ကျွန်မ . . . တဖြေးဖြေးနဲ့ ဒဏ်ရာကင်းအောင် တည်တည်တံ့တံ့လေး နေထိုင်တတ်လာရုံပါ ။

ကျွန်မ မာနကြီးတာ မဟုတ်ဘူး တည်တည်တံ့တံ့ နေထိုင်နေတာပါ ကိုယ့်ကို မလိုအပ်မှန်းသိတဲ့ အရပ်တွေကို ဘယ်လောက်ထိပဲ သွားချင်သွားချင် မသွားဖြစ်တော့ဘူး ။

ကိုယ့်ကိုယ် မလိုအပ်ဘူးဆိုတဲ့လက်တွေ ဘယ်လောက်ပဲ လိုလိုချင်လိုချင် အောက်ကျနောက်ကျခံပြီး မဆွဲထားဖြစ်တော့ဘူး ။

ကျွန်မ အတိတ်တွေကို တွေးပြီး မရှက်ချင်တော့ဘူးလေ နောင်တတွေလဲ မရှိချင်တော့ဘူး ဒါတွေကြောင့် တည်တည် တံ့တံ့လေး နေထိုင်နေတာပါ ။

မာနတွေ ချပြီး ပေါင်းကြသင်းကြတဲ့အခါ ကျွန်မကို သိပ်ပေါတယ်လို့ ထင်သွားကြတယ်လေ ။

သူ့နေရာ ကိုယ့်နေရာဆိုတာ နားလည်လာကြတော့ဘူး ရောလွန်းလို့ ခေါင်းပေါ်တက်ချင်လာခဲ့ကြတာ ဒီအတွက် ကိုယ့်ပုံစံနဲ့ကိုယ်ပဲ နေတယ် အပေါင်းအသင်းမရှိလဲ နေပါစေတော့ တစ်ယောက်တည်းနေမယ် အလိုလိုက်အကြိုက်ဆောင်ပြီးမှ ရလာမယ့် အပေါ်ယံ ခင်မင်မှုမျိုးတွေ ကျွန်မ မလိုချင်လာတော့ဘူး ။

ကိုယ့်ဘက်က ဘယ်လောက်ပဲ အောက်ကျို့ အောက်ကျို့ အနာကျင်ခံပြီး ဘယ်လောက် ဆွဲထား ဆွဲထား ထွက်သွားမယ့်လူက ထွက်သွားမှာပဲဆိုတာ ကျွန်မ တဖြေးဖြေး နားလည်သဘောပေါက်လာပါပြီ

မနေချင်လို့ လှည့်ထွက်ဖို့ ပြင်နေတဲ့လူတစ်ယောက်ကို သိက္ခာတွေ အကျခံပြီး ဆက်ဆွဲထားလို့လဲ လက်တွေက ပိုပြီး မြဲလာတယ်လို့ မရှိပါဘူး

ကိုယ့်အတွက် ပိုပြီး နာကျင်လာရတာတွေ ရှိလာတာမျိုးပါ အတိတ်ကို ပြန်တွေးတဲ့အခါတိုင်း ကျွန်မ မရှက်ချင်တော့ဘူး လမ်းခွဲပြီးသွားရင်တောင် ကျွန်မ သိက္ခာရှိရှိပဲ ကျန်ခဲ့ချင်တယ် မနေချင်တော့တဲ့အခါ ထွက်သွားပါ ရင်အကွဲခံလိုက်မယ် အပင်ပန်းခံပြီး ဆက်ပြီးဆွဲထားမနေတော့ဘူး ။

အားနာပါးနာ နဲ့ ကြိုဆိုတဲ့အရပ်တွေ အားနာပါးနာနဲ့ ခေါ်တဲ့ အရပ်တွေကို အလိုက်ကန်းဆိုးမသိ ကျွန်မ မသွားတော့ဘူး ကိုယ့်ကို တကယ်လိုအပ်ပါတယ်ဆိုတဲ့ အရပ်တွေနဲ့ တမ်းတမ်းတတ မျှော်နေတဲ့ အရပ်တွေကိုပဲ ကျွန်မ ခြေဦးလှည့်ဖြစ်တော့တယ် မပြုံးချင်ပဲ ပြုံးနေတဲ့ အပြုံးတွေက အမောပိုပြီး စို့စေတာလေ ။

ကျွန်မ . . . မာနကြီးလာတာ မဟုတ်ဘူး တည်တည်တံ့တံ့လေး နေထိုင်တတ်လာတာပါ အခြေအနေတွေ အကျိုးအကြောင်းတွေ တဖြေးဖြေး ဆက်စပ်ပြီးတွေးတတ်လာရုံလေးပါ ။ အများကြီး မျှော်လင့်မထားတော့ဘူး ငပေါအဖြစ်မခံနိုင်လို့ သိပ်ပြီးမရောတော့ဘူး မကြိုဆိုပဲ သွားတတ်တဲ့ ခြေလှမ်းတွေကို တဖြေးဖြေး ထိန်းချုပ်တတ်တာလာပါ ။

ကျွန်မ . . . တဖြေးဖြေးနဲ့ ဒဏ်ရာကင်းအောင် တည်တည်တံ့တံ့လေး နေထိုင်တတ်လာရုံပါ ။

Zuu

ကြၽန္မ မာနႀကီးတာ မဟုတ္ဘူး တည္တည္တံ့တံ့ ေနထိုင္ေနတာပါ ကိုယ့္ကို မလိုအပ္မွန္းသိတဲ့ အရပ္ေတြကို ဘယ္ေလာက္ထိပဲ သြားခ်င္သြားခ်င္ မသြားျဖစ္ေတာ့ဘူး ။

ကိုယ့္ကိုယ္ မလိုအပ္ဘူးဆိုတဲ့လက္ေတြ ဘယ္ေလာက္ပဲ လိုလိုခ်င္လိုခ်င္ ေအာက္က်ေနာက္က်ခံၿပီး မဆြဲထားျဖစ္ေတာ့ဘူး ။

ကြၽန္မ အတိတ္ေတြကို ေတြးၿပီး မရွက္ခ်င္ေတာ့ဘူးေလ ေနာင္တေတြလဲ မရွိခ်င္ေတာ့ဘူး ဒါေတြေၾကာင့္ တည္တည္ တံ့တံ့ေလး ေနထိုင္ေနတာပါ ။

မာနေတြ ခ်ၿပီး ေပါင္းၾကသင္းၾကတဲ့အခါ ကြၽန္မကို သိပ္ေပါတယ္လို႔ ထင္သြားၾကတယ္ေလ ။

သူ႔ေနရာ ကိုယ့္ေနရာဆိုတာ နားလည္လာၾကေတာ့ဘူး ေရာလြန္းလို႔ ေခါင္းေပၚတက္ခ်င္လာခဲ့ၾကတာ ဒီအတြက္ ကိုယ့္ပုံစံနဲ႔ကိုယ္ပဲ ေနတယ္ အေပါင္းအသင္းမရွိလဲ ေနပါေစေတာ့ တစ္ေယာက္တည္းေနမယ္ အလိုလိုက္အႀကိဳက္ေဆာင္ၿပီးမွ ရလာမယ့္ အေပၚယံ ခင္မင္မႈမ်ိဳးေတြ ကြၽန္မ မလိုခ်င္လာေတာ့ဘူး ။

ကိုယ့္ဘက္က ဘယ္ေလာက္ပဲ ေအာက္က်ိဳ႕ ေအာက္က်ိဳ႕ အနာက်င္ခံၿပီး ဘယ္ေလာက္ ဆြဲထား ဆြဲထား ထြက္သြားမယ့္လူက ထြက္သြားမွာပဲဆိုတာ ကြၽန္မ တေျဖးေျဖး နားလည္သေဘာေပါက္လာပါၿပီ

မေနခ်င္လို႔ လွည့္ထြက္ဖို႔ ျပင္ေနတဲ့လူတစ္ေယာက္ကို သိကၡာေတြ အက်ခံၿပီး ဆက္ဆြဲထားလို႔လဲ လက္ေတြက ပိုၿပီး ၿမဲလာတယ္လို႔ မရွိပါဘူး

ကိုယ့္အတြက္ ပိုၿပီး နာက်င္လာရတာေတြ ရွိလာတာမ်ိဳးပါ အတိတ္ကို ျပန္ေတြးတဲ့အခါတိုင္း ကြၽန္မ မရွက္ခ်င္ေတာ့ဘူး လမ္းခြဲၿပီးသြားရင္ေတာင္ ကြၽန္မ သိကၡာရွိရွိပဲ က်န္ခဲ့ခ်င္တယ္ မေနခ်င္ေတာ့တဲ့အခါ ထြက္သြားပါ ရင္အကြဲခံလိုက္မယ္ အပင္ပန္းခံၿပီး ဆက္ၿပီးဆြဲထားမေနေတာ့ဘူး ။

အားနာပါးနာ နဲ႔ ႀကိဳဆိုတဲ့အရပ္ေတြ အားနာပါးနာနဲ႔ ေခၚတဲ့ အရပ္ေတြကို အလိုက္ကန္းဆိုးမသိ ကြၽန္မ မသြားေတာ့ဘူး ကိုယ့္ကို တကယ္လိုအပ္ပါတယ္ဆိုတဲ့ အရပ္ေတြနဲ႔ တမ္းတမ္းတတ ေမွ်ာ္ေနတဲ့ အရပ္ေတြကိုပဲ ကြၽန္မ ေျခဦးလွည့္ျဖစ္ေတာ့တယ္ မၿပဳံးခ်င္ပဲ ၿပဳံးေနတဲ့ အၿပဳံးေတြက အေမာပိုၿပီး စို႔ေစတာေလ ။

ကြၽန္မ . . . မာနႀကီးလာတာ မဟုတ္ဘူး တည္တည္တံ့တံ့ေလး ေနထိုင္တတ္လာတာပါ အေျခအေနေတြ အက်ိဳး​အေၾကာင္းေတြ တေျဖးေျဖး ဆက္စပ္ၿပီးေတြးတတ္လာ႐ုံေလးပါ ။ အမ်ားႀကီး ေမွ်ာ္လင့္မထားေတာ့ဘူး ငေပါအျဖစ္မခံႏိုင္လို႔ သိပ္ၿပီးမေရာေတာ့ဘူး မႀကိဳဆိုပဲ သြားတတ္တဲ့ ေျခလွမ္းေတြကို တေျဖးေျဖး ထိန္းခ်ဳပ္တတ္တာလာပါ ။

ကြၽန္မ . . . တေျဖးေျဖးနဲ႔ ဒဏ္ရာကင္းေအာင္ တည္တည္တံ့တံ့ေလး ေနထိုင္တတ္လာ႐ုံပါ ။

Zuu