ကော်ဖီတစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးခြင်းက အဆီကျစေကြောင်းတွေ့ရှိ

March 17, 2020 yoon waddy 0

သဘာဝကော်ဖီမှုန့်စစ်စစ်ကို တစ်နေ့တစ်ခွက်ဖျော်သောက်ပေးခြင်းက ကျန်းမာရေးအတွက်ကောင်းပြီး အသက်ပိုရှည်စေပါတယ်။ ဒါတင်မကသေးပါဘူး၊ ချရခက်တဲ့အဆီတွေကိုတောင်ကျစေပြီး သဘာဝအတိုင်း ပိန်သွယ်သွားစေတယ်ဆိုတာ စစ်တမ်းတွေအရ သိခဲ့ရပါတယ်။ University of Nottingham မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုက သဘာဝကော်ဖီစစ်စစ်က ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများစုလာခဲ့တဲ့ အဆီတွေကို ချေဖျက်ပေးနိုင်တယ်ဆိုတာ သိခဲ့ကြပါတယ်။ ဝမ်းဗိုက်အဆီတွေတင်မက လည်ပင်းနဲ့ ပေါင်နေရာက […]

ခေါင်းထဲမှာရှုပ်ထွေးနေတဲ့အတွေးတွေကိုရှင်းထုတ်ပေးနိုင်မယ့် အလေ့အကျင့်ကောင်းလေးများ

March 17, 2020 yoon waddy 0

လူတစ်ယောက် ဘာဆိုဘာမှမလုပ်ချင်၊ မပြောချင်၊ ဘယ်သူမှလည်းမတွေ့ချင်လောက်အောင် စိတ်ရှုပ်ခေါင်းရှုပ်သွားတဲ့အချိန်တွေဆိုတာ တခါတလေရှိတတ်ပါတယ်။ အဲ့လိုအချိန်မှာ ခေါင်းထဲမှာရှုပ်ထွေးနေတဲ့အတွေးတွေကို ရှင်းသွားပြီး စိတ်ကြည်လင်သွားအောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းတွေရှိပါတယ်။ အဲ့ဒီနည်းလမ်းလေးတွေကတော့ … အိပ်ရေးဝဝအိပ်လိုက်ပါ အိပ်ရေးဝဝအိပ်လိုက်တဲ့အခါ ဦးနှောက်ကအားပြည့်လန်းဆန်းသွားပြီး စိတ်ရှုပ်ထွေးနေတာတွေ လျော့နည်းသွားပါလိမ့်မယ်။ အထူးသဖြင့် ညဘက်တွေမှာ အိပ်ချိန်မှန်မှန်အိပ်နိုင်အောင်ကြိုးစားကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ပါ လေ့ကျင့်ခန်းလုပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်တဲ့အခါ ခန္ဓာကိုယ်က […]

အချိန်မပေးနိုင်တော့ဘူး၊မအားဘူးဆိုတာ သူသင့်အတွက်အချိန်မပေးချင်တော့လို့ပါ

March 17, 2020 yoon waddy 0

ကိုယ်ချစ်ရတဲ့သူက အလုပ်များလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုယ့်ကိုပစ်ထားတယ်ဆိုရင် ဘယ်သူမဆို ဝမ်းနည်းမိမှာပါပဲ။ ချစ်သူတွေမဖြစ်ခင်တုန်းက ကိုယ့်အတွက်အချိန်တွေရှိခဲ့သူ၊ ချစ်သူတွေစဖြစ်ကာစတုန်းက အလုပ်မအားလည်း ကိုယ့်ကိုသတိရတတ်တဲ့သူ၊ ချစ်သူသက်တမ်းနုစဉ်တုန်းက ကိုယ့်ကိုတကူးတကအချိန်ပေးခဲ့သူက အခုတော့ ကိုယ့်အတွက်အချိန်မပေးနိုင်တော့တဲ့အခါ သူတကယ်ပဲအလုပ်များနေတာလား၊ ငါ့ကိုမချစ်တော့တာလားလို့ တွေးမိလာပါတော့တယ်။ တကယ်ချစ်တဲ့သူဟာ သူချစ်တဲ့သူစိတ်ချမ်းသာစေချင်တယ်၊ သူချစ်တဲ့သူပျော်အောင် ဘယ်လိုထားရမလဲပဲစဉ်းစားတယ်၊ သူချစ်တဲ့သူထက် တခြားအပျော်အပါးတွေကို ဦးစားမပေးဘူး၊ အလုပ်တွေပြီးတာနဲ့ […]

သူငယ်ချင်းတွေကြားမှာအမြဲတမ်းစောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်(၅)မျိုး

March 17, 2020 yoon waddy 0

သူငယ်ချင်းလို့နာမည်တပ်ရုံနဲ့ လူတစ်ယောက်အတွက် တကယ့်သူငယ်ချင်းမဖြစ်နိုင်သေးပါဘူး။ စစ်မှန်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့အတွက် လုံးဝမချိုးဖောက်ရမယ့် ရွှေရောင်စည်းမျဉ်းလေးတွေ ရှိပါသေးတယ်။ အကောင်းပဲကြုံကြုံ၊ အဆိုးပဲကြုံကြုံသစ္စာမဖောက်ရဘူး သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ ကောင်းတာတွေကြုံရရင်လည်း ကိုယ့်သူငယ်ချင်းအပေါ်နှိမ့်ချဆက်ဆံတာတွေမရှိဘူး။ ဆိုးတာတွေကြုံရလို့လည်း စွန့်ခွာမသွားပါဘူး။  အကောင်း၊အဆိုး အကြောင်းရင်းတစ်ခုခုကြောင့် သစ္စာဖောက်တဲ့သူဟာ သူငယ်ချင်းကောင်းလုံးဝမဟုတ်ပါဘူး။ လူကိုခင်ရမယ်၊ ပစ္စည်းဥစ္စာ၊ရာထူး၊ နာမည်တွေကိုခင်တာမဟုတ်ရဘူး စစ်မှန်တဲ့သူငယ်ချင်းဆိုတာ လူကိုခင်တာဖြစ်တယ်။ ပစ္စည်းဥစ္စာ၊ […]

မျက်နှာလေးကိုချက်ချင်းကြည်တောက်သွားစေမယ့် အိမ်တွင်းအဆိပ်ထုတ်ပေါင်းတင်နည်းများ

March 17, 2020 yoon waddy 0

အပြင်ထွက်တာများတဲ့မိန်းကလေးတွေနဲ့ မိတ်ကပ်အမြဲလိမ်းတဲ့သူလေးတွေရဲ့မျက်နှာအသားအရေက ဘယ်လောက်ပဲ skincare တွေလုပ်လုပ် ကြာလာရင် အသားအရေပေါ်မှာ အဆိပ်အတောက်တွေစုဝေးလာပါတယ်။ အဲ့လိုမျိုး အသားအရေပေါ်မှာ အဆိပ်အတောက်တွေစုဝေးလာတဲ့အခါ အသားအရေကမကြည်လင်တော့ဘဲ ညစ်နွမ်းနွမ်းဖြစ်နေတတ်ပါတယ်။ ဒီတော့ အဲ့လိုဖြစ်နေတာတွေကို အိမ်မှာတင်ပေါင်းတင်ပြီးကုသနိုင်မယ့် မျက်နှာအဆိပ်ထုတ်သဘာဝပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပျားရည်၊အုန်းဆီ ပေါင်းတင်နည်း အုန်းဆီတစ်ဇွန်း၊ ပျားရည်ဇွန်းတစ်ဝက်၊ ဂျုံမှုန့်နှစ်ဇွန်းတို့ကိုရောမွှေလိုက်ပါ။ မျက်နှာသစ်ပြီး ရလာတဲ့အနှစ်ကိုမျက်နှာအနှံ့လိမ်းပေးလိုက်ပါ။ […]

မေးနှစ်ထပ်ပျောက်ချင်သူတွေအတွက် အလွယ်ကူဆုံးလေ့ကျင့်ခန်းအဆင့်(၄)ဆင့်

March 17, 2020 yoon waddy 0

တချို့မိန်းကလေးတွေ ခန္ဓာကိုယ်ကမဝပေမယ့် မျက်နှာအောက်နားမှာ အဆီတွေစုပြီး မေးနှစ်ထပ်ဖြစ်နေတတ်ပါတယ်။ မေးနှစ်ထပ်ဖြစ်နေတော့ လည်တိုင်ရဲ့အလှကမပေါ်လွင်တော့ဘဲ မဝပေမယ့် ဝသလိုထင်ရပါတယ်။ ဒါကြောင့် မေးနှစ်ထပ်ပျောက်အောင် လေ့ကျင့်ခန်းလုပ်တဲ့နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။ နည်းလမ်း(၁) မေးရိုးကို အရှေ့တိုးလိုက် အနောက်ဆုတ်လိုက် ဖြည်းဖြည်းချင်းလုပ်ပေးပါ။ ၈ ကြိမ်ကနေ ၁၀ ကြိမ်လုပ်ပေးပါ။ နည်းလမ်း(၂) ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းလေးတွေကိုမေးရိုးအောက်မှာထားပြီး […]

သူမတူအောင်ခေါင်းမာတတ်တဲ့ တနင်္လာသား၊သမီးတို့အကြောင်း

March 17, 2020 yoon waddy 0

လူတစ်ယောက်ကိုမွေးဖွားလာတဲ့နေ့ကိုကြည့်ပြီး သူရဲ့ အကျင့်စရိုက်နဲ့ ကိုယ်ရည်ကိုယ်သွေး၊စိတ်နေစိတ်ထားစတာတွေကို သတ်မှတ်လို့ရပါတယ်။ နက္ခတ်ပညာအရ တနင်္လာနေ့မှာမွေးတဲ့သူတွေက ဘဝမှာကံကောင်းတတ်တဲ့သူတွေဖြစ်တယ်လို့ ဆိုပြီး အခုဖော်ပြမယ့် အချက်လေးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ စိတ်ခံစားလွယ်ပြီး နှလုံးသားနူးညံ့လွန်းပေမယ့် အပြင်ပန်းကြည့်ရင်တော့မာကျောတဲ့ပုံစံမျိုးရှိတတ်သူတွေပါ။ ဖြတ်ထိုးဉာဏ်ကောင်းပြီး ပြဿနာတစ်ခုခုကြုံလာရင် ချက်ချင်းအဖြေထုတ်တတ်သူတွေဖြစ်ပါတယ်။ ခေါင်းထဲမှာ အမြဲတမ်းတစ်ခုခုကိုတွေးနေပြီး အဲ့ဒါကလည်း သူတို့ဘဝတိုးတက်ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာမျိုးပါ။ အလုပ်နဲ့ပတ်သက်ရင် စွန့်စားတတ်တဲ့သဘောရှိပြီး […]

သင်လက်သီးဆုပ်တဲ့ပုံစံကတဆင့်သိနိုင်တဲ့ သင့်ရဲ့အတွင်းစိတ်သဘာဝ

March 16, 2020 yoon waddy 0

လူတွေရဲ့အပြုအမူတွေက သူတို့ရဲ့စိတ်နေစိတ်ထားကို ထင်ဟပ်နေတယ်ဆိုတာ မှန်ပါတယ်။ အမှတ်မထင်ပြုမူနေတဲ့အမူအရာလေးတွေက လူတစ်ယောက်ချင်းစီရဲ့စိတ်နေစိတ်ထားကို သွယ်ဝိုက်ဖော်ပြနေတာပေါ့။ ဒါကြောင့် သင့်ရဲ့လက်သီးဆုပ်တဲ့ပုံစံကိုကြည့်ပြီး သင့်ရဲ့အတွင်းစိတ်သဘောသဘာဝကို ဖော်ထုတ်ကြည့်လိုက်ရအောင်။ လက်မကိုအပေါ်မှာအုပ်ထားတဲ့ပုံစံ ဒီလိုလူမျိုးတွေဟာ အကောင်းအဆိုးခွဲတတ်သူ၊ကာကွယ်ပေးတတ်သူ၊ ခေါင်းဆောင်ဖြစ်ဖို့မွေးဖွားလာသူတွေဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲကဘာဖြစ်ချင်လဲဆိုတာ သေချာသိပြီး မဖြစ်ဖြစ်အောင် ကြိုးစားအားထုတ်တတ်သူ၊ စိတ်ဓာတ်ပြင်းထန်သူတွေဖြစ်ကြပါတယ်။ သူတို့ချစ်တဲ့သူတွေကို စိတ်ထိခိုက်အောင်ဘယ်တော့မှမလုပ်တဲ့သူတွေလည်းဖြစ်ပါတယ်။ လက်မကိုကွေးပြီးလက်သီးကျစ်ကျစ်ပါအောင်ဆုပ်တတ်သူ ဒီလိုလူမျိုးတွေကျတော့ ရိုးသားတယ်၊ […]

သူများမကောင်းကြောင်းသွားပုပ်လေလွင့်ပြောတဲ့သူတွေ ခံစားရမယ့်ဆိုးကျိုးများ

March 16, 2020 yoon waddy 0

သူများအတင်းပြောတယ်ဆိုတာ မကောင်းတဲ့အကျင့်တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းသိမှာပါ။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ သူများအကြောင်းသွားပုပ်လေလွင့်ပြောတတ်တဲ့သူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင် သူတို့တွေဟာ ဒီလိုဆိုးကျိုးတွေကို ရမယ်ဆိုတာ သတိရလိုက်ပါ။ အရှုံးသမားတွေဖြစ်လာတယ် သူများအကြောင်းတွေပဲလိုက်စပ်စုပြီး အတင်းလိုက်တုတ်နေတဲ့သူတွေဟာ သူတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးပစ်နေကြတာပါ။ သူတို့ရဲ့အချိန်တွေကို သူတို့ဘဝတိုးတက်မှုအတွက်အသုံးမချဘဲ သူများအကြောင်းလိုက်ပြောရင်း ကုန်ဆုံးပစ်လိုက်တဲ့အတွက် သူများတွေ ဘဝမှာအဆင့်ဆင့်တိုးတက်သွားတဲ့အချိန်မှာ အဲ့ဒီအတင်းပြောတဲ့သူတွေပဲ နောက်မှာကျန်ခဲ့တာပါ။ လူတွေရဲ့ယုံကြည်မှုကိုဆုံးရှုံးရတယ် သူများအတင်းပတ်ပြောနေတဲ့သူကို […]

ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်သူတွေလုပ်ပေးသင့်တဲ့ အကြောလျှော့လေ့ကျင့်ခန်း(၃)မျိုး

March 16, 2020 yoon waddy 0

သင့်အနေနဲ့ စိတ်ဖိစီးမှုတွေများလို့ ညညတွေမှာ ကောင်းကောင်းအိပ်မပျော်ဘူးဖြစ်နေပါသလား။ အတွေးတွေကို ရပ်တန့်မရဘဲ လွယ်လွယ်နဲ့အိပ်မပျော်၊ အိပ်ချိန်နောက်ကျတော့ နောက်တစ်နေ့အိပ်ရာထချိန်မှာ မလန်းဆန်း၊ မလန်းဆန်းတော့ အလုပ်မှာအာရုံမစိုက်နိုင်ဖြစ်၊ အလုပ်မှာအာရုံမစိုက်နိုင်တော့ စိတ်ဖိစီးမှုတွေထပ်တိုးလာ၊ စိတ်ဖိစီးမှုတွေထပ်တိုးလာတော့ ညဘက်အိပ်မပျော်၊ အဲ့လိုမျိုး သံသရာလည်နေတယ်ဆိုရင် အခုဖော်ပြမယ့်လေ့ကျင့်ခန်းလေးတွေကို အိပ်ရာဝင်ခါနီးတိုင်း မှန်မှန်လုပ်ပေးသွားလိုက်ပါ။ ညဘက်ကောင်းကောင်းအိပ်ပျော်ပြီး စိတ်ဖိစီးမှုတွေလည်း ကင်းစင်သွားပါလိမ့်မယ်။ နည်းလမ်း(၁) […]