ဆိုင်သွားစရာမလိုဘဲ အိမ်မှာပဲကိုယ်တိုင်လုပ်နိုင်တဲ့ သဘာဝဆံပင်ဖြောင့်နည်းများ

March 11, 2020 yoon waddy 0

ဆံပင်ဖြောင့်ဖြောင့်စင်းစင်းလေးတွေလည်းလိုချင်တယ်၊ ဆိုင်မှာလည်း ဆံပင်သွားမဖြောင့်ချင်ဘူး၊ ဆံပင်ပျက်စီးမှာစိုးတယ်၊ ပြီးတော့ ဖြောင့်စက်နဲ့ဆွဲပြီးပြားကပ်နေတာလည်းမလိုချင်ဘူးဆိုတဲ့သူလေးတွေအတွက် သဘာဝနည်းလမ်းလေးတွေကိုသုံးပြီး အိမ်မှာတင်ဆံပင်ဖြောင့်အောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို အခုပဲဖော်ပြပေးလိုက်ပါပြီ။ နွားနို့နဲ့ကြက်ဥ နွားနို့တစ်ခွက်နဲ့ ကြက်ဥနှစ်လုံးကိုခွက်တစ်ခုထဲထည့်ပြီး အမြှုပ်ထလာသည်အထိခေါက်လိုက်ပါ။ ရလာတဲ့အနှစ်ကို ဆံပင်အရင်းကနေအဖျားအထိနှံ့နေအောင်လိမ်းလိုက်ပြီး အနောက်မှာဒီတိုင်းချထားလိုက်ပါ။ လုံးဝခြောက်သွားပြီဆိုရင် ခေါင်းလျှော်ပေးလိုက်ပြီး hair dryer မသုံးဘဲ သဘာဝအတိုင်းအခြောက်ခံပါ။ ဆံပင်လေးတွေ ဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ […]

လွယ်ကူရိုးရှင်းပြီးလူသိနည်းသေးတဲ့ ပျားရည်နဲ့ဝိတ်ချနည်းလေးများ

March 11, 2020 yoon waddy 0

ဝနေသူကိုပိန်သွားစေတယ်ဆိုတဲ့ နာမည်ကြီးဝိတ်ချနည်းတွေအများကြီးရှိပေမယ့် ဘယ်နည်းလမ်းက ဝိတ်တကယ်ကျတယ်၊ ဘယ်နည်းလမ်းကတော့ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို ဘယ်သူမှအတိအကျမသိကြပါဘူး။ သေချာတာကတော့ ပိန်ဆေးတွေသောက်တာထက်၊ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်နဲ့ဝိတ်ချတာစတဲ့ သဘာဝနည်းလမ်းတွေက လူကိုဘေးမဖြစ်စေဘဲ ကောင်းကောင်းမွန်မွန်ဝိတ်ကျစေမယ့် နည်းလေးတွေပါ။ အန္တရာယ်ကင်းတဲ့သဘာဝနည်းတွေထဲကမှ လွယ်ကူ ရိုးရှင်းတဲ့ပျားရည်နဲ့ဝိတ်ချနည်းလေးကိုဖော်ပြလိုက်ပါတယ်။ သကြားအစားထိုးပျားရည်အသုံးပြုခြင်း သကြားကဝိတ်တက်စေတဲ့အဓိကတရားခံတစ်ခုဆိုလည်းမမှားပါဘူး။ ဒါကြောင့် သကြားသုံးတဲ့နေရာမှာ ပျားရည်ကိုအစားထိုးသုံးပေးမယ်ဆိုရင် ဝိတ်မတက်အောင်ထိန်းထားနိုင်ပါလိမ့်မယ်။ ပျားရည်နဲ့သံပရိုရည်သောက်ခြင်း […]

March လဖွားလေးတွေရဲ့သူမတူတဲ့အားသာချက်နဲ့ထူးခြားတဲ့စိတ်နေသဘောထား

March 11, 2020 yoon waddy 0

မတ်လမှာမွေးတဲ့သူတွေဟာ တခြားသူတွေနဲ့မတူတဲ့ထူးခြားချက်တွေ၊ စိတ်နေစိတ်ထားတွေကို ပိုင်ဆိုင်ထားကြပါတယ်။ တခြားသူတွေထက်လည်း ထွန်းပေါက်အောင်မြင်နိုင်ချေများတဲ့သူတွေဖြစ်ပြီး ဒီလိုမျိုး အားသာချက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ထူးဆန်းတာတစ်ခုခုဖြစ်တော့မယ်ဆိုရင် စိတ်ထဲကနေအလိုလိုသိနိုင်တဲ့အစွမ်းရှိသူတွေပါ။ သူတို့ကို လိမ်နေတာကိုလည်း အလိုအလျောက်သိနိုင်ကြပါတယ်။ သူတို့တွေဟာ ခွင့်လွှတ်နိုင်ကြပြီး သဘောထားကြီးသူတွေဖြစ်ကြပါတယ်။ တစ်ဖက်သားအပေါ် ကြင်နာသနားတတ်သူတွေလည်း ဖြစ်နေပါသေးတယ်။ သစ္စာမရှိတဲ့သူတွေကို အရမ်းရွံမုန်းပြီး သူတို့ကိုယ်တိုင်ကလည်း သစ္စာမဖောက်တတ်တဲ့သူတွေဖြစ်ပါတယ်။ ဆူဆူညံညံ၊ […]

သင့်ချစ်သူဟာသင့်အပေါ်သစ္စာရှိမယ့်သူလား၊ သစ္စာဖောက်မယ့်သူလားဆိုတာ ဒီလိုခန့်မှန်းပါ

March 11, 2020 yoon waddy 0

လောကကြီးမှာ သစ္စာရှိတဲ့သူဆိုတာ တဖြည်းဖြည်းရှားပါးလာပါပြီ။ ပြီးတော့ လူတစ်ယောက်ကိုယ့်အပေါ်သစ္စာရှိမရှိဆိုတာ ကြိုတင်တွက်ဆထားလို့ရတာမျိုးမဟုတ်ဘဲ၊ အချိန်တွေကြာမှသိလာရတာမျိုးပါ။ ဒါကြောင့် ဘဝလက်တွဲဖော်ရွေးတဲ့အခါ ကိုယ့်အပေါ်သစ္စာရှိမယ့်သူလား၊ သစ္စာဖောက်မယ့်သူလားဆိုတာ ဒီအချက်လေးတွေနဲ့ အရင် ချိန်ထိုးကြည့်ရအောင်ပါ။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ရဲ့လား လူတစ်ယောက်က အပေါင်းအသင်းမိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သူဟာတစ်ဖက်သားအပေါ် သစ္စာစောင့်သိလို့၊ ကိုယ်ကျင့်တရားကောင်းလို့ဆိုတာ သိသာပါတယ်။ သူငယ်ချင်းကောင်းတစ်ယောက်မဟုတ်တဲ့သူ၊ သူငယ်ချင်းတွေကို မကောင်းကြံတတ်တဲ့သူကချစ်သူကောင်း၊ […]

အာလူးတစ်လုံးရှိရုံနဲ့ မျက်နှာလေးကိုကြည်ပြီးသန့်သွားအောင်လုပ်နိုင်မယ့်နည်းလမ်း

March 11, 2020 yoon waddy 0

ငွေအကုန်အကျသက်သက်သာသာနဲ့အသားအရေလှဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့အတွေးတစ်ခုဖြစ်မှာပါ။ အသားအရေထိန်းသိမ်းဖို့ skincare တွေဝယ်ရင်ပိုက်ဆံအကုန်အကျများတယ်၊ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်။ သဘာဝအသီးအနှံတွေနဲ့ မျက်နှာပေါင်းတင်မယ်ဆိုတော့လည်း လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ကရိကထများပြီး အချိန်ကုန်လို့မလုပ်ဖြစ်ဘူး။ ဒီတော့ အဲ့ဒီအခက်အခဲတွေလုံးဝမရှိဘဲ အိမ်တိုင်းရဲ့မီးဖိုချောင်မှာရှိတဲ့ အာလူးတစ်လုံးရှိရုံနဲ့ မျက်နှာအသားအရေလေးကြည်လင်နေစေမယ့် နည်းလမ်းကောင်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ အရင်ဆုံးအာလူး၊ ဓား နဲ့ အသီးကြိတ်စက်ကိုရေစင်အောင်ဆေးလိုက်ပါ။ အာလူးတစ်ခြမ်းကို ပါးပါးလေးတွေလှီးပြီးနောက်တစ်ခြမ်းကို အတုံးသေးသေးလေးတွေတုံးကာ ကြိတ်စက်လေးထဲထည့်ကြိတ်လိုက်ပါ။ […]