ကိုယ်တိုက်ဆပ်ပြာခဲလေးတွေကိုရေချိုးဖို့အပြင် တခြားနေရာတွေမှာအသုံးပြုနိုင်မယ့်နည်းများ

brightside

ကိုယ်တိုက်ဆပ်ပြာခဲလေးတွေက အကုန်အကျသက်သာပြီး အသုံးတွင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။  ရေချိုးဆပ်ပြာရည်တွေဘယ်လောက်ပဲ ပေါ်လာပေမယ့် ကိုယ်တိုက်ဆပ်ပြာခဲလေးတွေကိုပဲ စွဲစွဲမြဲမြဲသုံးနေတဲ့သူတွေအတွက် ကိုယ်တိုက်ဆပ်ပြာခဲလေးတွေရဲ့ ရေချိုးဖို့အပြင် တခြားအသုံးဝင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ဆပ်ပြာခဲလေးတွေကို ဖိနပ်တွေထဲထည့်ထားပေးရင် အနံ့အသက်ဆိုးတွေပျောက်ကင်းစေပါတယ်။
  • ရေချိုးခန်းထဲကမှန်တွေကို ဆပ်ပြာခဲနဲ့ပွတ်တိုက်ထားလိုက်ရင် ရေငွေ့မရိုက်တော့ပါဘူး။
  • အင်္ကျီ၊ ဘောင်းဘီ ဇစ်တွေကျပ်နေတဲ့အခါ ဆပ်ပြာခဲနဲ့ပွတ်တိုက်ပေးလိုက်ပါ။ ချက်ချင်းဆွဲလို့ရသွားပါလိမ့်မယ်။
brightside
  • တံခါးတွေ၊ ပြတင်းပေါက်တွေရဲ့ ပတ္တာတွေကျပ်နေရင်လည်း ဆပ်ပြာခဲနဲ့ပွတ်တိုက်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
  • ဆပ်ပြာခဲကို ဓားနဲ့လှီးပြီး ဟင်းသီးဟင်းရွက်ဆီအနည်းငယ်နဲ့ရောကာ စပရေးဗူးထဲထည့်ကာ လှုပ်ခါလိုက်ပါ။ အဲ့ဒီအဆီကို အိမ်ထဲမှာစိုက်ထားတဲ့အပင်လေးတွေမှာ တစ်ပတ်တစ်ကြိမ်ဖျန်းပေးရင် အပင်ကိုဖျက်ဆီးမယ့် အင်းဆက်တွေမလာအောင်တားဆီးပေးပါလိမ့်မယ်။
brightside
  • အလွန်ယားယံနေတဲ့ခြင်ကိုက်ဖုတွေပေါ်မှာ ဆပ်ပြာခဲနဲ့ပွတ်ပေးလိုက်ရင် ယားယံနေတာချက်ချင်းပျောက်သွားပါလိမ့်မယ်။
  • အပင်စိုက်တာလိုမျိုး လက်ညစ်ပေမယ့်အလုပ်တွေလုပ်တဲ့အခါ အလုပ်မလုပ်ခင်မှာ ဆပ်ပြာခဲကိုလက်သည်းလေးတွေနဲ့ ကုတ်ခြစ်လိုက်ပါ။ အဲ့ဒါဆို လက်သည်းကြားထဲဂျီးတွေမဝင်တော့ပါဘူး။
  • အဝတ်ဗီရို၊ အဝတ်သေတ္တာထဲမှာ ဆပ်ပြာတုံးအသေးလေးတွေထည့်ထားပေးရင် အဝတ်တွေကို မွှေးပျံ့နေစေပါတယ်။
  • မတော်တဆ ဖန်ခွက်တွေလွတ်ကျပြီးကွဲသွားတဲ့အခါ ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေကို ဆပ်ပြာခဲလေးနဲ့ တို့ပြီးသိမ်းဆည်းနိုင်ပါတယ်။ ဒါဆို လက်လည်းဖန်ကွဲမရှတော့ဘူးပေါ့။

written by PP