တစ်နေ့လုံးလန်းဆန်းတက်ကြွနေဖို့ မနက်ခင်းအိပ်ရာနိုးနိုးချင်းလုပ်ပေးသင့်တဲ့လေ့ကျင့်ခန်း(၃)မျိုး

brightside

လူတစ်ယောက်က အလုပ်တွေလုပ်နိုင်ဖို့၊ ပညာတွေသင်ယူနိုင်ဖို့အတွက် သူ့ရဲ့တစ်နေ့တာမှာ လန်းဆန်းတက်ကြွပြီး အားပြည့်နေဖို့လိုပါတယ်။ တစ်နေကုန်လန်းဆန်းတက်ကြွနေဖို့ဆိုရင်လည်း မနက်ခင်းမှာ အားပြည့်အောင်စားပြီး အားပြည့်လန်းဆန်းစေမယ့် လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။ တစ်နေကုန်လန်းဆန်းအားပြည့်နေဖို့ မနက်အိပ်ရာနိုးတာနဲ့ ဒီလေ့ကျင့်ခန်းလေးတွေလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁)

brightside

ပုံမှာပြထားတဲ့အတိုင်း လက်တစ်ဖက်က ဗိုက်ပေါ်တင်ထားပြီး လက်တစ်ဖက်ကဘေးဘက်မှာချထားပါ။ ခြေဖဝါးနှစ်ဖက်ကို ထိထားပြီး ဒူးကိုကွေးကာ အပေါ်ဘက်ဆွဲယူပေးပါ။ ပြီးရင် မျက်လုံးကိုမှိတ်ထားကာ အသက်ကိုဖြည်းဖြည်းချင်းရှူပါ။ တစ်မိနစ်ခန့်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

brightside

အိပ်ရာပေါ်လဲအိပ်နေရက်အနေအထားကနေ ဒူးနှစ်ဖက်ကိုရင်ဘတ်မှာကပ်ကာ ခြေဖဝါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ဆွဲကိုင်ထားပါ။ အဲ့ဒီအနေအထားအတိုင်း အသက်ဖြည်းဖြည်းချင်းရှူပေးပါ။ တစ်မိနစ်ခန့်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

brightside

အိပ်ရာပေါ်မှာလဲနေတဲ့အနေအထားကနေ ခြေထောက်နှစ်ဖက်ကိုစုကပ်လိုက်ပြီး လက်နှစ်ဖက်ကိုလည်း ခန္ဓာကိုယ်ဘေးမှာကပ်ထားကာ မျက်လုံးကိုမှိတ်ထားလိုက်ပါ။ စိတ်ကိုဖြေလျော့ထားပြီး အသက်ရှူသွင်း၊ ရှူထုတ်တာကို ဖြည်းဖြည်းချင်းလုပ်ပေးပါ။ နှစ်မိနစ်၊ သုံးမိနစ်လောက်လုပ်ပေးပါ။ ဒီလိုလုပ်တာက ခန္ဓာကိုယ်တစ်ခုလုံးက အကြောတွေကိုပြေလျော့စေပြီး စိတ်ကိုရှင်းစေပါတယ်။

written by PP