ဆင်းရဲလို့လဲ အချိန် နည်းမသွားသလို ချမ်းသာလို့လဲ အချိန်ကိုတွေမရပါဘူး

ကိုယ်ပိုင်အချိန် . . . . တစ်ရက်မှာ လူတိုင်း ၂၄ နာရီဆိုတဲ့အချိန် အပိုင်းအခြားလေးတစ်ခုပဲ ပိုင်ရတာပါ ။

ဆင်းရဲလို့လဲ အချိန် နည်းမသွားသလို ချမ်းသာလို့လဲ အချိန်ကိုတွေမရပါဘူး ဒီ ၂၄ နာရီဆိုတဲ့ အချိန်အတွင်းမှာပဲ ပျော်ခြင်း ဝမ်းနည်းခြင်း ရုန်းကန်ခြင်းလှုပ်ရှားခြင်းတွေနဲ့ တစ်ရက်ကို ကုန်ကြတာချင်းအတူတူပါပဲ ။

ရုန်းကန်နေရတဲ့လူတွေအတွက် အချိန်ပိုဆိုတာ မရှိသလောက်ရှားပါတယ် အလုပ်သွား အလုပ်ပြန်နဲ့ အိမ်ရောက်တာ နဲ့ ခေါင်းချရမယ့်အချိန်တွေ ရောက်သွားတဲ့ လူတွေလဲ အများသားပဲ ရုန်းကန်နေရတာကိုက ဘဝလို့ မြည်တာပဲလေ ။ တချို့ က ကိုယ့်ဝါသနာမဟုတ်တဲ့အရာတွေကို ဝမ်းစာအတွက် လုပ်ကိုင်နေရတာတွေလဲ ရှိတယ် ။

အားမသန်လို့ မာန်လျှော့ခဲ့ရပါတယ်ဆိုတဲ့ စကားလုံးတွေ ကို ထားခဲ့လိုက်ပါ ။

ပြီးတော့ မဖြစ်နိုင်ပါဘူးဆိုတဲ့ အရာတွေ ငါ မပျော်ဘူးဆိုတဲ့အတွေးတွေ အိမ်ရှေ့က အမှိုက်ပုံးလေးထဲဖြစ်ဖြစ် အပြီးတိုင် လွင့်ပစ်လိုက်တော့ ။

တစ်ရက်မှာ လူတစ်ယောက်အတွက် ကိုယ်ပိုင်အချိန်လေး တစ်ချိန် ရှိနေဖို့ လိုအပ်တယ်

အဲ့ဒီကိုယ်ပိုင်အချိန်လေးမှာ စိတ်ညစ်စရာတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့လူတွေအတွက် ပျော်စရာ တစ်ခုခုကိုရှာပါ ။

အရမ်းကို မွန်းကျပ်လွန်းပါတယ်ဆိုတဲ့ လူတွေက မှီခိုရာ တစ်ခုခုကို ရှာပါ ။ ဝါသနာကို အစရှာ မရတဲ့လူတွေအတွက် ဝါသနာတစ်ခုကို အစပြုပါ ။

ဘ၀ . . . အလုံပိတ်ထားတဲ့ အရာကြီးမဟုတ်ဘူး ကိုယ့်သွားချင်တဲ့လမ်းကို ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး လျှောက်ရမယ့်လမ်းတွေ အများကြီးရှိတယ် ။

ကိုယ်မလျှောက်ချင်တဲ့လမ်းကို ရွေးချယ်စရာမရှိပဲ လျှောက်ခဲ့ရတဲ့လမ်းတွေလဲ အများကြီးပဲလေ ။

အမြင့်ကိုတက်ဖို့ လှေကားထောင်ပေးမယ့်လူ မရှိတဲ့အခါ အမြင့်ကို ရောက်ဖို့ ကိုယ်ကိုယ်တိုင် တစ်ဆင့်ချင်းတက်ရမှာပဲလေ ။

ကိုယ်ပိုင်အချိန် တစ်ခုလေးကို သတ်သတ်မှတ်မှတ်လေးထားပါ ။

လူဆိုတာ စက်ရုပ်မှ မဟုတ်ပဲ စက်ရုပ်တစ်ရုပ်ဆိုရင်တောင် အားသွင်းရတဲ့အချိန်ဆိုတာ ရှိသေးတယ်လေ လူဆိုတာလဲ ကိုယ့်ဘ၀ ကိုယ့်လမ်းကို ဆက်လျှောက်ဖို့ ကိုယ့်ကိုကိုယ် အားပေးရတဲ့အချိန်တွေလဲ လိုတယ် ။

ပင်ပန်းနေတဲ့အခါ အေးအေးသက်သာ အနားယူရတဲ့အချိန်လေးပေါ့ ။

တစ်နေ့တာလုံးရဲ့ ပင်ပန်းသမျှ ကိုယ့်စိတ်ကိုယ့်ကိုယ် မပိုင်ခဲ့သမျှ ကိုယ်ပိုင်အချိန်ဆိုတာ အများကြီးလိုအပ်တယ် တစ်ရက်မှာ မဖြစ်မနေ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားနိုင်မယ့် ကိုယ်ပိုင်အချိန်လေးထားပါ ဘာအတွက်ကြောင့်မှ အပျက်စီးမခံနဲ့ စိတ်ဓာတ်တွေကျနေတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ အားပြန်တင်းပါ

ဝမ်းနည်းနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ ပျော်အောင်ထားပါ လူတိုင်း ကိုယ်ပိုင်အချိန်လေး ပိုင်ကြပါစေ ။

PStar

ကိုယ္ပိုင္အခ်ိန္ . . . . တစ္ရက္မွာ လူတိုင္း ၂၄ နာရီဆိုတဲ့အခ်ိန္ အပိုင္းအျခားေလးတစ္ခုပဲ ပိုင္ရတာပါ ။

ဆင္းရဲလို႔လဲ အခ်ိန္ နည္းမသြားသလို ခ်မ္းသာလို႔လဲ အခ်ိန္ကိုေတြမရပါဘူး ဒီ ၂၄ နာရီဆိုတဲ့ အခ်ိန္အတြင္းမွာပဲ ေပ်ာ္ျခင္း ၀မ္းနည္းျခင္း ႐ုန္းကန္ျခင္းလႈပ္ရွားျခင္းေတြနဲ႔ တစ္ရက္ကို ကုန္ၾကတာခ်င္းအတူတူပါပဲ ။

႐ုန္းကန္ေနရတဲ့လူေတြအတြက္ အခ်ိန္ပိုဆိုတာ မရွိသေလာက္ရွားပါတယ္ အလုပ္သြား အလုပ္ျပန္နဲ႔ အိမ္ေရာက္တာ နဲ႔ ေခါင္းခ်ရမယ့္အခ်ိန္ေတြ ေရာက္သြားတဲ့ လူေတြလဲ အမ်ားသားပဲ ႐ုန္းကန္ေနရတာကိုက ဘ၀လို႔ ျမည္တာပဲေလ ။ တခ်ိဳ႕ က ကိုယ့္ဝါသနာမဟုတ္တဲ့အရာေတြကို ၀မ္းစာအတြက္ လုပ္ကိုင္ေနရတာေတြလဲ ရွိတယ္ ။

အားမသန္လို႔ မာန္ေလွ်ာ့ခဲ့ရပါတယ္ဆိုတဲ့ စကားလုံးေတြ ကို ထားခဲ့လိုက္ပါ ။

ၿပီးေတာ့ မျဖစ္ႏိုင္ပါဘူးဆိုတဲ့ အရာေတြ ငါ မေပ်ာ္ဘူးဆိုတဲ့အေတြးေတြ အိမ္ေရွ႕က အမႈိက္ပုံးေလးထဲျဖစ္ျဖစ္ အၿပီးတိုင္ လြင့္ပစ္လိုက္ေတာ့ ။

တစ္ရက္မွာ လူတစ္ေယာက္အတြက္ ကိုယ္ပိုင္အခ်ိန္ေလး တစ္ခ်ိန္ ရွိေနဖို႔ လိုအပ္တယ္

အဲ့ဒီကိုယ္ပိုင္အခ်ိန္ေလးမွာ စိတ္ညစ္စရာေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့လူေတြအတြက္ ေပ်ာ္စရာ တစ္ခုခုကိုရွာပါ ။

အရမ္းကို မြန္းက်ပ္လြန္းပါတယ္ဆိုတဲ့ လူေတြက မွီခိုရာ တစ္ခုခုကို ရွာပါ ။ ဝါသနာကို အစရွာ မရတဲ့လူေတြအတြက္ ဝါသနာတစ္ခုကို အစျပဳပါ ။

ဘ၀ . . . အလုံပိတ္ထားတဲ့ အရာႀကီးမဟုတ္ဘူး ကိုယ့္သြားခ်င္တဲ့လမ္းကို ကိုယ္ကိုယ္တိုင္ ေ႐ြးခ်ယ္ၿပီး ေလွ်ာက္ရမယ့္လမ္းေတြ အမ်ားႀကီးရွိတယ္ ။

ကိုယ္မေလွ်ာက္ခ်င္တဲ့လမ္းကို ေ႐ြးခ်ယ္စရာမရွိပဲ ေလွ်ာက္ခဲ့ရတဲ့လမ္းေတြလဲ အမ်ားႀကီးပဲေလ ။

အျမင့္ကိုတက္ဖို႔ ေလွကားေထာင္ေပးမယ့္လူ မရွိတဲ့အခါ အျမင့္ကို ေရာက္ဖို႔ ကိုယ္ကိုယ္တိုင္ တစ္ဆင့္ခ်င္းတက္ရမွာပဲေလ ။

ကိုယ္ပိုင္အခ်ိန္ တစ္ခုေလးကို သတ္သတ္မွတ္မွတ္ေလးထားပါ ။

လူဆိုတာ စက္႐ုပ္မွ မဟုတ္ပဲ စက္႐ုပ္တစ္႐ုပ္ဆိုရင္ေတာင္ အားသြင္းရတဲ့အခ်ိန္ဆိုတာ ရွိေသးတယ္ေလ လူဆိုတာလဲ ကိုယ့္ဘ၀ ကိုယ့္လမ္းကို ဆက္ေလွ်ာက္ဖို႔ ကိုယ့္ကိုကိုယ္ အားေပးရတဲ့အခ်ိန္ေတြလဲ လိုတယ္ ။

ပင္ပန္းေနတဲ့အခါ ေအးေအးသက္သာ အနားယူရတဲ့အခ်ိန္ေလးေပါ့ ။

တစ္ေန႔တာလုံးရဲ႕ ပင္ပန္းသမွ် ကိုယ့္စိတ္ကိုယ့္ကိုယ္ မပိုင္ခဲ့သမွ် ကိုယ္ပိုင္အခ်ိန္ဆိုတာ အမ်ားႀကီးလိုအပ္တယ္ တစ္ရက္မွာ မျဖစ္မေန ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ထားႏိုင္မယ့္ ကိုယ္ပိုင္အခ်ိန္ေလးထားပါ ဘာအတြက္ေၾကာင့္မွ အပ်က္စီးမခံနဲ႔ စိတ္ဓာတ္ေတြက်ေနတဲ့အခါ ကိုယ္ကိုယ္တိုင္ပဲ အားျပန္တင္းပါ

၀မ္းနည္းေနတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ပဲ ေပ်ာ္ေအာင္ထားပါ လူတိုင္း ကိုယ္ပိုင္အခ်ိန္ေလး ပိုင္ၾကပါေစ ။

PStar