လျစ်လျူရှုခြင်း အတတ်ပညာ

လျစ်လျူရှုခြင်းဆိုတာ အတတ်ပညာတစ်ခုပါပဲ ကျောင်းစာတွေ စာအုပ်တွေ အထဲကလို သင်ရိုးညွှန်းတမ်းတွေ မပါပေမယ့် တတ်မြောက်ချင်တဲ့ လူတိုင်းမှာ . . . နာတတ်တဲ့ စိတ်နဲ့ နောင်ကျဉ်လောက်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေ လိုပါတယ် ။

အမှတ်မရှိရင် ဘယ်လောက် ဒဏ်ရာများများ မူလအတိုင်းပဲ ဖြစ်လာမှာလေ ။ ဒီဒဏ်ရာက ဒီဒဏ်ရာပါပဲ ထပ်ပြီး တိုးလာမယ့် အနာတွေပဲ ရှိလာလိမ့်မယ် ။

ပြီးတော့ . . . လုံလောက်တဲ့ ဒဏ်ရာ ဒဏ်ချက်ဆိုတာ မေတ္တာတွေ သိပ်ကိုကြီးမားနေတဲ့အခါ နာကျင်နေလဲ နာရကောင်းမှန်းမသိ ဖြစ်နေတတ်တယ် ။

လျစ်လျူရှုပါ ဆိုတာ . . . မေတ္တာတွေ ဆက်မထားဖို့ အရာရာကို မျက်နှာလွဲပစ်လိုက်ဖို့ တစ်ကိုယ်ကောင်းဆန်ဖို့ မြှောက်ထိုးပင့်ကော်တွေ လုပ်နေတာမျိုးမဟုတ်ဘူး ။

ကိုယ့်စိတ် ကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ အရာရာကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ဖြစ်သမျှ ပျက်သမျှ အလုံးစုံကို ခေါင်းထဲ ပြွတ်သိတ်ထည့်ထားတဲ့အခါ ကိုယ်ပဲ ပင်ပန်းရတတ်တယ်လေ ။

ကိုယ့်ဖက်ကချည်း တစ်ဖက်သတ်ဖြစ်နေတဲ့အရာတွေအတွက် တစ်ဖက်မဟုတ် တစ်ဖက်တော့သေပေးရတတ်တယ်လေ လူမသေပေမယ့် မျှော်လင့်ချက်တွေ အိပ်မက်တွေ သေပေးလိုက်ရတာတွေပေါ့ ။

စေတနာတွေထားပေမယ့် ဝေဒနာကြီးပဲ ပြန်ရလာတဲ့အခါ ဘယ်လောက်ကြာကြာ နာနာကျင်ကျင်နဲ့ ဆက်ပြီး နေနိုင်မှာလဲ ။ သည်းခံမှုတွေ ရဲ့အဆုံးမှာ လျစ်လျူရှုမှုတွေ ရှိတယ် ။

ဘယ်သူ့ကို ဘယ်လို လျစ်လျူရှုပစ်ရမယ်ဆိုတာ သင်ပြပေးလို့ မရဘူး ။ ကိုယ် ခံစားရတဲ့ ဝေဒနာနဲ့ပဲ ဆိုင်ပါတယ် ။

လျစ်လျူရှုခြင်း အတတ်ပညာတတ်မြောက်သွားတဲ့အခါ အရင်ကထက် နေရတာ ပိုပြီး ပေါ့ပါးလာလိမ့်မယ် လိုအပ်တဲ့လူ နဲ့ မလိုအပ်တဲ့သူ ပိုပြီး ခွဲခြားတတ်လာလိမ့်မယ် ။

အရင်ကလို သူ့စိတ်နဲ့ကိုယ့်ကိုယ် မရွှင်မပျ နေထိုင်နေရခြင်းတွေ မဟုတ်တော့ပဲ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် တဖြေးဖြေး ပျော်အောင် နေတတ်လာပါလိမ့်မယ် ။

နေရာတကာမှာ လူတိုင်းကို စေတနာတွေ မေတ္တာတွေချည်း ထားလို့မရဘူး ။

ဘုရားဟောတရားကို ဆန့်ကျင်ရာ ရောက်ပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေ အားလုံးကို ခြုံငုံကြည့်ရင် လျစ်လျူရှုသင့်တန် လျစ်လျူရှုတတ်ဖို့လဲ လိုတယ်လေ ။

ကိုယ်နာကျင်တဲ့အခါ ကိုယ်စာနာသလို ဘယ်သူက ပြန်ပြီး ငဲ့ညှာလိမ့်မှာ မဟုတ်ဘူး ။ ကိုယ်နာကျင်ရတဲ့အခါ ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲဆိုတဲ့စိတ်နဲ့ပဲ တစ်ယောက်တည်း ဖြေသိမ့်ရတာပဲ များပါ ။ ဆက်ပြီး မနာကျင်ချင်တော့တဲ့အခါ သည်းခဲနိုင်တဲ့အတိုင်းအတာတွေ ကျော်သွားတဲ့အခါ လျစ်လျူရှုခြင်းအတတ်ပညာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားလိမ့်မယ် ။

PStar

လ်စ္လ်ဴရႈျခင္းဆိုတာ အတတ္ပညာတစ္ခုပါပဲ ေက်ာင္းစာေတြ စာအုပ္ေတြ အထဲကလို သင္႐ိုးၫႊန္းတမ္းေတြ မပါေပမယ့္ တတ္ေျမာက္ခ်င္တဲ့ လူတိုင္းမွာ . . . နာတတ္တဲ့ စိတ္နဲ႔ ေနာင္က်ဥ္ေလာက္တဲ့ ဒဏ္ရာ ဒဏ္ခ်က္ေတြ လိုပါတယ္ ။

အမွတ္မရွိရင္ ဘယ္ေလာက္ ဒဏ္ရာမ်ားမ်ား မူလအတိုင္းပဲ ျဖစ္လာမွာေလ ။ ဒီဒဏ္ရာက ဒီဒဏ္ရာပါပဲ ထပ္ၿပီး တိုးလာမယ့္ အနာေတြပဲ ရွိလာလိမ့္မယ္ ။

ၿပီးေတာ့ . . . လုံေလာက္တဲ့ ဒဏ္ရာ ဒဏ္ခ်က္ဆိုတာ ေမတၱာေတြ သိပ္ကိုႀကီးမားေနတဲ့အခါ နာက်င္ေနလဲ နာရေကာင္းမွန္းမသိ ျဖစ္ေနတတ္တယ္ ။

လ်စ္လ်ဴရႈပါ ဆိုတာ . . . ေမတၱာေတြ ဆက္မထားဖို႔ အရာရာကို မ်က္ႏွာလြဲပစ္လိုက္ဖို႔ တစ္ကိုယ္ေကာင္းဆန္ဖို႔ ေျမႇာက္ထိုးပင့္​ေကာ္ေတြ လုပ္ေနတာမ်ိဳးမဟုတ္ဘူး ။

ကိုယ့္စိတ္ ကိုယ့္ဆႏၵတစ္ခုတည္းနဲ႔ အရာရာကို ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီး ျဖစ္သမွ် ပ်က္သမွ် အလုံးစုံကို ေခါင္းထဲ ႁပြတ္သိတ္ထည့္ထားတဲ့အခါ ကိုယ္ပဲ ပင္ပန္းရတတ္တယ္ေလ ။

ကိုယ့္ဖက္ကခ်ည္း တစ္ဖက္သတ္ျဖစ္ေနတဲ့အရာေတြအတြက္ တစ္ဖက္မဟုတ္ တစ္ဖက္ေတာ့ေသေပးရတတ္တယ္ေလ လူမေသေပမယ့္ ေမွ်ာ္လင့္ခ်က္ေတြ အိပ္မက္ေတြ ေသေပးလိုက္ရတာေတြေပါ့ ။

ေစတနာေတြထားေပမယ့္ ေဝဒနာႀကီးပဲ ျပန္ရလာတဲ့အခါ ဘယ္ေလာက္ၾကာၾကာ နာနာက်င္က်င္နဲ႔ ဆက္ၿပီး ေနႏိုင္မွာလဲ ။ သည္းခံမႈေတြ ရဲ႕အဆုံးမွာ လ်စ္လ်ဴရႈမႈေတြ ရွိတယ္ ။

ဘယ္သူ႔ကို ဘယ္လို လ်စ္လ်ဴရႈပစ္ရမယ္ဆိုတာ သင္ျပေပးလို႔ မရဘူး ။ ကိုယ္ ခံစားရတဲ့ ေဝဒနာနဲ႔ပဲ ဆိုင္ပါတယ္ ။

လ်စ္လ်ဴရႈျခင္း အတတ္ပညာတတ္ေျမာက္သြားတဲ့အခါ အရင္ကထက္ ေနရတာ ပိုၿပီး ေပါ့ပါးလာလိမ့္မယ္ လိုအပ္တဲ့လူ နဲ႔ မလိုအပ္တဲ့သူ ပိုၿပီး ခြဲျခားတတ္လာလိမ့္မယ္ ။

အရင္ကလို သူ႔စိတ္နဲ႔ကိုယ့္ကိုယ္ မ႐ႊင္မပ် ေနထိုင္ေနရျခင္းေတြ မဟုတ္ေတာ့ပဲ ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ တေျဖးေျဖး ေပ်ာ္ေအာင္ ေနတတ္လာပါလိမ့္မယ္ ။

ေနရာတကာမွာ လူတိုင္းကို ေစတနာေတြ ေမတၱာေတြခ်ည္း ထားလို႔မရဘူး ။

ဘုရားေဟာတရားကို ဆန္႔က်င္ရာ ေရာက္ေပမယ့္ လက္ရွိျဖစ္ပ်က္ေနတဲ့ အရာေတြ အားလုံးကို ၿခဳံငုံၾကည့္ရင္ လ်စ္လ်ဴရႈသင့္တန္ လ်စ္လ်ဴရႈတတ္ဖို႔လဲ လိုတယ္ေလ ။

ကိုယ္နာက်င္တဲ့အခါ ကိုယ္စာနာသလို ဘယ္သူက ျပန္ၿပီး ငဲ့ညႇာလိမ့္မွာ မဟုတ္ဘူး ။ ကိုယ္နာက်င္ရတဲ့အခါ ကိုယ္ညံ့လို႔ ကိုယ္ခံရတာပဲဆိုတဲ့စိတ္နဲ႔ပဲ တစ္ေယာက္တည္း ေျဖသိမ့္ရတာပဲ မ်ားပါ ။ ဆက္ၿပီး မနာက်င္ခ်င္ေတာ့တဲ့အခါ သည္းခဲႏိုင္တဲ့အတိုင္းအတာေတြ ေက်ာ္သြားတဲ့အခါ လ်စ္လ်ဴရႈျခင္းအတတ္ပညာကို ေကာင္းေကာင္းႀကီး နားလည္သေဘာေပါက္သြားလိမ့္မယ္ ။

PStar