အမောက်ထောင်၍ သီးခံ(သည်းခံ)ပါ

February 20, 2020 Tameelay 0

ရှေ့အခါက ရွာတစ်ရွာမှာ အင်မတန်အဆိပ်ပြင်းတဲ့မြွေဟောက်ကြီးတစ်ကောင်သည် ရွာ၏အနီးလယ်ပြင်မှာ ရှိနေခဲ့တယ်။ အဲဒီမြွေဟောက်ကြီးဟာ ရွာအပြင်လယ်ကွင်းထဲ ထွက်လာသူအားလုံးကိုလိုက်၍ကိုက်သတ်နေသောကြောင့် ရွာသားများဟာရွာအပြင်လယ်ကွင်းထဲကို မည်သူမျှမသွားရဲကြပေ။ ထိုအခါ ရသေ့ကြီးတစ်ပါးသည် ရွာထဲသို့ဆွမ်းခံကြွလာသောအခါရွာသားများက ရသေ့ကြီးအား မြွေဟောက်ကြီးအကြောင်းလျောက်ထားကြရာ ရသေ့ကြီးသည် မြွေဟောက်ကြီးကိုမေတ္တာပို့သ၍ ခန္တီတရားလက်ကိုင်းထားကာမြွေဟောက်ကြီးရှိရာ ရွာအပြင်လယ်ကွင်းထဲသို့ သွားလေ၏။ မြွေဟောက်ကြီးသည် ရသေ့ကြီးလယ်ကွင်းထဲ ထွက်လာသည်ကိုမြင်တယ်ဆိုရင်ပဲ အမောက်ထောင်ကာ ရသေ့ကြီးရှိရာသို့ပြေးကာကိုက်လေ၏။ […]

ကျေ းဇူးသိခြင်းအကျို း (၁၀) ပါး

January 14, 2020 Tameelay 0

(၁) အစားအစာ ပေါများခြင်း။ (၂) ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။ (၃) သူခိုး ဓားပြတို့ အနှိပ်စက် မခံရခြင်း။ (၄) လူများက နှစ်သက်လိုလားခြင်း။ (၅) ဂုဏ်ကျေးဇူးသတင်း ကျော်ဇောခြင်း။ (၆) အခြံအရံ ပေါများခြင်း။ (၇) ဘုန်းကျက်သရေ တိုးပွားခြင်း။ (၈) အမြင့်မှကျသော်လည်း […]

အမေညာတယ် . . . . . ပြာသိုလပြည့် အမေများနေ့အမှတ်တရဆောင်းပါး

January 9, 2020 Tameelay 0

အမေ ညာတယ် ထမင်းအိုးထဲ ထမင်းမလောက်မှန်း သိတော့ `အမေ မဆာဘူး သားတို့ စားပါ´တဲ့။ အမေ ညာတယ် တစ်ခါတစ်ရံ အသားဟင်း ချက်တော့ `အမေ သွားမကောင်းလို့ ချဉ်ပေါင်ရွက်ချက်နဲ့ အမေ စားမယ်၊ အသားဟင်း သားတို့ စားပါ´တဲ့။ အမေ ညာတယ် အဝတ်အစားသစ် […]

“မစ္ဆာရိယစိတ်ကြီးတဲ့သူတွေနဲ့ ဘယ်တော့မှအားမပြိုင်နဲ့ ငါ့သား”

January 8, 2020 Tameelay 0

“မစ္ဆာရိယစိတ်ကြီးတယ်ဆိုတာ ဘာလဲအဖေ” “မနာလိုစိတ်ကြီးတာကိုပြောတာ၊ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်များတာကိုပြောတာ သား” “သားက သူ့ထက်မသာခဲ့ရင်ကော အဖေ” “လူတိုင်းမှာ သူ့အားသာချက်နဲ့သူရှိတယ်သား၊ သူသာတာရှိသလို ကိုယ်သာနေတာလည်းရှိမှာပဲ၊ မစ္ဆာရိယစိတ်ကြီးတဲ့သူတွေဟာ အဲ့ဒီသာတဲ့အချက်ကိုပဲ ပစ်မှတ်ထားပြီး မနာလိုကြတယ်သား၊ ဒီတော့ ရှောင်သာရှောင်ပါ ငါ့သား” “ဟုတ်” “အဖေ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်” “ဟား….အဲ့ဒါကိုစောင့်နေတာ” “ရှင်ဘုရင် […]

မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အံ့သြထူးဆန်းဖွယ် ( ၁၈ ) ပါး

January 8, 2020 Tameelay 0

( ၁ )ညအခါစေတီတော်အားတစ်ယောက်တည်းအဓိဌာန်ပြီး(၇)ပတ်ပြီး ရစ်ပတ်ပါကရွှေသံငွေသံကြားရခြင်း။ ( ၂ ) ဒုတိယကမ္ဘာစစ်အတွင်းကအင်္ဂလိပ်များအမြောက်မိုး၊စက်သေနတ်မိုး၊ ဗုံးမိုးရွာသော်လည်းကျည်ဆန်တစ်ခုမျှမခခြင်း။ ( ၃ )လပြည့်–လကွယ်ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း။ ( ၄ )တောင်ကုန်းနှင့်ပရဝဏ်တွင်ရာသီပန်းတို့မပြတ်ပွင့်ခြင်း။ ( ၅ ) ညချမ်းအခါစေတီကုန်းတော်တွင်အမွှေးရနံ့လှိုင်တက်ခြင်း။ ( ၆ )ခေါင်းလောင်းများမတီးဘဲမြည်တတ်ခြင်း။ ( ၇ )ယခုထက်တိုင်ရံဖန်ရံခါဆွမ်းများဦးအောင်မတင်နိုင်ခြင်း။ […]

သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေခံစားရမယ့်အရာ(၅)မျိုး

January 8, 2020 Tameelay 0

လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင် ကိုဖြိုခွဲတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ် ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာမဟုတ်ပါဘူး သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူတွေခံစားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ။ (၁) ပူလောင်ခြင်း သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေအမြဲတမ်းခံစားနေရမယ့်အရာကတော့ ပူလောင်ခြင်းပါပဲ သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလိုမှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာတဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှအေးချမ်းရမှာမဟုတ်ပါဘူး […]

သူ့တစ်ပါး ချစ်ခြင်းကို ခွဲမယ်ဆိုရင် ရလာမယ့် ကံတရားနှင့်အကျိုးဆက်များ (ကြောက်စရာကောင်းလွန်ပါတယ်)

January 8, 2020 Tameelay 0

ကုန်းတိုက်တယ်ဆိုတာ ချစ်ခြင်းကိုခွဲတာပါ။ ကုန်းစကားဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ ၊မြတ်နိုးသူ အချင်းချင်းအချစ်အခင်ပျက် အမြတ်နိုးပျက်အောင်မလိုတမာ ကြားဝင်ပြီး အပိုရှာစကား ဆင်တာကို ကုန်းတိုက်တယ်ခေါ်ပါတယ်။သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်းကွဲမှာပါပဲ။ ဒါဟာသေချာတဲ့ကမ္မနိယာမပါ။ သူများချစ်ခြင်းခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေ တတ်ပါတယ်။ “ချစ်ခြင်းကိုမခွဲပါနဲ့”ဆိုတဲ့ ဝစီသုစရိုက်သိက္ခာပုဒ်(ပိသုဏဝါစာဝိရတိသိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း၊ဇနီးခင်ပွန်းချင်ရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး။မိဘနဲသားသမီး၊ ဆရာနဲ့တပည့်၊ […]

နှင်းဆီပန်းတွေ ထွားထွားကြီး ပွင့်စေဖို့ ဆားကို ဒီလို အသုံးပါ

January 7, 2020 Tameelay 0

ဆားခါးကို နှင်းဆီပန်းစိုက်ပျိုးသူတွေက လွန်ခဲ့တဲ့နှစ်ရှည်ကာလတွေထဲက အသုံးပြုခဲ့ကြပါတယ်။ ဆားခါးမှာ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အနည်းလိုအာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓာတ်တွေပါဝင်ပါတယ်။ ဆားခါးဟာ နှင်းဆီပင်တွေကို အပွင့်ကြီးကြီးတွေ ပွင့်စေဖို့ ကူညီရုံမျှမက အပင် ခြေကနေ ပင်စည်အသစ်တွေကြီးထွားဖို့ကိုလည်း အထောက်အကူပေးပါတယ်။ ဒါ့အပြင် အရွက်တွေ ပိုမိုရင့် မှောင်စေဖို့ အတွက် […]

ကြက်သွန်နီဥ ခြေဖဝါးလေးမှာကပ်ပြီး အိပ်ကြည့်ပါ

January 7, 2020 Tameelay 0

အံ့သြသွားမယ့် ကြက်သွန်နီဥ ခြေဖဝါးလေးမှာကပ်ပြီး အိပ်ကြည့်ရင် ရမည့်အကျိုးကျေးဇူး ကြက်သွန်နီဟာ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ ရှိနေတဲ့အရာဖြစ်ပြီး ဟင်းတိုင်းလိုလိုမှာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။ အသုပ်တွေမှာလည်း ထည့်သုပ်ကြသလို ကြော်၍လည်း စားကြပါတယ်။ ကြက်သွန်ဟာ စားရုံသာမက ဆေးဘက်ဝင်တဲ့အရာလည်း ဖြစ်တာကြောင့် အိမ်သုံးဆေးဝါးအဖြစ်လည်း အသုံးပြုလို့ရပါသေးတယ်။ တရုတ် ရိုးရာ ဆေးနည်းမှာတော့ ကြက်သွန်နီကို […]

ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာကောင်းလှတဲ့ ရင်ဖွင့်စကား

January 7, 2020 Tameelay 0

အသက် ၅၀ အရွယ် ဦးလေးကြီးတစ်ယောက်ဆေးခန်းတစ်ခု အတွင်းသို့ ကတုံကယင်နဲ့ ဝင်လာလေသည်။ နွမ်းစုတ်စုတ် ပုဆိုး၊ တွန့်ကျေနေသောအဖြူရောင်တထွန် အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားသည်။ တုံယင်နေသော လက်များဖြင့် ဆေးခန်းဝ၌ ချိတ်ထားသောတုံကင်နံပါတ်တစ်ခုအား ယူပြီး ကျွန်တော့်ရဲ့ဘေးထိုင်ခုံတစ်ခု၌ ဝင်ထိုင်လေသည်။ အရောင်ဖျော့ဖျော့နှင့် မျှော်လင့်ချက် မရှိသောမျက်လုံးများက ရှေ့ကို ငေးစိုက်လျှက်၊ တစ်ခါတစ်ခါကျွန်တော့်အား […]