ဘယ်လောက်ပဲချစ်ချစ် အချိန်တန်ရင် ပြတ်မှာပဲဆိုတဲ့ အကြည့်တွေကြားမှာ တွဲထားတဲ့ လက်တွေလဲ မြဲပါစေ

ဘယ်လောက်ချစ်ချစ် အချိန်တန်ရင် ပြတ်မှာပဲ တဲ့ အဲ့တာ သစ္စာတရားဆိုတာ ဘာမှန်းမသိတဲ့လူတွေပြောတဲ့ စကားတွေပါ နားလည်မှုတွေ ရောထားတဲ့ အချစ်တစ်ခုကို သူတို့တွေ ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြ မဆုံခဲ့ကြဖူးဘူး ပေးဆပ်ခြင်းဆိုတဲ့ ဘာသာစကားကို သူတို့တွေ ဆက်ပြီး မလေ့လာလဲ့ကြဘူး ။

အချစ် . . . အေးမြခြင်း အေးချမ်းခြင်းဆိုတဲ့ သဘောကို ဆောင်ပါတယ် ။

သဘောထားမတိုက်ဆိုင်လို့ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေကို ကြည့်ရင် သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပဲ ချစ်တတ်ခဲ့ကြတာ နားလည်မှုတွေ ယုံကြည်မှုတွေထားဖို့သတိမရကြဘူး ။

အဲ့ဒီအစား မာနတွေထားခဲ့ကြတဲ့အခါ လမ်းခွဲပြတ်စဲခြင်းဆိုတဲ့ လမ်းဆုံးမှာပဲ အဆုံးသတ်ကြတာများတယ် ။

အမိတစ်ဝမ်းတည်းက ထွက်တဲ့လူတွေတောင် တစ်ယောက်နဲ့ တစ်ယောက် မတူကြတာလေ ။

သူစိမ်းနှစ်ယောက် လက်တွဲလျှောက်တဲ့အခါ အနဲနဲ့အများတော့ သဘောထား ကွဲလွဲကြတာပါပဲ ။

အချစ်တစ်ခုနဲ့ လက်တွေ တွဲထားလို့ ရတယ် ဒါပေမယ့် လက်တွဲတွေမြဲဖို့ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ဘူး ။

သဘောထားကွဲလွဲမှုတွေ ရှိတဲ့အခါ နားလည်မှုဆိုတာနဲ့ ချိန်ညှိပေးရတယ်

တစ်ဖက်က တင်းတဲ့အခါ တစ်ဖက်က အထိုက်အလျောက်လေး အလျှော့ပေးတတ်ရတယ် ။

ကိုယ့်ဘက်သူ့ဘက်ပေါ့ တစ်ဖက်ချည်းပဲ လျှော့ပေးနေရရင်လဲ လက်တွဲတွေ ပျက်မသွားတောင် စိတ်တွေ ပျက်သွားနိုင်တယ်လေ ။

အဝေးရောက်ရင် သွေးအေးတယ်ဆိုတဲ့စကားတွေ နဲ့ ကိုယ့်ကိုယ်လဲ မနှိပ်စက်နဲ့ တစ်ဖက်ကိုလဲ သံသယတွေ မထားနဲ့ ယုံကြည်မှုဆိုတာ အလကားမဟုတ်ဘူး ယုံကြည်မှုလေး ထားပေးလိုက်ပါ ယုံကြည်မှုနဲ့ မထိုက်တန်လို့ ပြတ်သွားတဲ့ ဆက်ဆံရေးဟာ အချစ်မဟုတ်ဘူး ဝဋ်ကြွေးတစ်ခုကျေသွားတယ်လို့ မှတ်လို့ရတယ် ။

သူဆိုတာ ကိုယ်မဟုတ်ဘူးဆိုတဲ့ အတွေးလေးလဲ ထည့်ထား အရာရာတိုင်းကို ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဖြစ်လာနိုင်တာမျိုးမဟုတ်ဘူး ဖိအားတွေအရမ်းပေးတဲ့အခါ ကိုယ်နဲ့ ဝေးရာကို တွန်းကန်ပစ်လိုက်သလိုမျိုး ဖြစ်သွားတတ်တယ် ချစ်တတ်ဖို့ လိုပါတယ်

ဘယ်လောက်ထိချစ်လဲဆိုတာ အချိန်ဘယ်လောက်ကြာပြီဆိုတဲ့ အရာတွေနဲ့တိုင်းတာလို့ မရဘူး အဓိက ကိုယ်ဟာသူ့အတွက်သူဟာကိုယ့်ဘဝအတွက် ဘယ်အတိုင်းအတာအထိ အရေးပါသလဲဆိုတာနဲ့ပဲ တိုင်းတာလို့ရပါတယ် ။

ဘယ်လောက်ပဲချစ်ချစ် အချိန်တန်ရင် ပြတ်မှာပဲဆိုတဲ့ အကြည့်တွေကြားမှာ တွဲထားတဲ့ လက်တွေလဲ မြဲပါစေ မြဲအောင်တွဲထားတဲ့လက်တွေနဲ့လဲ ပေါင်းဖက်နိုင်ပါစေ အချိန်ရင် ပြတ်မှာပဲဆိုတဲ့လူတွေကို သေတဲ့အထိတောင် မပြတ်ဘူးဆိုတဲ့အကြောင်း သက်သေပြနိုင်ကြပါစေ ။

PStar

ဘယ္ေလာက္ခ်စ္ခ်စ္ အခ်ိန္တန္ရင္ ျပတ္မွာပဲ တဲ့ အဲ့တာ သစၥာတရားဆိုတာ ဘာမွန္းမသိတဲ့လူေတြေျပာတဲ့ စကားေတြပါ နားလည္မႈေတြ ေရာထားတဲ့ အခ်စ္တစ္ခုကို သူတို႔ေတြ ကိုယ္တိုင္ကိုယ္က် မေတြ႕ၾက မဆုံခဲ့ၾကဖူးဘူး ေပးဆပ္ျခင္းဆိုတဲ့ ဘာသာစကားကို သူတို႔ေတြ ဆက္ၿပီး မေလ့လာလဲ့ၾကဘူး ။

အခ်စ္ . . . ေအးျမျခင္း ေအးခ်မ္းျခင္းဆိုတဲ့ သေဘာကို ေဆာင္ပါတယ္ ။

သေဘာထားမတိုက္ဆိုင္လို႔ဆိုတဲ့ ေခါင္းစဥ္ေတြေအာက္မွာ ျပတ္ေတာက္သြားတဲ့ ဆက္ဆံေရးေတြကို ၾကည့္ရင္ သူတို႔ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ပဲ ခ်စ္တတ္ခဲ့ၾကတာ နားလည္မႈေတြ ယုံၾကည္မႈေတြထားဖို႔သတိမရၾကဘူး ။

အဲ့ဒီအစား မာနေတြထားခဲ့ၾကတဲ့အခါ လမ္းခြဲျပတ္စဲျခင္းဆိုတဲ့ လမ္းဆုံးမွာပဲ အဆုံးသတ္ၾကတာမ်ားတယ္ ။

အမိတစ္၀မ္းတည္းက ထြက္တဲ့လူေတြေတာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကတာေလ ။

သူစိမ္းႏွစ္ေယာက္ လက္တြဲေလွ်ာက္တဲ့အခါ အနဲနဲ႔အမ်ားေတာ့ သေဘာထား ကြဲလြဲၾကတာပါပဲ ။

အခ်စ္တစ္ခုနဲ႔ လက္ေတြ တြဲထားလို႔ ရတယ္ ဒါေပမယ့္ လက္တြဲေတြၿမဲဖို႔ အခ်စ္တစ္ခုတည္းနဲ႔ မလုံေလာက္ဘူး ။

သေဘာထားကြဲလြဲမႈေတြ ရွိတဲ့အခါ နားလည္မႈဆိုတာနဲ႔ ခ်ိန္ညႇိေပးရတယ္

တစ္ဖက္က တင္းတဲ့အခါ တစ္ဖက္က အထိုက္အေလ်ာက္ေလး အေလွ်ာ့ေပးတတ္ရတယ္ ။

ကိုယ့္ဘက္သူ႔ဘက္ေပါ့ တစ္ဖက္ခ်ည္းပဲ ေလွ်ာ့ေပးေနရရင္လဲ လက္တြဲေတြ ပ်က္မသြားေတာင္ စိတ္ေတြ ပ်က္သြားႏိုင္တယ္ေလ ။

အေဝးေရာက္ရင္ ေသြးေအးတယ္ဆိုတဲ့စကားေတြ နဲ႔ ကိုယ့္ကိုယ္လဲ မႏွိပ္စက္နဲ႔ တစ္ဖက္ကိုလဲ သံသယေတြ မထားနဲ႔ ယုံၾကည္မႈဆိုတာ အလကားမဟုတ္ဘူး ယုံၾကည္မႈေလး ထားေပးလိုက္ပါ ယုံၾကည္မႈနဲ႔ မထိုက္တန္လို႔ ျပတ္သြားတဲ့ ဆက္ဆံေရးဟာ အခ်စ္မဟုတ္ဘူး ၀ဋ္ေႂကြးတစ္ခုေက်သြားတယ္လို႔ မွတ္လို႔ရတယ္ ။

သူဆိုတာ ကိုယ္မဟုတ္ဘူးဆိုတဲ့ အေတြးေလးလဲ ထည့္ထား အရာရာတိုင္းကို ျဖစ္ေစခ်င္တဲ့ ဆႏၵတစ္ခုတည္းနဲ႔ ျဖစ္လာႏိုင္တာမ်ိဳးမဟုတ္ဘူး ဖိအားေတြအရမ္းေပးတဲ့အခါ ကိုယ္နဲ႔ ေဝးရာကို တြန္းကန္ပစ္လိုက္သလိုမ်ိဳး ျဖစ္သြားတတ္တယ္ ခ်စ္တတ္ဖို႔ လိုပါတယ္

ဘယ္ေလာက္ထိခ်စ္လဲဆိုတာ အခ်ိန္ဘယ္ေလာက္ၾကာၿပီဆိုတဲ့ အရာေတြနဲ႔တိုင္းတာလို႔ မရဘူး အဓိက ကိုယ္ဟာသူ႔အတြက္သူဟာကိုယ့္ဘ၀အတြက္ ဘယ္အတိုင္းအတာအထိ အေရးပါသလဲဆိုတာနဲ႔ပဲ တိုင္းတာလို႔ရပါတယ္ ။

ဘယ္ေလာက္ပဲခ်စ္ခ်စ္ အခ်ိန္တန္ရင္ ျပတ္မွာပဲဆိုတဲ့ အၾကည့္ေတြၾကားမွာ တြဲထားတဲ့ လက္ေတြလဲ ၿမဲပါေစ ၿမဲေအာင္တြဲထားတဲ့လက္ေတြနဲ႔လဲ ေပါင္းဖက္ႏိုင္ပါေစ အခ်ိန္ရင္ ျပတ္မွာပဲဆိုတဲ့လူေတြကို ေသတဲ့အထိေတာင္ မျပတ္ဘူးဆိုတဲ့အေၾကာင္း သက္ေသျပႏိုင္ၾကပါေစ ။

PStar