စကားများခြင်းက အမှားများစေပါတယ်၊ များများနားထောင်ပြီး နည်းနည်းပဲပြောပါ

March 20, 2020 yoon waddy 0

စကားများများပြောတဲ့အခါ အမှားတွေပါလာတတ်ပါတယ်။ ဒါကြောင့် စကားကိုမလိုအပ်ဘဲ မပြောတာအကောင်းဆုံးပါ။ စကားနည်းခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေမှုလေးတွေဖြစ်စေနိုင်တယ်ဆိုပေမယ့် စကားနည်းတာက ဒီလိုကောင်းကျိုးတွေကို ရစေပါတယ်။ အမှားနည်းတယ် စကားနည်းခြင်းရဲ့ ပထမဆုံးအကျိုးရလဒ်ကတော့ အမှားနည်းခြင်းပါပဲ။ စကားများများပြောတဲ့အခါ ကိုယ်ပြောတဲ့အထဲမှာ အမှားတွေ၊ သူများကိုထိခိုက်စေတာတွေပါသွားနိုင်ပါတယ်။ စကားနည်းနည်းပဲပြောတဲ့အခါ ဒါတွေနည်းသွားပြီး ကိုယ့်ပြောလိုက်တဲ့စကားကြောင့် သူများကိုထိခိုက်စေတာမျိုးလည်း နည်းသွားပါတယ်။ စိတ်တည်ငြိမ်တယ် […]

ကိုယ်တိုက်ဆပ်ပြာခဲလေးတွေကိုရေချိုးဖို့အပြင် တခြားနေရာတွေမှာအသုံးပြုနိုင်မယ့်နည်းများ

March 20, 2020 yoon waddy 0

ကိုယ်တိုက်ဆပ်ပြာခဲလေးတွေက အကုန်အကျသက်သာပြီး အသုံးတွင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။  ရေချိုးဆပ်ပြာရည်တွေဘယ်လောက်ပဲ ပေါ်လာပေမယ့် ကိုယ်တိုက်ဆပ်ပြာခဲလေးတွေကိုပဲ စွဲစွဲမြဲမြဲသုံးနေတဲ့သူတွေအတွက် ကိုယ်တိုက်ဆပ်ပြာခဲလေးတွေရဲ့ ရေချိုးဖို့အပြင် တခြားအသုံးဝင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆပ်ပြာခဲလေးတွေကို ဖိနပ်တွေထဲထည့်ထားပေးရင် အနံ့အသက်ဆိုးတွေပျောက်ကင်းစေပါတယ်။ ရေချိုးခန်းထဲကမှန်တွေကို ဆပ်ပြာခဲနဲ့ပွတ်တိုက်ထားလိုက်ရင် ရေငွေ့မရိုက်တော့ပါဘူး။ အင်္ကျီ၊ ဘောင်းဘီ ဇစ်တွေကျပ်နေတဲ့အခါ ဆပ်ပြာခဲနဲ့ပွတ်တိုက်ပေးလိုက်ပါ။ ချက်ချင်းဆွဲလို့ရသွားပါလိမ့်မယ်။ တံခါးတွေ၊ ပြတင်းပေါက်တွေရဲ့ ပတ္တာတွေကျပ်နေရင်လည်း […]