက်မိတယ် ။

နောက်လူတစ်ယောက်ပေါ်လာရင် အလိုလို ဗီလိန်ဖြစ်မယ့် ဇာတ်လမ်းတွေမှာ ကိုယ့်ကိုယ်ကိုယ် မင်းသားလို့ အထင်ရောက်နေတာလဲ ရှက်မိတယ် ။

ကိုယ့်ဘက်က အကောင်းဆုံးပေးဆပ်ခဲ့တဲ့အတွက် လမ်းခွဲခြင်းတိုင်းမှာ လိပ်ပြာသန့်ပါတယ် ။

ကိုယ်ပေးနိုင်တဲ့ မေတ္တာတွေ စေတနာတွေ အတိုင်းအစမရှိ ပေးခဲ့ဖူးတဲ့အတွက် လမ်းမှာပြန်တွေ့လဲ ပြုံးပြဝံ့ပါတယ် ။ မလုံမလဲဖြစ်စရာရှိမှ မရှိခဲ့ပဲလေ ။

ဒါပေမယ့် နောက်လူကို ပြောပြမယ့် ဇာတ်လမ်းတိုင်းမှာတော့ ကိုယ်ဟာ ဗီလိန်ပဲ ဖြစ်နေမှာပဲ မဟုတ်လား ။

မူးကို မြစ်ထင်ပြီး ကူးခဲ့မိတာပါလို့ ၊ သူ့ဘက်ကချည်း တစ်ဖက်သတ်လိုက်ကြိုက်နေတာပါလို့ နောက်တစ်ယောက်ကျေနပ်အောင် ဖြေရှင်းချက်တွေ အမျိုးမျိုးပေးပြီး ဗီလိန်ဇာတ်တွေ သွင်းချင်လဲ သွင်းလို့ရပါတယ် ကိုယ်ပေးခဲ့တဲ့ စေတနာတွေ ကိုယ်ပေးခဲ့တဲ့မေတ္တာတွေ စစ်မှန်ခဲ့ရင် တစ်နေ့ကျရင် မေတ္တာစစ်ဆိုတာ ဆူးတတ်တယ် ကိုယ့်လို မနာကျင်ပါစေနဲ့ ။

နောက်လူပေါ်လာတိုင်း ဗီလိန်ဖြစ်ဖြစ်သွားတတ်တဲ့ ဇာတ်လမ်းတွေ ကျွန်တော် ဆက်ပြီး မကချင်တော့ဘူး ။

ငြိမ်းချမ်းရာအရပ် ငြိမ်သက်စွာနဲ့ပဲ ဆက်ပြီး အသက်ရှင်နေပါရစေ ။

PStar

မင္းသားလို႔ ထင္ခဲ့ဖူးတဲ့ ဇာတ္လမ္းေတြမွာ အဆုံးသတ္ေတြၿပီးသြားတဲ့အခါတိုင္း ကိုယ္သာ ဗီလိန္ျဖစ္ခဲ့ရတာပါ ။

ဘယ္ေလာက္ပဲေကာင္းခဲ့ေကာင္းခဲ့ တစ္စုံတစ္ေယာက္ကို ျပန္ေျပာင္းေျပာျပတဲ့အခါ ကိုယ္ဘယ္ေလာက္ဆိုးခဲ့တာဆိုတာေတြပဲ ျပန္ၿပီး အမွတ္ရၾကတာမ်ားပါတယ္ ။

ေနရာတကာ ေစတနာေတြ ေမတၱာေတြ သိပ္ကို ေရွ႕တန္းတင္တတ္လြန္းခဲ့ဖူးတာေပါ့ ။

ဘယ္အရာမွာမဆို ကိုယ့္ဘက္သူ႔ဘက္ေလး ၾကည့္လိုက္ရမွ ေက်နပ္တတ္တာေလ ။ ကိုယ္ခ်င္းစာတရားေတြ ငဲ့ညႇာမႈေတြ တကယ့္ကို အမ်ားႀကီး ေပးဖူးခဲ့တာပါ ။

ဒါေပမယ့္ လမ္းခြဲခ်ိန္ေရာက္တိုင္း ကိုယ္ပဲ က်န္ရစ္ျဖစ္ခဲ့ရတာပါ

ဘ၀ . . . မွာ တစ္စုံတစ္ေယာက္ရဲ႕ သည္းသည္းလႈပ္ခ်စ္ခံရျခင္းကံေတြ ပါမလာခဲ့ဘူး ထင္ပါတယ္ ။ ဘ၀မွာ တစ္စုံတစ္ေယာက္အတြက္ အေရးပါအရာေရာက္ဖို႔ မတန္ခဲ့ဘူးထင္ပါတယ္ ။

ဘ၀မွာေလ . . . ကိုယ္ဘယ္ေလာက္ပဲ ေကာင္းေအာင္ေနေန ကိုယ္ေကာင္းပါတယ္လို႔ ဘယ္သူမွ ျပန္မေျပာၾကဘူး ။

ကိုယ္ဆိုးခဲ့ဖူးတာေလးေတြကို ပိုၿပီး မွတ္မွတ္ရရ ရွိတတ္ၾကတာေလ ။

မင္းသားထင္ၿပီးေတာ့ ဘ၀ရဲ႕ ဇာတ္ခုံေပၚမွာ ေကြးေနေအာင္ကေနမိတာကိုပဲ ရွက္မိတယ္ ။

ေနာက္လူတစ္ေယာက္ေပၚလာရင္ အလိုလို ဗီလိန္ျဖစ္မယ့္ ဇာတ္လမ္းေတြမွာ ကိုယ့္ကိုယ္ကိုယ္ မင္းသားလို႔ အထင္ေရာက္ေနတာလဲ ရွက္မိတယ္ ။

ကိုယ့္ဘက္က အေကာင္းဆုံးေပးဆပ္ခဲ့တဲ့အတြက္ လမ္းခြဲျခင္းတိုင္းမွာ လိပ္ျပာသန္႔ပါတယ္ ။

ကိုယ္ေပးႏိုင္တဲ့ ေမတၱာေတြ ေစတနာေတြ အတိုင္းအစမရွိ ေပးခဲ့ဖူးတဲ့အတြက္ လမ္းမွာျပန္ေတြ႕လဲ ၿပဳံးျပဝံ့ပါတယ္ ။ မလုံမလဲျဖစ္စရာရွိမွ မရွိခဲ့ပဲေလ ။

ဒါေပမယ့္ ေနာက္လူကို ေျပာျပမယ့္ ဇာတ္လမ္းတိုင္းမွာေတာ့ ကိုယ္ဟာ ဗီလိန္ပဲ ျဖစ္ေနမွာပဲ မဟုတ္လား ။

မူးကို ျမစ္ထင္ၿပီး ကူးခဲ့မိတာပါလို႔ ၊ သူ႔ဘက္ကခ်ည္း တစ္ဖက္သတ္လိုက္ႀကိဳက္ေနတာပါလို႔ ေနာက္တစ္ေယာက္ေက်နပ္ေအာင္ ေျဖရွင္းခ်က္ေတြ အမ်ိဳးမ်ိဳးေပးၿပီး ဗီလိန္ဇာတ္ေတြ သြင္းခ်င္လဲ သြင္းလို႔ရပါတယ္ ကိုယ္ေပးခဲ့တဲ့ ေစတနာေတြ ကိုယ္ေပးခဲ့တဲ့ေမတၱာေတြ စစ္မွန္ခဲ့ရင္ တစ္ေန႔က်ရင္ ေမတၱာစစ္ဆိုတာ ဆူးတတ္တယ္ ကိုယ့္လို မနာက်င္ပါေစနဲ႔ ။

ေနာက္လူေပၚလာတိုင္း ဗီလိန္ျဖစ္ျဖစ္သြားတတ္တဲ့ ဇာတ္လမ္းေတြ ကြၽန္ေတာ္ ဆက္ၿပီး မကခ်င္ေတာ့ဘူး ။

ၿငိမ္းခ်မ္းရာအရပ္ ၿငိမ္သက္စြာနဲ႔ပဲ ဆက္ၿပီး အသက္ရွင္ေနပါရေစ ။

PStar