နှစ်ဖက်တီးမှ မြည်တဲ့လက်ခုပ်တွေမှာ . . . သူ့ဘက်ကချည်းနာကျင်ရသလို ပုံစံမျိုးတွေနဲ့ ကိုယ့်ကို ဗီလိန်ဇာတ်တွေ သွင်းပစ်လိုက်တယ် ။

နှစ်ဖက်တီးမှ မြည်တဲ့လက်ခုပ်တွေမှာ . . . သူ့ဘက်ကချည်းနာကျင်ရသလို ပုံစံမျိုးတွေနဲ့ ကိုယ့်ကို ဗီလိန်ဇာတ်တွေ သွင်းပစ်လိုက်တယ် ။

လက်ခုပ်နှစ်ဖက်ဆိုတာ . . . ပါးရိုက်သလိုမျိုး ပါးတစ်ဖက်တည်း နာရတာမျိုးမဟုတ်ဘူးလေ ကိုယ့်ဖက်လဲ အထိုက်အလျောက်တော့ နာကျင်ရတတ်ပါတယ် ။

လူတချို့က အရမ်းကို ဟန်ဆောင်ကောင်းကြတယ်ဆိုတာထက် ပိုတယ် ဘဝက ဇာတ်ခုံတစ်ခုဆိုရင် .. . အကယ်ဒမီဆုတွေ အော်စကာဆုတွေ အားလုံးသိမ်းပိုက်ယူနိုင်လောက်တဲ့အထိ တော်ကြတယ် ။ သူတို့ကပဲ နာကျင်အောင်လုပ်ပြီး ကိုယ်ကပဲ သူတို့ကို နာကျင်အောင်လုပ်ခဲ့သလို အရင်ဦးဆုံး မျက်ရည်ကျ ငိုပြတတ်ကြတာမျိုးလေ ။

ပြီးတော့ . . . အနီးအနားမှာ ရပ်ပြီး မေတ္တာထားသလို ပုံစံမျိုးနဲ့ ရင်ဝကို တည့်တည့်ဆောင့်ကန်ခံရတဲ့ အချိန်တွေလဲ အများကြီးပဲ ။

တစ်ဖက်သားရဲ့အမြင်က ကိုယ်ကပဲ အပြစ်မရှိ အပြစ်ရှာသလို ပုံစံမျိုးနဲ့ နိဂုံးမှာ မကောင်းတဲ့သူ ဖြစ်ရတာလဲ ကိုယ်ကပဲ ဘဝက မအေးအေးဝင်းစီစဉ်တဲ့ ရုပ်ရှင်သာ ဆိုရင် မင်းသားအထိုးလဲ ခံရသလို ပရိသတ်မုန်းတာလဲခံရတတ်တဲ့ လူကြမ်းလို နေရာမျိုးပေါ့ ။

အမှန်တရား . . .ဖုံးဖိထားလို့ရမပါဘူး တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် အမှန်တရားက ပေါ်လာစမြဲပါတဲ့ အဲ့ဒီစကားတွေကြားတော့ ဟားတိုက်ရမိတယ် ။

ကိုယ့်ဘက်က မှန်နေပါလျက်နဲ့ ခံခဲ့ရတဲ့ အကြိမ်ပေါင်းလဲ များပြီလဲ ။ တစ်နေ့နေ့မှာ ပေါ်လာတတ်တဲ့ အမှန်တရားကလဲ တစ်ခါတစ်လေကျတော့ ကိုယ့်ဘက်မှာ ဘာမှ ဆုံးရှုံးစရာမကျန်တော့တဲ့အချိန်ကျမှ တော်တော် နောက်ကျပြီး ရောက်လာတတ်တာမျိုးလေ ။

တကယ်တော့ . . . လောကကြီးက မာယာမများဘူး ကံတရားကလဲ မလှည့်စားဘူး လူတွေကသာ . . . အမှားကို အမှန်ထင်အောင်လုပ်ပြီး လောကကြီးအပေါ် အပြစ်တွေ ပုံချပစ်လိုက်ကြတာ ။

သူ့သဘောသူဆောင်တဲ့ လောကကြီးက ကောင်းသူစံ မကောင်းသူ ခံဆိုတဲ့ လောကနိယာမအတိုင်း ဆက်ပြီး လှည့်ပတ်နေတုန်းပါပဲ ။ အခုတော့ . . . ကိုယ် ပေဖြစ်တုန်း ခံပါတယ် ။

နှစ်ဖက်တီးမှ မြည်တဲ့ လက်တွေ . . . ချိတ်ချိတ်ချင်းမို့ ချိတ်မိခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးမှာ ကိုယ် အလုံးစုံကြီး မမှန်ခဲ့ဘူးဆိုရင်တောင် ကိုယ့်လိပ်ပြာကိုယ်တော့ လုံပါတယ် ။

ဒါပေမယ့် အမှားကို အမှန်ထင်တတ်တဲ့ ပတ်ဝန်းကျင်မှာ ဒဏ်ရာဒဏ်ချက် အများဆုံး နဲ့ လူမုန်းအခံရဆုံး ဗီလိန်အဖြစ် ဆက်ပြီး ထင်နေကြတုန်းပဲ ။

တစ်ဖက်လှည့်နဲ့ ပြန်ကြည့်ရင် ကိုယ်ညံ့လို့ ကိုယ်ခံခဲ့ရတာပါ ။ ဟန်ဆောင်ကောင်းတဲ့ လူအပြစ်မဟုတ်ဘူး သူ့လုပ်ပြီး သူအရင်တိုင်တတ်တဲ့ သူ့ရဲ့ အပြစ်လဲ မဟုတ်ဘူး ။ ကိုယ်ညံ့လို့ ကိုယ်ခံခဲ့ရတာပါ ။

PStar













PStar