အလုပ်တွေကိုမနားမနေလုပ်နေခြင်းက သင့်ကိုအောင်မြင်မှုနဲ့ပိုဝေးသွားစေပါတယ်

March 2, 2020 yoon waddy 0

အလုပ်ကြိုးစားတိုင်းလည်း မအောင်မြင်ဘူးဆိုတာ လူတိုင်းသိပြီးသားပါ။ ကိုယ်က မနားမနေကြိုးစားပေမယ့် ကိုယ့်လောက်မကြိုးစားဘူးလို့ ထင်ရတဲ့သူတွေက ပိုပြီးအောင်မြင်သွားကြတာမျိုးတွေ ကြုံရရင် ဘာလို့လဲဆိုတဲ့အတွေးဝင်တတ်ကြပါတယ်။ တကယ်တော့  အလုပ်တစ်မျိုးတည်း မနားမနေလုပ်နေတာထက် နားချိန်တန်နားဖို့၊ မိသားစုနဲ့ချစ်တဲ့သူတွေကိုလည်း အချိန်ပေးဖို့၊ စသဖြင့် အရာအားလုံးကို မျှတအောင်နေတတ်ဖို့လိုပါတယ်။ တခြားအရာတွေကိုအချိန်မပေးဘဲ အလုပ်တွေအရမ်းကြိုးစားပြီး အချိန်ပြည့်အလုပ်မှအလုပ်ဖြစ်နေတာက ဒီလိုဆိုးကျိုးတွေဖြစ်စေပါတယ်။ ငြီးငွေ့လာစေတယ် အလုပ်တွေကို […]

အလိမ်မခံရဖို့အတွက် လူတိုင်းသိထားသင့်တဲ့လူလိမ်တွေရဲ့အပြုအမူများ

March 2, 2020 yoon waddy 0

လူလိမ်တွေဆိုတာ ခေါင်းမှာဂျိုမပါတာမို့ အပြင်ပန်းကြည့်ရုံနဲ့မသိနိုင်ပါဘူး။ လူတစ်ယောက်က ကိုယ့်အပေါ်ရိုးရိုးသားသားဆက်ဆံနေတာလား၊ လိမ်နေတာလား၊ ကိုယ့်ကိုလိမ်ဖို့ကြံစည်နေတာလားဆိုတာကို ကိုယ့်ဘက်ကအမြဲသတိရှိနေမှာ ကိုယ်ကအလိမ်မခံရမှာပါ။ ဒီတော့ အလိမ်ခံရတဲ့အဖြစ်တွေကို ရှောင်ရှားနိုင်ဖို့ လူလိမ်တွေရဲ့လက္ခဏာ၊ သူတို့ပြောနေကျစကားတွေကိုဖော်ပြပေးလိုက်ပါတယ်။ ငါမင်းကိုအမှန်အတိုင်းပဲပြောမယ် ဆိုတဲ့စကားကိုသုံးတတ်တယ် စိတ်ပညာရှင်တွေရဲ့စစ်တမ်းတွေအရ လူတစ်ယောက်က လိမ်တော့မယ်ဆိုရင် ငါမင်းကိုအမှန်အတိုင်းပဲပြောမယ် ဆိုတဲ့ စကားလုံးနဲ့ အစချီတတ်ကြတယ်ဆိုတာ သိခဲ့ကြပါတယ်။ ပြီးတော့ […]

အချိန်တိုင်းပေါ့ပါးလန်းဆန်း ကျန်းမာနေဖို့ ခန္ဓာကိုယ်အဆိပ်ထုတ်နည်းများ

March 2, 2020 yoon waddy 0

အစားအသောက်တွေကသန့်ရှင်းမှုအားနည်း၊ လေကအစမသန့်တော့တဲ့ ဒီနေ့ခေတ်ကြီးထဲမှာ ခန္ဓာကိုယ်ထဲကိုအဆိပ်အတောက်တွေ နေ့စဉ်ဝင်ရောက်နေပြီး အချိန်ကြာလာတဲ့အခါ အဆိပ်အတောက်တွေစုလာကာ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ရက်တွေအကြာကြီး ကိုယ်နေချင်သလိုနေ၊ စားချင်သလိုစားပြီးတဲ့အခါမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေရှင်းလင်းဖို့အတွက် ဒီအချက်လေးတွေကို လုပ်ပေးပါ။ ရေများများသောက်ပါ ရေများများသောက်တဲ့အခါ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေက ဆီးထဲကနေအပြင်ကိုထွက်သွားပြီး နေရထိုင်ရတာပေါ့ပါးစေပါတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေတယ်၊ နေရထိုင်ရတာမလန်းဆန်းဘူး၊ […]

ဓာတုဆေးရည်တွေမသုံးဘဲ တစ်အိမ်လုံးသန့်ရှင်းသွားစေမယ့် သဘာဝနည်းလမ်းများ

March 2, 2020 yoon waddy 0

အိမ်အတွင်းမှာ သန့်ရှင်းရေးလုပ်ဖို့အတွက် ဓာတုဆေးဝါးတွေနဲ့မှသန့်တယ်လို့ မထင်ပါနဲ့။ဓာတုဆေးဝါးတွေမပါဘဲ ရိုးရိုးသဘာဝနည်းလမ်းတွေသုံးပြီး ရေချိုးခန်း၊ အိမ်သာနဲ့ တစ်အိမ်လုံးကို သန့်သွားအောင် လုပ်လို့ရပါတယ်။ ရေချိုးခန်းကြွေပြားတွေ လုံးဝသန့်သွားဖို့အတွက် မုန့်ဖုတ်ဆိုဒါ ဒါမှမဟုတ် သံပရိုသီးပဲလိုပါတယ်။ သံပရိုရည် ဒါမှမဟုတ် မုန့်ဖုန်ဆိုဒါကို ရေအနည်းငယ်နဲ့ရောပြီး အဲ့ဒီအနှစ်ကို သွားပွတ်တံအဟောင်းနဲ့ယူကာ ရေချိုးခန်းထဲကကြွေပြားတွေကို ပွတ်တိုက်ပေးလိုက်ရင် ကြွေပြားတွေပေါ်မှာ စွဲနေတဲ့ […]

အလှအပနဲ့ အိမ်မှာကြုံရတဲ့ပြဿနာတွေအတွက် ဘီယာရဲ့အံ့မခန်းအစွမ်းသတ္တိများ

March 2, 2020 yoon waddy 0

ဘီယာဆိုရင် သောက်စရာလို့ပဲသိထားကြပေမယ့် တကယ်တမ်းမှာတော့ ဘီယာကို အသုံးပြုနိုင်တဲ့ တခြားသောနည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ ဘီယာကို မကြိုက်ဘူးဆိုရင်တောင် ဒီနည်းလေးတွေတော့ ကြိုက်လောက်တာမို့ အခုပဲဖော်ပြလိုက်ပါပြီ။ ဆံပင်သန်စေတယ် ခေါင်းလျှော်တိုင်းမှာ ဘီယာနဲ့လောင်းပြီး ဆံပင်ပေါင်းပေးရင် ဆံပင်ကျွတ်ရပ်စေပြီး ဆံပင်အရင်းကနေ အဖျားထိသန်စွမ်းစေပါတယ်။ ဆံပင်ကို မြန်မြန်ရှည်စေပါတယ်။ အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးတယ် စတော်ဘယ်ရီသီးအနည်းငယ်ကို ဘီယာနှစ်ဇွန်းနဲ့ရောပြီး […]

မိန်းကလေးတိုင်းသိထားဖို့ ရေခဲတုံးလေးတွေရဲ့ အလှအပအတွက်အသုံးဝင်ပုံ(၅)မျိုး

March 2, 2020 yoon waddy 0

ရာသီဥတုက တဖြည်းဖြည်းပူလာပြီဆိုတော့ နေ့လည်နေ့ခင်းမှာ အအေးလေးဘာလေးဖျော်သောက်ဖို့ပဲဖြစ်ဖြစ်၊ ရေခဲရေ အေးအေးလေးသောက်ဖို့ပဲဖြစ်ဖြစ် ရေခဲသေတ္တာထဲမှာ ရေခဲတုံးလေးတွေ အမြဲမပြတ်ခဲထားကြရပြီပေါ့။ ရေခဲတုံးလေးတွေက အအေးဖျော်သောက်ဖို့ပဲအသုံးဝင်တာမဟုတ်ဘူးနော်။ မိန်းကလေးတွေရဲ့ အလှအပအတွက်လည်း ဒီလိုလေးတွေအသုံးဝင်ပါသေးတယ်။ အရေပြားသွေးလှည့်ပတ်မှုကောင်းစေတယ် ညအိပ်ခါနီးမျက်နှာသစ်ပြီးတိုင်း ရေခဲတုံးလေးတွေကိုအဝတ်သန့်သန့်နဲ့ထုပ်ပြီး ၃ မိနစ်လောက်မျက်နှာအနှံ့ပွတ်တိုက်ပေးကာ လက်လေးနဲ့ဖွဖွလေးနှိပ်ပေးလိုက်ရင် မျက်နှာအရေပြားသွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အရေးအကြောင်းပျောက်ကာ အသားအရေပိုမိုချောမွေ့လာစေပါတယ်။ အိပ်လို့လည်းပိုကောင်းစေပါတယ်။ ချွေးပေါက်ကျယ်တွေပျောက်စေတယ် […]

လူတစ်ယောက်စကားနည်းတိတ်ဆိတ်သွားရခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းများ

March 2, 2020 yoon waddy 0

သင့်ပတ်ဝန်းကျင်မှာ စကားနည်းပြီး အေးဆေးတိတ်ဆိတ်လွန်းတဲ့သူလေးတွေကို တွေ့ဖူးမယ်ထင်ပါတယ်။ လူအများစုက စကားနည်းပြီး တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့သူတွေကို အေးဆေးတယ်လို့ပဲ မြင်တတ်ကြပြီး သူတို့နောက်ကွယ်က အကြောင်းရင်းတွေကိုတော့ မတွေးမိတတ်ကြပါဘူး။ တကယ်တော့ အရမ်းစကားနည်းပြီးတိတ်ဆိတ်နေတာဟာ ဒီလိုအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာအဆင်မပြေတာတွေများနေလို့ ပတ်ဝန်းကျင်နဲ့ရောရောနှောနှောမနေဘဲ စကားနည်းတဲ့သူတွေဟာ နဂိုဗီဇကြောင့်ဆိုတာထက် သူတို့စိတ်ထဲမှာ အဆင်မပြေတာတွေများနေလို့ ဖြစ်နိုင်ပါတယ်။ မိသားစုနဲ့ပတ်သက်လို့စိတ်သောကရောက်နေတာမျိုး၊ သူတို့ရဲ့အချစ်ရေး […]

ငယ်ငယ်ရွယ်ရွယ်နဲ့ သင့်ဦးနှောက်ပျက်စီးသွားစေနိုင်တဲ့ အကျင့်ဆိုးများ

March 2, 2020 yoon waddy 0

ကျွန်ုပ်တို့ အသက်ရလာတဲ့အခါ ခန္ဓာကိုယ်ကျန်းမာရေးချို့ယွင်းတတ်လာတာနဲ့အမျှ ဦးနှောက်မှတ်ဉာဏ်လည်း တဖြည်းဖြည်းယိုယွင်းလာတတ်ပါတယ်။ အခုခေတ်မှာဆိုရင် အသက်ငယ်ရွယ်တဲ့ လူငယ်၊လူလတ်ပိုင်းတွေတောင်မှ မှတ်ဉာဏ်သိပ်မကောင်းတော့တာ၊ မေ့တတ်တာ၊ အာရုံစူးစိုက်လို့မရတာ စတဲ့ပြဿနာတွေ ကြုံနေကြရပါတယ်။ ဒါဟာ ဦးနှောက်ကျန်းမာရေးမကောင်းလို့ဖြစ်တာပါ။ ဒီတော့ အားလုံးပဲ တတ်နိုင်သလောက်ဆင်ခြင်နိုင်ဖို့ဦးနှောက်ကို ချို့ယွင်းပျက်စီးစေတဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အခါ ဦးနှောက်ကျန်းမာအောင်ထောက်ပံ့ပေးတဲ့ […]

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတွေ ဘယ်တော့မှမလုပ်တဲ့အမူအကျင့်(၅)မျိုး

March 2, 2020 yoon waddy 0

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေကိုကြည့်လိုက်ရင် လူအများကြားမှာထင်းထွက်နေပြီး၊သူတို့ဟာ အရာအားလုံးကို အောင်မြင်အောင်လုပ်နိုင်တယ်လို့ထင်ရပါတယ်။ တကယ်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေက ဘဝမှာ ပိုအောင်မြင်ကြပြီး အများရဲ့အားကျခြင်းကို ခံရပါတယ်။ ဒီတော့ ကိုယ်လည်း အများကအားကျရတဲ့သူ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့သူတစ်ယောက် ဖြစ်အောင် ဒီအမူအကျင့်လေးတွေကို ရှောင်ရှားလိုက်ရအောင်။ သူများအမြင်ကိုခေါင်းထဲထည့်လွန်းခြင်း လူဆိုတာ ပတ်ဝန်းကျင်နဲ့နေရတာမို့ ပတ်ဝန်းကျင်ကိုလုံးဝဂရုမစိုက်ဘဲနေလို့တော့မရပါဘူး။ ဒါပေမယ့် ကိုယ်တစ်ခုခုမလုပ်ခင်မှာ သူများတွေငါ့ကိုဘယ်လိုမြင်ကြမလဲဆိုပြီး အရင်စဉ်းစားဖို့တော့ […]