ကိုယ်လုပ်တဲ့အလုပ်တွေမှန်သမျှ စေတနာကောင်းကောင်းနဲ့ လုပ်ဖို့ လိုအပ်တယ်။

မှန်ကန်တဲ့စိတ်နေသဘောထားတွေ၊မှန်ကန်တဲ့စေတနာတွေ ရှိရမယ်။

လူမှာ Intention လို့ခေါ်တဲ့ ရည်ရွယ်ချက်ကောင်းဖို့ အင်မတန်မှ အရေးကြီးတယ်။

ကုသိုလ်ကောင်းမှုလုပ်ရင် ရည်ရွယ်ချက်ကောင်းရတယ်။

ကောင်းတဲ့ရည်ရွယ်ချက်သည် စေတနာကောင်း၊.စေတနာကောင်းရင် ကံကောင်းမယ်။

ကံကောင်းလို့ရှိရင် အကျိုးပေးကောင်းတယ်။

ကုသိုလ်ကောင်းမှုဆိုတာ တစ်ကြိမ်တစ်ခါလုပ်လိုက်တာကစပြီး ကုသိုလ်အဆက်ဆက်ကြောင့် နောက်ဆုံး နိဗ္ဗာန်ရသည့်တိုင်အောင်အကျိုးတရားဆိုတာ ဖြစ်ပေါ်လာနိုင်တယ်။

ရှေးတုန်းက ပုဂ္ဂိုလ်တစ်ယောက် ဘုရားတစ်ဆူနဲ့ ကြုံတဲ့အခါမှာ ပန်းကလေးတစ်ပွင့် လှူတယ်။

မိမိလှူလိူက်တဲ့ ဒီကုသိုလ်ကောင်းမှုအပေါ်မှာ အလွန်ကို ပီတိဖြစ်တယ်။

ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့ကုသိုလ်စိတ်တွေတိုးပွားပြီး သေသွားတယ်။

နောက်ဘဝတစ်ခု ရောက်တဲ့အခါမှာလည်း ကုသိုလ်တွေဆက်ဆက် လုပ်တယ်။

ပန်းတစ်ပွင့် လှူရတဲ့ ကုသိုလ်ကို အခြေပြုပြီးတော့ ( ၉၁) ကမ္ဘာ အပါယ်ဘုံ မရောက်ခဲ့ဘူး။

တိရိစ္ဆာန်ဘဝ မရောက်ခဲ့ဘူး။ ပြိတ္တာဘဝမရောက်ခဲ့ဘူး။ ငရဲဆိုတာ မရောက်ခဲ့ဘူး။

လူ့ပြည်ရောက်လိုက်၊ နတ်ပြည်ရောက်လိုက်ဒီကုသိုလ်ကံက စောင့်ရှောက်ထားတယ်။

ဘယ်သူကမှ စောင့်ရှောက်တာ မဟုတ်ဘူး။

ကူသိုလ်ကံကို ဓမ္မ လို့ ခေါ်တယ်။

ဓမ္မဆိုတာ” အတ္တာနံ ဓာရေန္တေ ပဋိပဇ္ဇမာနေ စတူသုအပါယေသု အပတမာနေ ကတွာ ဓာရေတီတိ ဓမ္မော ” ဒီကုသိုလ်ဆိုတဲ့ သဘာဝတရားသည် အဲဒီ မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို အပါယ်ဘုံမရောက်အောင် သူက ဆွဲဆောင်ထားနိုင်တယ်။ စောင့်ရှောက်ထားနိုင်တယ်။

အင်မတန်မှ အားကိုးစရာ ကောင်းတယ်။

ပန်းတစ်ပွင့် လှူတဲ့ ကုသိုလ်ကို အခြေပြုပြီး( ၉၁) ကမ္ဘာ အပါယ်မလားတဲ့ အပြင် နောက်ဆုံးအချိန်မှာ ဒီကုသိုလ်ကံကို အခြေပြုပြီးမြတ်ဘုရားနဲ့တွေ့လို့ တရားဓမ္မနာကြားပြီးနိဗ္ဗာန်မျက်မှောက်ပြုနိုင်တဲ့ ရဟန္တာပုဂ္ဂိုလ်ထိအောင် ဖြစ်သွားတယ်။

လောကလူတွေက ချမ်းသာချင်ကြတယ်။

သို့သော် အကုသိုလ်တွေ ရင်ထဲများလာပြီဆိုရင်တော့ ဆင်းရဲမှာပဲ သေချာတယ်။

ကုသိုလ်တွေ ရင်ထဲနှလုံးထဲမှာ များလာပြီဆိုမှ ချမ်းသာမှာ ဖြစ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်နဲ့အညီ စေတနာမှန်မှန် စေတနာထက်ထက်သန်သန် ပြုလုပ်ခြင်းအားဖြင့်ကံကောင်းမှာ ဖြစ်တယ်။

ကံကောင်းလို့ရှိရင်လည်း အကျိုးပေးကောင်းမှာ ဖြစ်တယ်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ကိုယ္လုပ္တဲ့အလုပ္ေတြမွန္သမၽွ ေစတနာေကာင္းေကာင္းနဲ႔ လုပ္ဖို့ လိုအပ္တယ္။

မွန္ကန္တဲ့စိတ္ေနသေဘာထားေတြ၊မွန္ကန္တဲ့​ေစတနာေတြ ရွိရမယ္။

လူမွာ Intention လို့ေခၚတဲ့ ရည္ရြယ္ခ်က္ေကာင္းဖို့ အင္မတန္မွ အေရးႀကီးတယ္။

ကုသိုလ္ေကာင္းမွုလုပ္ရင္ ရည္ရြယ္ခ်က္ေကာင္းရတယ္။

ေကာင္းတဲ့ရည္ရြယ္ခ်က္သည္ ေစတနာေကာင္း၊.ေစတနာေကာင္းရင္ ကံေကာင္းမယ္။

ကံေကာင္းလို့ရွိရင္ အက်ိဳးေပးေကာင္းတယ္။

ကုသိုလ္ေကာင္းမွုဆိုတာ တစ္ႀကိမ္တစ္ခါလုပ္လိုက္တာကစၿပီး ကုသိုလ္အဆက္ဆက္ေၾကာင့္ ေနာက္ဆုံး နိဗၺာန္ရသည့္တိုင္ေအာင္အက်ိဳးတရားဆိုတာ ျဖစ္ေပၚလာနိုင္တယ္။

ေရွးတုန္းက ပုဂၢိဳလ္တစ္ေယာက္ ဘုရားတစ္ဆူနဲ႔ ၾကဳံတဲ့အခါမွာ ပန္းကေလးတစ္ပြင့္ လွူတယ္။

မိမိလွူလိူက္တဲ့ ဒီကုသိုလ္ေကာင္းမွုအေပၚမွာ အလြန္ကို ပီတိျဖစ္တယ္။

ဝမ္းေျမာက္ဝမ္းသာ ျဖစ္ရတဲ့ကုသိုလ္စိတ္ေတြတိုးပြားၿပီး ေသသြားတယ္။

ေနာက္ဘဝတစ္ခု ေရာက္တဲ့အခါမွာလည္း ကုသိုလ္ေတြဆက္ဆက္ လုပ္တယ္။

ပန္းတစ္ပြင့္ လွူရတဲ့ ကုသိုလ္ကို အေျချပဳၿပီးေတာ့ ( ၉၁) ကမၻာ အပါယ္ဘုံ မေရာက္ခဲ့ဘူး။

တိရိစၧာန္ဘဝ မေရာက္ခဲ့ဘူး။ ၿပိတၱာဘဝမေရာက္ခဲ့ဘူး။ ငရဲဆိုတာ မေရာက္ခဲ့ဘူး။

လူ႔ျပည္ေရာက္လိုက္၊ နတ္ျပည္ေရာက္လိုက္ဒီကုသိုလ္ကံက ေစာင့္ေရွာက္ထားတယ္။

ဘယ္သူကမွ ေစာင့္ေရွာက္တာ မဟုတ္ဘူး။

ကူသိုလ္ကံကို ဓမၼ လို့ ေခၚတယ္။

ဓမၼဆိုတာ” အတၱာနံ ဓာေရေႏၲ ပဋိပဇၨမာေန စတူသုအပါေယသု အပတမာေန ကတြာ ဓာေရတီတိ ဓေမၼာ ” ဒီကုသိုလ္ဆိုတဲ့ သဘာဝတရားသည္ အဲဒီ မိမိျဖစ္ရာ ပုဂၢိဳလ္ကို အပါယ္ဘုံမေရာက္ေအာင္ သူက ဆြဲေဆာင္ထားနိုင္တယ္။ ေစာင့္ေရွာက္ထားနိုင္တယ္။

အင္မတန္မွ အားကိုးစရာ ေကာင္းတယ္။

ပန္းတစ္ပြင့္ လွူတဲ့ ကုသိုလ္ကို အေျချပဳၿပီး( ၉၁) ကမၻာ အပါယ္မလားတဲ့ အျပင္ ေနာက္ဆုံးအခ်ိန္မွာ ဒီကုသိုလ္ကံကို အေျချပဳၿပီးျမတ္ဘုရားနဲ႔ေတြ႕လို့ တရားဓမၼနာၾကားၿပီးနိဗၺာန္မ်က္ေမွာက္ျပဳနိုင္တဲ့ ရဟႏၲာပုဂၢိဳလ္ထိေအာင္ ျဖစ္သြားတယ္။

ေလာကလူေတြက ခ်မ္းသာခ်င္ၾကတယ္။

သို့ေသာ္ အကုသိုလ္ေတြ ရင္ထဲမ်ားလာၿပီဆိုရင္ေတာ့ ဆင္းရဲမွာပဲ ေသခ်ာတယ္။

ကုသိုလ္ေတြ ရင္ထဲႏွလုံးထဲမွာ မ်ားလာၿပီဆိုမွ ခ်မ္းသာမွာ ျဖစ္တယ္။

ဒါေၾကာင့္မို့ ျမတ္စြာဘုရားရဲ့ အဆုံးအမတရားေတာ္နဲ႔အညီ ေစတနာမွန္မွန္ ေစတနာထက္ထက္သန္သန္ ျပဳလုပ္ျခင္းအားျဖင့္ကံေကာင္းမွာ ျဖစ္တယ္။

ကံေကာင္းလို့ရွိရင္လည္း အက်ိဳးေပးေကာင္းမွာ ျဖစ္တယ္။

ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ