လိမ်နေမှန်းသိသိရဲ့နဲ့ နားထောင်ပေးတတ်တဲ့ နားတစ်စုံ ကျွန်မမှာ ရှိတယ်

လိမ်နေမှန်းသိသိရဲ့နဲ့ နားထောင်ပေးတတ်တဲ့ နားတစ်စုံ ကျွန်မမှာ ရှိတယ် ။

ဒါပေမယ့် တခြားသူတွေလို အရသာခံပြီး နားထောင်ပေးတတ်မျိုးတော့ မဟုတ်ဘူးပေါ့ ။

အပင်ပန်းခံပြီး ကိုယ့်ကို မသိစေချင်လို့ လိမ့်နေတဲ့အရာကြီးကို ကိုယ်က သိပြီးသားကြီးလို့ ပိတ်ပြီးပြောလိုက်ရင် တစ်ဖက်က ရှက်သွားမှာ စိုးတဲ့စိတ်နဲ့ မပြောဖြစ်ခဲ့တာပါ ။

မသိဖာသာ နေတယ်ဆိုတာကလဲ တစ်ဖက်လူအပေါ်အားနာလို့ ။

မသိလို့ တုံးလို့အလို့ ခေါင်းငုံ့ခံနေတာလို့တော့ မတွေးစေချင်ဘူး သိတိုင်းလဲ မပြောနဲ့ မြင်တိုင်းလဲ မပြောနဲ့ တဲ့ အဲ့တာ ကိုယ့်အတွက် သူ့အတွက် ပိုပြီးအဆင်ပြေတယ်ဆိုတဲ့ စကားအတိုင်း ကျွန်မ နေထိုင်ကျင့်သုံးလာတာပါ ။

ကိုယ်သိသမျှ မြင်သမျှတိုင်းကိုသာ တစ်ဖက်လူအမှားတွေနဲ့ လိုက်ယှဉ်ပြီး ပြောနေရင် ငြင်းရ ခုံရတာနဲ့ အနားရှိသမျှ လူတွေအကုန်နဲ့ ရန်ဖြစ်နေရင်း အချိန်တွေ ကုန်သွားလိမ့်မယ် ။

ကိုယ်သိပြီးသားအရာတွေ လာပြောလို့လဲ မသိသလိုလေး နားထောင်ပေးတတ်တယ် ပြီးမှ ကိုယ့်ကိုယ်ကိုယ်သာ ဆင်ခြင်ပါတယ် ။

သူက အပေါ်ယံလေးပါလားလို့ သိတဲ့အခါ ကိုယ့်ဘက်ကအတတ်နိုင်ဆုံး ရေလိုက်ငါးလိုက်လေး ဆက်ဆံတယ် ရင်ဘတ်ကြီးနဲ့ ရင်းထားတာမျိုး အများကြီး မျှော်လင့်ထားတာမျိုးတွေ မလုပ်တော့ဘူး ။

မကောင်းလို့ မကောင်းဘူးဆိုတာမျိုးလဲ မလုပ်ပါဘူး မကောင်းလဲ ပေါင်းပါတယ် ။ ဒါပေမယ့် ကိုယ်ပေါင်း စိတ်ခွာတဲ့ နည်းနဲ့ပဲ ပေါင်းတယ် မဟုတ်ရင် အကုန် ရန်သူတွေချည်းဖြစ်နေတော့မှာပေါ့ ။

မိတ်ဆွေ ဆို မိတ်ဆွေ အဆင့်မှာထားတယ် သူငယ်ချင်းဆို သူငယ်ချင်းအဆင့်မှာထားတယ် မိတ်ကောင်းဆွေကောင်း နဲ့တွေတဲ့အခါ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြန်ကောင်းတယ် ။

မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ တွေ့တဲ့အခါ အတိတ်တွေအကြောင်းပြောတယ် ။

လူ . . . ကိုယ်နဲ့မတူတိုင်းသာ ရန်သူဖြစ်ရမယ်ဆိုရင် ပေါင်းရသင့်ရမယ့်လူဆိုတာ ရှိလာတော့မှာမဟုတ်ဘူးလေ ။

သိပြီးသားအရာကြီးကို ကိုယ့်ရှေ့လာလိမ့်လို့လဲ အငြင်းအခုန်တွေနဲ့ ပြဿနာအဖြစ်မခံတော့ဘူး ။

အော် အင်း အင်း ဆိုတဲ့စကားလုံးတွေနဲ့ မသိသလိုလေးပဲ နားထောင်ပေးဖြစ်လာတယ် ။

ငါသိပြီးသားကြီးလို့ တစ်ဖက်ကို ပိတ်ပြီးပြောလိုက်ရင် သူ အပင်ပန်းခံပြီး လိမ်ထားသမျှ အရာအားလုံး သဲထဲရေသွန်ဖြစ်သွားမှာလေ ။

ပြီးရင် ကိုယ့်အပေါ် ပိုပြီး အမှတ်အတေးထားလိမ့်မယ် ။ မိတ်ဆွေကောင်းတစ်ယောက် မဟုတ်ခဲ့ရင်တောင် ရန်သူတစ်ယောက်တိုးလာမယ့် လုပ်ရပ်မျိုး ကျွန်မ အတတ်နိုင်ဆုံးရှောင်ပါတယ် ။ ကျွန်မကို လိမ်ပါ လိမ်လို့ရတယ် ဒါပေမယ့် ကျွန်မဆိုတာမျိုးက ကိုယ်သိပြီးသားအရာတွေကို အပင်ပန်းခံပြီး လာလိမ်လဲ ငြိမ်ငြိမ်လေး နားထောင်တတ်တဲ့အမျိုးပါ ။

သျှင်ယွန်း

လိမ္ေနမွန္းသိသိရဲ႕နဲ႔ နားေထာင္ေပးတတ္တဲ့ နားတစ္စုံ ကြၽန္မမွာ ရွိတယ္ ။

ဒါေပမယ့္ တျခားသူေတြလို အရသာခံၿပီး နားေထာင္ေပးတတ္မ်ိဳးေတာ့ မဟုတ္ဘူးေပါ့ ။

အပင္ပန္းခံၿပီး ကိုယ့္ကို မသိေစခ်င္လို႔ လိမ့္ေနတဲ့အရာႀကီးကို ကိုယ္က သိၿပီးသားႀကီးလို႔ ပိတ္ၿပီးေျပာလိုက္ရင္ တစ္ဖက္က ရွက္သြားမွာ စိုးတဲ့စိတ္နဲ႔ မေျပာျဖစ္ခဲ့တာပါ ။

မသိဖာသာ ေနတယ္ဆိုတာကလဲ တစ္ဖက္လူအေပၚအားနာလို႔ ။

မသိလို႔ တုံးလို႔အလို႔ ေခါင္းငုံ႔ခံေနတာလို႔ေတာ့ မေတြးေစခ်င္ဘူး သိတိုင္းလဲ မေျပာနဲ႔ ျမင္တိုင္းလဲ မေျပာနဲ႔ တဲ့ အဲ့တာ ကိုယ့္အတြက္ သူ႔အတြက္ ပိုၿပီးအဆင္ေျပတယ္ဆိုတဲ့ စကားအတိုင္း ကြၽန္မ ေနထိုင္က်င့္သုံးလာတာပါ ။

ကိုယ္သိသမွ် ျမင္သမွ်တိုင္းကိုသာ တစ္ဖက္လူအမွားေတြနဲ႔ လိုက္ယွဥ္ၿပီး ေျပာေနရင္ ျငင္းရ ခုံရတာနဲ႔ အနားရွိသမွ် လူေတြအကုန္နဲ႔ ရန္ျဖစ္ေနရင္း အခ်ိန္ေတြ ကုန္သြားလိမ့္မယ္ ။

ကိုယ္သိၿပီးသားအရာေတြ လာေျပာလို႔လဲ မသိသလိုေလး နားေထာင္ေပးတတ္တယ္ ၿပီးမွ ကိုယ့္ကိုယ္ကိုယ္သာ ဆင္ျခင္ပါတယ္ ။

သူက အေပၚယံေလးပါလားလို႔ သိတဲ့အခါ ကိုယ့္ဘက္ကအတတ္ႏိုင္ဆုံး ေရလိုက္ငါးလိုက္ေလး ဆက္ဆံတယ္ ရင္ဘတ္ႀကီးနဲ႔ ရင္းထားတာမ်ိဳး အမ်ားႀကီး ေမွ်ာ္လင့္ထားတာမ်ိဳးေတြ မလုပ္ေတာ့ဘူး ။

မေကာင္းလို႔ မေကာင္းဘူးဆိုတာမ်ိဳးလဲ မလုပ္ပါဘူး မေကာင္းလဲ ေပါင္းပါတယ္ ။ ဒါေပမယ့္ ကိုယ္ေပါင္း စိတ္ခြာတဲ့ နည္းနဲ႔ပဲ ေပါင္းတယ္ မဟုတ္ရင္ အကုန္ ရန္သူေတြခ်ည္းျဖစ္ေနေတာ့မွာေပါ့ ။

မိတ္ေဆြ ဆို မိတ္ေဆြ အဆင့္မွာထားတယ္ သူငယ္ခ်င္းဆို သူငယ္ခ်င္းအဆင့္မွာထားတယ္ မိတ္ေကာင္းေဆြေကာင္း နဲ႔ေတြတဲ့အခါ ကိုယ့္ဘက္က အတတ္ႏိုင္ဆုံး ျပန္ေကာင္းတယ္ ။

မိတ္ေဟာင္း ေဆြေဟာင္းေတြနဲ႔ ေတြ႕တဲ့အခါ အတိတ္ေတြအေၾကာင္းေျပာတယ္ ။

လူ . . . ကိုယ္နဲ႔မတူတိုင္းသာ ရန္သူျဖစ္ရမယ္ဆိုရင္ ေပါင္းရသင့္ရမယ့္လူဆိုတာ ရွိလာေတာ့မွာမဟုတ္ဘူးေလ ။

သိၿပီးသားအရာႀကီးကို ကိုယ့္ေရွ႕လာလိမ့္လို႔လဲ အျငင္းအခုန္ေတြနဲ႔ ျပႆနာအျဖစ္မခံေတာ့ဘူး ။

ေအာ္ အင္း အင္း ဆိုတဲ့စကားလုံးေတြနဲ႔ မသိသလိုေလးပဲ နားေထာင္ေပးျဖစ္လာတယ္ ။

ငါသိၿပီးသားႀကီးလို႔ တစ္ဖက္ကို ပိတ္ၿပီးေျပာလိုက္ရင္ သူ အပင္ပန္းခံၿပီး လိမ္ထားသမွ် အရာအားလုံး သဲထဲေရသြန္ျဖစ္သြားမွာေလ ။

ၿပီးရင္ ကိုယ့္အေပၚ ပိုၿပီး အမွတ္အေတးထားလိမ့္မယ္ ။ မိတ္ေဆြေကာင္းတစ္ေယာက္ မဟုတ္ခဲ့ရင္ေတာင္ ရန္သူတစ္ေယာက္တိုးလာမယ့္ လုပ္ရပ္မ်ိဳး ကြၽန္မ အတတ္ႏိုင္ဆုံးေရွာင္ပါတယ္ ။ ကြၽန္မကို လိမ္ပါ လိမ္လို႔ရတယ္ ဒါေပမယ့္ ကြၽန္မဆိုတာမ်ိဳးက ကိုယ္သိၿပီးသားအရာေတြကို အပင္ပန္းခံၿပီး လာလိမ္လဲ ၿငိမ္ၿငိမ္ေလး နားေထာင္တတ္တဲ့အမ်ိဳးပါ ။

သွ်င္ယြန္း