စကားလုံးတွေနဲ့ တစ်ဖက်သားကို နာကျင်သွားစေတာမျိုး မဖြစ်စေနဲ့ ။

စကားမပြောတတ်ရင် ဆဲသလိုပဲတဲ့ ။ ရိုးသားပါ ပွင့်လင်းပါ ဒါပေမယ့် အချိန်အခါလေး သိရတယ် ။

ငါမှန်တာပဲဆိုပြီး တစ်ဖက်သားကို ထိခိုက်စေမယ့် စကားလုံးတွေကို အာဘောင်အာရင်းသန်သန် ပြောနေတာကျ ရိုးသားပွင့်လင်းတာ မဟုတ်တော့ဘူး သိက္ခာချတာ ဖြစ်သွားပြီ ။

ဘယ်သူအတွက်မှ အကျိုးမရှိရင် အဲ့ဒီ အမှန်တရားကြီးကို မြိုချပစ်လိုက်ပါ အစာအိမ်နာမသွားပါဘူး ။

ဒေါသထွက်တဲ့အခါ စကားတွေ မပြောတာ အကောင်းဆုံးပဲ ဒေါသနဲ့ပြောတဲ့စကားမှာ အမှားတွေ အများကြီးပါသွားတတ်တယ်လေ ဒေါသဆိုတာ အသိကို အမှောင်ဖုံးပစ်တတ်တယ် ကိုယ်နိုင်ရင် ပြီးရောဆိုတဲ့ စိတ်က ဒေါသထွက်တဲ့အချိန် ပိုပြီး ထုထည်ကြီးမားလာတတ်တယ်

ပြီးတော့မှ ငါ ပြောမိလေခြင်းဆိုတဲ့ နောင်တတွေနဲ့ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ပြန်မနိုင်တော့တဲ့အထိ ဆုံးရှုံးသွားရတတ်တယ်လေ နောင်တတွေ မရချင်ရင် ဒေါသတွေထွက်တဲ့အခါ စကားတွေ မပြောမိအောင်နေတာ အကောင်းဆုံးပဲ ။

ကိုယ်ကိုယ်တိုင် မြင်ခဲ့ သိခဲ့တဲ့အရာ မဟုတ်တဲ့အရာတွေကို ကိုယ်ကိုယ်တိုင် မြင်ခဲ့ သိခဲ့ရသလို တစ်ထစ်ချကြီး မပြောနဲ့ ။

စကားဆိုတာ မစခင်ကတည်းက ကားတတ်တဲ့အမျိုးလေ ကိုယ်က အမှန်ထင်ပြီး စပြောလိုက်တဲ့စကားတွေက နောက်တဖြေးဖြေးကားသွားတဲ့အခါ ကိုယ်ပဲ အမှားဖြစ်တတ်တယ် ကိုယ်တာဝန်မယူနိုင်တဲ့စကားတွေဆို မပြောလိုက်တာ အကောင်းဆုံးပဲ

စကားတွေ အများကြီးပြောရင် အမှားတွေ အများကြီးပါလာတတ်တယ် ပြီးတော့ စကားဆိုတာ တော်တော်ကြီးဆင်ခြင်နိုင်မှ တော်ကာကျတာမျိုးလေ ။

ကိုယ့်ဘက်ကစေတနာ နဲ့ပြောပေမယ့် တစ်ဖက်နားမှာ ခါးချင်ခါးနေတတ်တာ

အဓိက က နားထောင်တဲ့လူဘက်ကို အရင် နားလည်ပြီးမှ စကားတွေ ပြောတာ ကောင်းတယ် မဟုတ်ရင် ကိုယ် ပြောတိုင်းလဲ အရာမရောက်တတ်ဘူး လေကုန်တာပဲ အဖတ်တင်ခဲ့တာများတယ်လေ

ကောင်းတဲ့စကားပဲဖြစ်ဖြစ် မကောင်းတဲ့စကားဖြစ်ဖြစ် စကားလုံးတစ်လုံးပြောဖို့ အားထုတ်ရတာချင်းအတူတူ ကောင်းတာလေးတွေ ပြောတတ်အောင်လေ့ကျင့်ပါ ။

အကောင်းမပြောနိုင်တဲ့အခါ ဘာမှ မပြောပဲ နေလိုက်တာက အကောင်းဆုံးပဲ စကားဆိုတာ ပြောပြီးသွားရင် ပြန်ပြီး ပြင်လို့မရတော့ဘူးလေ ။ စကားတွေ မပြောခင်ကတည်းက ဆင်ခြင်ပါ ။ စကားလုံးတွေနဲ့ တစ်ဖက်သားကို နာကျင်သွားစေတာမျိုး မဖြစ်စေနဲ့ ။

PStar

စကားမေျပာတတ္ရင္ ဆဲသလိုပဲတဲ့ ။ ႐ိုးသားပါ ပြင့္လင္းပါ ဒါေပမယ့္ အခ်ိန္အခါေလး သိရတယ္ ။

ငါမွန္တာပဲဆိုၿပီး တစ္ဖက္သားကို ထိခိုက္ေစမယ့္ စကားလုံးေတြကို အာေဘာင္အာရင္းသန္သန္ ေျပာေနတာက် ႐ိုးသားပြင့္လင္းတာ မဟုတ္ေတာ့ဘူး သိကၡာခ်တာ ျဖစ္သြားၿပီ ။

ဘယ္သူအတြက္မွ အက်ိဳးမရွိရင္ အဲ့ဒီ အမွန္တရားႀကီးကို ၿမိဳခ်ပစ္လိုက္ပါ အစာအိမ္နာမသြားပါဘူး ။

ေဒါသထြက္တဲ့အခါ စကားေတြ မေျပာတာ အေကာင္းဆုံးပဲ ေဒါသနဲ႔ေျပာတဲ့စကားမွာ အမွားေတြ အမ်ားႀကီးပါသြားတတ္တယ္ေလ ေဒါသဆိုတာ အသိကို အေမွာင္ဖုံးပစ္တတ္တယ္ ကိုယ္ႏိုင္ရင္ ၿပီးေရာဆိုတဲ့ စိတ္က ေဒါသထြက္တဲ့အခ်ိန္ ပိုၿပီး ထုထည္ႀကီးမားလာတတ္တယ္

ၿပီးေတာ့မွ ငါ ေျပာမိေလျခင္းဆိုတဲ့ ေနာင္တေတြနဲ႔ ကိုယ္တန္ဖိုးထားတဲ့အရာေတြကို ျပန္မႏိုင္ေတာ့တဲ့အထိ ဆုံးရႈံးသြားရတတ္တယ္ေလ ေနာင္တေတြ မရခ်င္ရင္ ေဒါသေတြထြက္တဲ့အခါ စကားေတြ မေျပာမိေအာင္ေနတာ အေကာင္းဆုံးပဲ ။

ကိုယ္ကိုယ္တိုင္ ျမင္ခဲ့ သိခဲ့တဲ့အရာ မဟုတ္တဲ့အရာေတြကို ကိုယ္ကိုယ္တိုင္ ျမင္ခဲ့ သိခဲ့ရသလို တစ္ထစ္ခ်ႀကီး မေျပာနဲ႔ ။

စကားဆိုတာ မစခင္ကတည္းက ကားတတ္တဲ့အမ်ိဳးေလ ကိုယ္က အမွန္ထင္ၿပီး စေျပာလိုက္တဲ့စကားေတြက ေနာက္တေျဖးေျဖးကားသြားတဲ့အခါ ကိုယ္ပဲ အမွားျဖစ္တတ္တယ္ ကိုယ္တာ၀န္မယူႏိုင္တဲ့စကားေတြဆို မေျပာလိုက္တာ အေကာင္းဆုံးပဲ

စကားေတြ အမ်ားႀကီးေျပာရင္ အမွားေတြ အမ်ားႀကီးပါလာတတ္တယ္ ၿပီးေတာ့ စကားဆိုတာ ေတာ္ေတာ္ႀကီးဆင္ျခင္ႏိုင္မွ ေတာ္ကာက်တာမ်ိဳးေလ ။

ကိုယ့္ဘက္ကေစတနာ နဲ႔ေျပာေပမယ့္ တစ္ဖက္နားမွာ ခါးခ်င္ခါးေနတတ္တာ

အဓိက က နားေထာင္တဲ့လူဘက္ကို အရင္ နားလည္ၿပီးမွ စကားေတြ ေျပာတာ ေကာင္းတယ္ မဟုတ္ရင္ ကိုယ္ ေျပာတိုင္းလဲ အရာမေရာက္တတ္ဘူး ေလကုန္တာပဲ အဖတ္တင္ခဲ့တာမ်ားတယ္ေလ

ေကာင္းတဲ့စကားပဲျဖစ္ျဖစ္ မေကာင္းတဲ့စကားျဖစ္ျဖစ္ စကားလုံးတစ္လုံးေျပာဖို႔ အားထုတ္ရတာခ်င္းအတူတူ ေကာင္းတာေလးေတြ ေျပာတတ္ေအာင္ေလ့က်င့္ပါ ။

အေကာင္းမေျပာႏိုင္တဲ့အခါ ဘာမွ မေျပာပဲ ေနလိုက္တာက အေကာင္းဆုံးပဲ စကားဆိုတာ ေျပာၿပီးသြားရင္ ျပန္ၿပီး ျပင္လို႔မရေတာ့ဘူးေလ ။ စကားေတြ မေျပာခင္ကတည္းက ဆင္ျခင္ပါ ။ စကားလုံးေတြနဲ႔ တစ္ဖက္သားကို နာက်င္သြားေစတာမ်ိဳး မျဖစ္ေစနဲ႔ ။

PStar