ဘာကြောင့်ဖောက်ပြန်ချင်ကြတာလဲ – သျှင်ယွန်း

အိမ်ထောင်ရေး . . . တစ်ခုမှာ အဖြစ်အများဆုံး ပြဿနာက ဖောက်ပြန်ခြင်းတွေပဲ ။

ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဖောက်ပြန်ရခြင်း အကြောင်းအရင်းတွေဟာ ဖိုမ သဘာဝနဲ့မဆိုင်ဘူး အဓိက က ဗီဇနဲ့ပဲ ဆိုင်တာပါ ။

နှစ်ဦးသဘောတူ လက်ထပ်ခဲ့တာပဲ ဖြစ်ဖြစ် . . .ဘာကြောင့်ပဲ လက်ထပ်ခဲ့ လက်ထပ်ခဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ပြီးပြီဆိုရင် ဆက်ပြီးမြဲအောင် ထိန်းသိမ်းဖို့ နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်တွေ ဝတ္တရားတွေ အပြည့်ရှိတယ် ။

ဖောက်ပြန်ခြင်းဆိုတာ လူ့အသိုင်းအဝိုင်းမှာကော သံသရာမှာကော နှုတ်ခေါင်းရှုံ့ချင်စရာ အကောင်းဆုံး လုပ်ရပ်မှာ ။

အိမ်က မိန်းမက အရင်လို မလှတော့လို့ ဖောက်ပြန်ချင်လာတဲ့အခါ အဲ့ဒီ မလှမပတဲ့ မိန်းမက သူ့ကိုယ်သူ ဂရုစိုက်ဖို့ထက် ကိုယ့်အိမ် ကိုယ့်လင် ကိုယ့်သားကိုယ့်သမီးတွေနဲ့ အလုပ်များနေရတာကို သတိရပါ လက်ထပ်ခြင်းဆိုတာ . . .

ယောက်ျားတစ်ယောက်အတွက် ထွက်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်ပေမယ့် မိန်းကလေးတစ်ယောက်အတွက်ကျတော့ တစ်ဘဝလုံး ရင်းနှီးမြုပ်နှံပစ်လိုက်ရတာမျိုးပါ ။

ယောက်ျားတစ်ယောက် ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ နောက်ဆုံး သူ့မိန်းမကိုပဲ ပတ်ဝန်းကျင်က အပြစ်မြင် အပြစ်တင်တတ်ကြတာမျိုးလေ ။

အဝတ်အစားတွေ တောက်တောက်ပြောင်ပြောင်မရှိတဲ့အခါ အိမ်က မိန်းမက မလုပ်ပေးဘူးလားဆိုတာမျိုး မနက်စာ နေ့လည်စာ အပြင်ထွက်စားတဲ့အခါ အိမ်က မိန်းမက ဟင်းချက် မကျွေးဘူးဆိုတာမျိုး အမြဲအပြစ်ပြောဖို့ ချောင်းနေကြတာပါ နောက်ဆုံးအပြစ်ဖို့ခံရတော့လဲ အိမ်က မိန်းမပါပဲ ။

ကိုယ့်ယောက်ျားတစ်ယောက်တင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ဘူး ကိုယ့်သားကိုယ့်သမီးတွေ နှစ်ဖက် ဆွေမျိုးတွေ အားလုံးရဲ့ တာဝန်ဟာ မိန်းမ တစ်ယောက်ခေါင်းပေါ်ပဲ ကျလာခဲ့တာလေ ။

ဘာလို့ ဖောက်ပြန်ချင်ရတာလဲ ။ အရင်လို မလှတော့လို့လား အရင်လို မလှတော့တဲ့ အကြောင်းအရင်းက တစ်ခါတစ်ရံမှာ သူ့ကိုယ်သူတောင် ဂရုစိုက်ဖို့ မေ့နေတတ်လို့ပါ ။

အရင်လို ဂရုမစိုက်တော့လို့လား ဂရုမစိုက်တာ မဟုတ်ပါဘူး အရင်ကထက် ပိုပြီး ဂရုစိုက်ပေးခဲ့ပြီးသားပါ နီးလွန်းရင် မမြင်တတ်တဲ့ လူ့သဘော သဘာဝအရပေါ့ ….ထမင်းစားပွဲအပေါ် အမြဲ အသင့်ရှိနေတဲ့အခါ ဒါဖြစ်နေကျလို့ မြင်သွားကြပြီး ကျေးဇူးတင်ဖို့ သတိမရတော့ဘူး အဝတ်ဗီရိုထဲက ခေါက်ရိုးကျိုးပြီးသားအဝတ်အစားတွေကို အမြဲမြင်နေရပေမယ့် အဲ့ဒီအနောက်က စေတနာကို မမြင်လာကြတော့ဘူး ။

မိန်းမတစ်ယောက်ရဲ့ အချစ်က . . . ထမင်းဟင်းခွက်တွေမှာ တောက်ပြောင်နေတဲ့ အဝတ်အစားတွေမှာ ဆေးပြီးသား ပန်းကန်တွေမှာ အစအဆုံးသာ ပြောရရင် တစ်အိမ်လုံးမှာ သူ့အချစ်တွေ သူ့စေတနာတွေချည်းပါပဲ ဒါကို မြင်တတ်ဖို့ လိုတယ် ။

အိမ်မှာနေပြီး ဘာလုပ်ရလို့လဲ ဆိုတဲ့အတွေးတွေ တွေးမိတဲ့အခါ အိမ်မှာ နေပြီး တစ်ရက်လောက် ကိုယ်တိုင်မဟုတ်တောင် ကူညီပေးကြည့်ပါ ငါ စီးပွားရှာပေးနေတာပဲဆိုတဲ့ အတ္တတွေနဲ့ တစ်ဖက်သတ် မတွေးနဲ့ မိန်းမတစ်ယောက်ဆိုတာလဲ စီးပွားရှာတတ်ပါတယ် ။

ဘာကြောင့် ဖောက်ပြန်ကြတာလဲ ။ ငယ်ရွယ်ပြီး ချောမောလှပနေလို့လား ဝတ်တတ်စားတတ်ပြီး ချွဲ့ချွဲ့နွဲ့နွဲ့လေး စကားတွေ ပြောတတ်လို့လား အတိတ်ကို ပြန်တွေးကြည့်ပေးပါ တစ်ချိန်က ကျွန်မတို့လဲ ဒီလိုပဲ ပျော်ဖူးခဲ့ကြတယ် ချစ်လားချစ်တယ်ဆိုတဲ့ စကားတွေနဲ့ နှစ်ယောက်တစ်ကမ္ဘာမှာ ဘာအပူအပင်သောကတွေမှ မပါပဲ စိတ်ကူးတွေ ယဉ်ခဲ့ဖူးတယ်လေ ။

ဘာကြောင့်များ ဖောက်ပြန်ချင်ကြတာလဲ ။ အိမ်ထောင်ရေးဆိုတာ . . . လွယ်လွယ်လေးရေးပြီး လွယ်လွယ်လေးဖျက်ပစ်လို့ရတဲ့ ခဲတံတစ်ချောင်းနဲ့ ရေးထားတဲ့ စာရွက်ပေါ်က စကားလုံးလေး တစ်လုံးမဟုတ်ဘူးလေ ဘဝတွေ ရင်းထားတတ်သလို ခံစားချက်တွေလဲ မြုပ်နှံထားခဲ့တဲ့အရာပါ ။

သျှင်ယွန်း

အိမ္ေထာင္ေရး . . . တစ္ခုမွာ အျဖစ္အမ်ားဆုံး ျပႆနာက ေဖာက္ျပန္ျခင္းေတြပဲ ။

ေယာက္်ားပဲျဖစ္ျဖစ္ မိန္းမပဲျဖစ္ျဖစ္ ေဖာက္ျပန္ရျခင္း အေၾကာင္းအရင္းေတြဟာ ဖိုမ သဘာ၀နဲ႔မဆိုင္ဘူး အဓိက က ဗီဇနဲ႔ပဲ ဆိုင္တာပါ ။

ႏွစ္ဦးသေဘာတူ လက္ထပ္ခဲ့တာပဲ ျဖစ္ျဖစ္ . . .ဘာေၾကာင့္ပဲ လက္ထပ္ခဲ့ လက္ထပ္ခဲ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ၿပီးၿပီဆိုရင္ ဆက္ၿပီးၿမဲေအာင္ ထိန္းသိမ္းဖို႔ ႏွစ္ဦးႏွစ္ဖက္လုံးမွာ တာ၀န္ေတြ ၀တၱရားေတြ အျပည့္ရွိတယ္ ။

ေဖာက္ျပန္ျခင္းဆိုတာ လူ႔အသိုင္းအဝိုင္းမွာေကာ သံသရာမွာေကာ ႏႈတ္ေခါင္းရႈံ႕ခ်င္စရာ အ​ေကာင္းဆုံး လုပ္ရပ္မွာ ။

အိမ္က မိန္းမက အရင္လို မလွေတာ့လို႔ ေဖာက္ျပန္ခ်င္လာတဲ့အခါ အဲ့ဒီ မလွမပတဲ့ မိန္းမက သူ႔ကိုယ္သူ ဂ႐ုစိုက္ဖို႔ထက္ ကိုယ့္အိမ္ ကိုယ့္လင္ ကိုယ့္သားကိုယ့္သမီးေတြနဲ႔ အလုပ္မ်ားေနရတာကို သတိရပါ လက္ထပ္ျခင္းဆိုတာ . . .

ေယာက္်ားတစ္ေယာက္အတြက္ ထြက္ေပါက္တစ္ခု ျဖစ္ေကာင္းျဖစ္ေပမယ့္ မိန္းကေလးတစ္ေယာက္အတြက္က်ေတာ့ တစ္ဘ၀လုံး ရင္းႏွီးျမဳပ္ႏွံပစ္လိုက္ရတာမ်ိဳးပါ ။

ေယာက္်ားတစ္ေယာက္ ဘယ္လိုပဲ ျဖစ္ေန ျဖစ္ေန ေနာက္ဆုံး သူ႔မိန္းမကိုပဲ ပတ္၀န္းက်င္က အျပစ္ျမင္ အျပစ္တင္တတ္ၾကတာမ်ိဳးေလ ။

အ၀တ္အစားေတြ ေတာက္ေတာက္ေျပာင္ေျပာင္မရွိတဲ့အခါ အိမ္က မိန္းမက မလုပ္ေပးဘူးလားဆိုတာမ်ိဳး မနက္စာ ေန႔လည္စာ အျပင္ထြက္စားတဲ့အခါ အိမ္က မိန္းမက ဟင္းခ်က္ မေကြၽးဘူးဆိုတာမ်ိဳး အၿမဲအျပစ္ေျပာဖို႔ ေခ်ာင္းေနၾကတာပါ ေနာက္ဆုံးအျပစ္ဖို႔ခံရေတာ့လဲ အိမ္က မိန္းမပါပဲ ။

ကိုယ့္ေယာက္်ားတစ္ေယာက္တင္ပဲလား ဆိုေတာ့ မဟုတ္ေသးျပန္ဘူး ကိုယ့္သားကိုယ့္သမီးေတြ ႏွစ္ဖက္ ေဆြမ်ိဳးေတြ အားလုံးရဲ႕ တာ၀န္ဟာ မိန္းမ တစ္ေယာက္ေခါင္းေပၚပဲ က်လာခဲ့တာေလ ။

ဘာလို႔ ေဖာက္ျပန္ခ်င္ရတာလဲ ။ အရင္လို မလွေတာ့လို႔လား အရင္လို မလွေတာ့တဲ့ အေၾကာင္းအရင္းက တစ္ခါတစ္ရံမွာ သူ႔ကိုယ္သူေတာင္ ဂ႐ုစိုက္ဖို႔ ေမ့ေနတတ္လို႔ပါ ။

အရင္လို ဂ႐ုမစိုက္ေတာ့လို႔လား ဂ႐ုမစိုက္တာ မဟုတ္ပါဘူး အရင္ကထက္ ပိုၿပီး ဂ႐ုစိုက္ေပးခဲ့ၿပီးသားပါ နီးလြန္းရင္ မျမင္တတ္တဲ့ လူ႔သေဘာ သဘာ၀အရေပါ့ ….ထမင္းစားပြဲအေပၚ အၿမဲ အသင့္ရွိေနတဲ့အခါ ဒါျဖစ္ေနက်လို႔ ျမင္သြားၾကၿပီး ေက်းဇူးတင္ဖို႔ သတိမရေတာ့ဘူး အ၀တ္ဗီ႐ိုထဲက ေခါက္႐ိုးက်ိဳးၿပီးသားအ၀တ္အစားေတြကို အၿမဲျမင္ေနရေပမယ့္ အဲ့ဒီအေနာက္က ေစတနာကို မျမင္လာၾကေတာ့ဘူး ။

မိန္းမတစ္ေယာက္ရဲ႕ အခ်စ္က . . . ထမင္းဟင္းခြက္ေတြမွာ ေတာက္ေျပာင္ေနတဲ့ အ၀တ္အစားေတြမွာ ေဆးၿပီးသား ပန္းကန္ေတြမွာ အစအဆုံးသာ ေျပာရရင္ တစ္အိမ္လုံးမွာ သူ႔အခ်စ္ေတြ သူ႔ေစတနာေတြခ်ည္းပါပဲ ဒါကို ျမင္တတ္ဖို႔ လိုတယ္ ။

အိမ္မွာေနၿပီး ဘာလုပ္ရလို႔လဲ ဆိုတဲ့အေတြးေတြ ေတြးမိတဲ့အခါ အိမ္မွာ ေနၿပီး တစ္ရက္ေလာက္ ကိုယ္တိုင္မဟုတ္ေတာင္ ကူညီေပးၾကည့္ပါ ငါ စီးပြားရွာေပးေနတာပဲဆိုတဲ့ အတၱေတြနဲ႔ တစ္ဖက္သတ္ မေတြးနဲ႔ မိန္းမတစ္ေယာက္ဆိုတာလဲ စီးပြားရွာတတ္ပါတယ္ ။

ဘာေၾကာင့္ ေဖာက္ျပန္ၾကတာလဲ ။ ငယ္႐ြယ္ၿပီး ေခ်ာေမာလွပေနလို႔လား ၀တ္တတ္စားတတ္ၿပီး ခြၽဲ႕ခြၽဲ႕ႏြဲ႕ႏြဲ႕ေလး စကားေတြ ေျပာတတ္လို႔လား အတိတ္ကို ျပန္ေတြးၾကည့္ေပးပါ တစ္ခ်ိန္က ကြၽန္မတို႔လဲ ဒီလိုပဲ ေပ်ာ္ဖူးခဲ့ၾကတယ္ ခ်စ္လားခ်စ္တယ္ဆိုတဲ့ စကားေတြနဲ႔ ႏွစ္ေယာက္တစ္ကမာၻမွာ ဘာအပူအပင္ေသာကေတြမွ မပါပဲ စိတ္ကူးေတြ ယဥ္ခဲ့ဖူးတယ္ေလ ။

​ဘာေၾကာင့္မ်ား ေဖာက္ျပန္ခ်င္ၾကတာလဲ ။ အိမ္ေထာင္ေရးဆိုတာ . . . လြယ္္လြယ္ေလးေရးၿပီး လြယ္လြယ္ေလးဖ်က္ပစ္လို႔ရတဲ့ ခဲတံတစ္ေခ်ာင္းနဲ႔ ေရးထားတဲ့ စာ႐ြက္ေပၚက စကားလုံးေလး တစ္လုံးမဟုတ္ဘူးေလ ဘ၀ေတြ ရင္းထားတတ္သလို ခံစားခ်က္ေတြလဲ ျမဳပ္ႏွံထားခဲ့တဲ့အရာပါ ။

သွ်င္ယြန္း