ပိုအကောင်းတွေ့ရင် နဂိုအဟောင်းစွန့်ပါ။

February 29, 2020 Tameelay 0

ကာမဂုဏ်အာရုံတွေ၊ ကာမဂုဏ်ခံစားမှုတွေကို မစွန့်နိုင်ရင်လည်း မစွန့်ကြပါနဲ့။ မစွန့်ခိုင်းတော့ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ပြောလိုက်မယ်။ ချမ်းသာက လောကမှာ (၇)မျိုး ရှိပါတယ်။ လူ့ကာမဂုဏ် ချမ်းသာ၊ နတ်ကာမဂုဏ်ချမ်းသာ ဗြဟ္မာဈာန်ချမ်းသာ ဝိပဿနာ ချမ်းသာမဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ။ ချမ်းသာ(၇)မျိုးထဲမှာ အောက်အောက်ချမ်းသာထက် အထက်အထက်ချမ်းသာတွေက ပိုပြီးတော့ အဆင့်မြင့်ပါတယ်။လူ့ကာမဂုဏ်ချမ်းသာကတော့ […]

မိဘကျေးဇူး ဆပ်ရကျိုး(၆)မျိုး

February 29, 2020 Tameelay 0

၁။ ဒုဗိ ္ဘက္ခန္တရကပ်၊ သတ္တန္တရကပ်၊ ရောဂန္ထရကပ် ကပ်သုံးပါးဘေးတွေကို ကျော်နင်းနိုင်ခြင်း။ ၂။ ဘီလူးဘေး၊ သားရဲဘေး၊ ရန်သူမျိုးငါးပါးဘေးတွေမှ ကင်းဝေးနိုင်ခြင်း။ ၃။ မီးဘေး၊ လေဘေး၊ ရေဘေးတွေမှကင်းဝေးနိုင်ခြင်း။ ၄။ လူသူတော်ကောင်း၊ နတ်သူတော်ကောင်းများချစ်ခင်မြတ်နိုးခြင်း။ ၅။ ဆုတောင်းတိုင်းပြည့်ဝတတ်ခြင်း။ ၆။ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတွေကိုရနိုင်ခြင်း။ […]

ကြည့်လိုက်ရင်ထူးထူးခြားခြားလှမနေပေမယ့် ဆွဲဆောင်မှုရှိနေတယ်ဆိုတာ ဒီအချက်တွေကြောင့်ပါ

February 28, 2020 yoon waddy 0

တချို့တချို့တွေက ကြည့်လိုက်ရင်လှတယ်၊ ဒါပေမယ့် ဆွဲဆောင်မှုမရှိဘူး၊ တစ်ခုခုလိုနေသလိုဖြစ်နေတယ်၊ တချို့တွေကျတော့ အပြင်ပန်းရုပ်ရည်က မလှနေပေမယ့် သူ့မှာ ထူးခြားတဲ့ဆွဲဆောင်မှုမျိုးရှိနေတတ်တယ်။ ဘာလို့ဒီလိုဖြစ်ရတာပါလိမ့် လို့ အကြိမ်များစွာတွေးဖူးခဲ့ပေမယ့် အခုတော့ အဖြေကိုတွေ့သွားပါပြီ။ တချို့သူတွေ ကြည့်လိုက်ရင် ထူးပြီးလှမနေပေမယ့် ဆွဲဆောင်မှုရှိနေတာ၊ ချစ်ဖို့ကောင်းနေတာဟာ ဒီအချက်တွေကြောင့်ပါ။ ဟာသဉာဏ်ရှိတယ်၊ ပျော်ပျော်နေတတ်တယ် ဟာသဉာဏ်ရှိတဲ့သူတွေက ကိစ္စတိုင်းကိုအကောင်းဘက်ကတွေးတတ်ပြီး […]

ပဲပင်ပေါက်စားခြင်းကြောင့် ဒီလိုအံ့မခန်းအကျိုးကျေးဇူးတွေရစေတယ်ဆိုတာ သင်သိပါသလား

February 28, 2020 yoon waddy 0

ပဲပင်ပေါက်ဟာ ဈေးသက်သာပြီးဝယ်ရလွယ်တဲ့စားစရာတစ်မျိုးဖြစ်တဲ့အပြင် အရသာလည်းအရမ်းကောင်း၊ မကြိုက်တဲ့သူလည်း မရှိသလောက်ပါပဲ။ပဲပင်ပေါက်က ဈေးသက်သာလွန်းပေမယ့် ရလာတဲ့အကျိုးကျေးဇူးတွေကတော့ အခုလိုမျိုး အံ့မခန်းပါပဲနော်။ အစာကြေစေတယ် ပဲပင်ပေါက်မှာပါဝင်တဲ့ အင်ဇိုင်းတွေက အစာချေစနစ်အတွက်အထောက်အကူဖြစ်စေတာကြောင့် အစာမကြေ၊ရင်ပြည့်ရင်ကယ်တာတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် အာဟာရပြည့်ဝတဲ့အမျှင်ဓာတ်တွေက ခန္ဓာကိုယ်ကိုအဆီပိုတွေမဖြစ်စေဘဲ ကျစ်လစ်စေပါတယ်။ အရွယ်တင်နုပျိုစေတယ် ပဲပင်ပေါက်မှာ antioxidants တွေအများအပြားပါဝင်တာကြောင့် အရေးအကြောင်းတွေမဖြစ်အောင်၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေမဖြစ်အောင် […]

အချစ်ရေးနဲ့ပတ်သက်လာရင် အစွန်းရောက်တတ်တဲ့အေဘီသွေးလေးတို့အကြောင်း

February 28, 2020 yoon waddy 0

သွေးအမျိုးအစားအလိုက် စိတ်နေစိတ်ထားနဲ့အကျင့်စရိုက်လေးတွေ ကွဲပြားကြတယ်ဆိုတာ အများစုကသိရှိလက်ခံပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အေဘီသွေးလေးတွေရဲ့ အမူအကျင့်နဲ့ စိတ်နေစိတ်ထားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ရင်အစွန်းရောက်တတ်သူလေးတွေ အေဘီသွေးပိုင်ရှင်တွေဟာ တစ်ယောက်ယောက်ကိုချစ်မိသွားတဲ့အခါ သူဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ နာမည်ပျက်ရှိရှိ အချစ်တစ်မျက်နှာတည်းကိုပဲကြည့်ပြီး ဇွတ်တရွတ်အရှေ့တိုးတတ်ပါတယ်။ ကိုယ်နာကျင်ခံစားရတာတွေ၊ ကိုယ်အဆင်မပြေတာတွေကိုထည့်မတွက်တော့ဘဲ အချစ်လောက်ဘယ်အရာမှအရေးမကြီးဘူး ဆိုတာမျိုး ဖြစ်တတ်ကြသူတွေပါ။ အထင်လွဲခံရမှာကြောက်သူလေးတွေ […]

သူများအိမ်မှာဧည့်သည်သွားလုပ်တဲ့အခါ ဒီအချက်လေးတွေကိုအလိုက်သိပေးပါ

February 28, 2020 yoon waddy 0

လူတိုင်းက သူများအိမ်သွားလည်ဖူးသူ၊ ဧည့်သည်အဖြစ်ညအိပ်ညနေတည်းခိုဖူးကြသူတွေချည်းပါပဲ။ ကိုယ်က ကိုယ့်အိမ်မှာ ကိုယ်ကြိုက်သလိုနေလို့ရပေမယ့် သူများအိမ်မှာ ဧည့်သည်သွားလုပ်တော့မယ်ဆိုရင်တော့ ဒီလိုလေးတွေ အလိုက်သိဖို့လိုပါတယ်နော်။ ဘာပဲလုပ်လုပ်ခွင့်ပြုချက်တောင်းပါ သူများအိမ်မှာ အိမ်ရှင်ခွင့်ပြုချက်မတောင်းဘဲ အံဆွဲတွေလိုက်ဖွင့်ကြည့်တာမျိုး၊ ဗီရိုတံခါးတွေဖွင့်ကြည့်တာမျိုး၊ အိပ်ခန်းတွေထဲစွတ်ဝင်သွားတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်အိမ်မဟုတ်တဲ့အတွက် ဘာပဲလုပ်လုပ်အိမ်ရှင်ကိုအရင်ဆုံး ခွင့်ပြုချက်တောင်းသင့်ပါတယ်။ အမေးအမြန်းမထူပါနဲ့၊မစပ်စုပါနဲ့ အိမ်မှာရှိတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ ဓာတ်ပုံတွေကိုလိုက်ကြည့်ပြီး အမေးအမြန်းထူတာမျိုး၊ […]

မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်

February 28, 2020 Tameelay 0

ယောင်္ကျားတစ်ယောက်နဲ့လမ်းခွဲလိုက်ရလို့ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေမယ့်ခပ်ပျော့ပျော့မိန်းမထဲမှာကျွန်မ မပါဘူး။ ယောင်္ကျားတစ်ယောက်ပြစ်သွားလို့ မျက်ဝန်းတွေဖောင်းမို့နေအောင်ငိုမယ့်မိန်းမထဲမှာလည်းကျွန်မ မပါဘူး။ ယောင်္ကျားတစ်ယောက်သစ္စာဖောက်သွားလို့ကိုယ့်ကိုယ်ကို သတ်သေမယ့်ခပ်ထူထူမိန်းမထဲမှာလည်းကျွန်မ မပါဘူး။ အချစ်ဆိုတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းထဲမှာပါဝင်ပေမယ့်ကိုးကွယ်ရမယ့်အရာမဟုတ်ဘူးလေ။ ကျွန်မဆိုတာအချစ်ကိုစိတ်ကူးနဲ့ရူးနေတတ်တဲ့မိန်းမတစ်ယောက်မဟုတ်ဘူး။ အချစ်ကိုဦးစားပေးလို့ကိုးကွယ်တတ်တဲ့မိန်းမတစ်ယောက်လည်းမဟုတ်ဘူး။ အချစ်ဆိုတာကို အရွဲ့တိုက်ပြီးကိုယ့်ကိုယ်ကိုဖျက်စီးအောင်လုပ်မယ့်မိန်းမတစ်ယောက်လည်းမဟုတ်ဘူး။ အရင်ကထက်ပိုပိုပြီးလှအောင်နေမယ့်မိန်းမ အရင်ကထက်ပိုပိုပြီးပျော်အောင်နေမယ့်မိန်းမ အရင်ကထက်ပိုပိုပြီးပြုံးနေတတ်မယ့်မိန်းမ အရင်ကထက်ကိုယ့်ဘဝကို မြင့်မားသထက်မြင့်မားအောင်ကြိုးစားနေမယ့်မိန်းမမျိုးပါ။ ကျွန်မဆိုတာယောင်္ကျားတစ်ယောက်ကိုနေပါလို့လည်းခခယယမတောင်းဆိုသလိုမသွားပါနဲ့လို့လည်း ခြေသလုံးဖက်ဆွဲမထားဘူး။ သူကစွန့်လွှတ်ရဲတဲ့သတ္တိရှိရင်ကျွန်မကလှည့်ထွက်ရဲတဲ့မာနတွေရှိတယ်။အဲဒါမိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ပါပဲ။ Nan […]

အချစ်ဆုံးသူငယ်ချင်းတွေအခင်အမင်မပျက်စေဖို့ စောင့်ထိန်းသင့်တဲ့ကျင့်ဝတ်လေးများ

February 28, 2020 yoon waddy 0

သူငယ်ချင်းတွေဆိုတာက ကိုယ့်မိသားစုပြီးရင် ဒုတိယမြောက် ကိုယ့်ကိုနားလည်ပေးတတ်ဆုံးသူတွေပါ။ တချို့သူငယ်ချင်းတွေဆိုရင် အရမ်းရင်းနှီးလွန်းလို့ မောင်နှမတွေ၊ ညီအစ်မတွေလိုဖြစ်နေကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေဘယ်လောက်ပဲရင်းနှီးပါစေ အချင်းချင်းကြားမှာ စောင့်ထိန်းသင့်တဲ့စည်းမျဉ်းလေးတွေကိုတော့ မချိုးဖောက်မိအောင် နေသင့်ပါတယ်။ မောင်နှမအရင်းတွေတောင်မှ ဝင်မစွက်ဖက်ဘဲစောင့်ထိန်းကြတဲ့အရာတွေရှိတယ်မဟုတ်လား။ ဒါကြောင့် သင့်အနေနဲ့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းအပေါ် ဒီကျင့်ဝတ်လေးတွေကို စောင့်ထိန်းပေးဖို့လိုပါတယ်။ မိသားစုအရေးနဲ့ပတ်သက်လို့ဝင်မစွက်ဖက်ပါနဲ့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဆိုတာ သူ့အကြောင်း၊ကိုယ့်အကြောင်း အကောင်းအဆိုးမှန်သမျှရင်ဖွင့်တတ်ကြပါတယ်။ […]

ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ

February 28, 2020 Tameelay 0

အဆင်မပြေတာတွေ သိပ်မဖော်နဲ့။ ကြိတ်ပျော်နေသူတွေ ရှိတတ်တယ်။ အဆင်ပြေတာတွေလည်း သိပ်မကြွားနဲ့။မအိပ်မစားနိုင်သူတွေလည်း ရှိတတ်တယ်။ လောကကြီးကိုလည်း အရွဲ့မတိုက်နဲ့။ဖဲ့ပလိုက်မယ်ဆိုသူတွေလည်း အများကြီးရှိတယ်။ သူများသနားအောင်လည်း ပြောမနေနဲ့။သနားပေးတဲ့သူထက် အမှားပေးတဲ့သူက ပိုများလိမ့်မယ်။ ဘယ်သူ့ဘယ်သူကိုမှလည်း တအားမယုံနဲ့။ယုံရသူတွေကပဲ အကုန်ချပြတာတွေ လုပ်ကြလိမ့်မယ်။ သေချာပါတယ်။ လောကသားတွေက မောဟအားတွေ များနေကြတော့ ပြောသမျှစကားတွေကအစ သောကပွားစရာပဲလေ။ အမှားတစ်ခုအတွက် […]

ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူပါ

February 28, 2020 Tameelay 0

လက်ငါးချောင်းတောင် အရွယ်စားမတူညီတဲ့လောကကြီးထဲသူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းတရားတွေနဲ့မရှင်သန်ချင်ဘူး ။ ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ပေါ်က လက်ငါးချောင်းတောင်အရွယ်စားမတူညီနိုင်မှ ကိုယ်မဟုတ်တဲ့ တခြားလူရဲ့စိတ်ဆိုတာ ကိုယ်နဲ့ ဘယ်လိုထပ်တူကျ နိုင်မှာလည်း ။ ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်နေတဲ့လူတွေကိုကိုယ့်အပေါ် ကောက်ကျစ်သွားရင်တောင်ဘယ်သူမကောင်းဘူး ဘယ်ဝါမကောင်းဘူးလို့အပြစ်မပြောချင်ပါဘူး သူ့အပြစ်နဲ့သူ တူသောအကျိုးခံစားရလိမ့်မယ်လို့ ဥပေက္ခာပြုထားလိုက်ပါတယ် ။ နေ့စဉ်နဲ့အမျှ ဘဝရပ်တည်ရှင်သန်ရေးအတွက်ရုန်းကန်နေသူ လူသားတွေတိုင်း ပြစ်ကင်းတဲ့သူ […]