“ထိုက်တန်ရင် ရောက်လာမှာပါ”

“ထိုက်တန်ရင် ရောက်လာမှာပါ” ကိုယ်အရမ်း ချစ်ရသူကို ဆုံးရူံးမှာကြောက်နေလား ..မကြောက်ပါနဲ့ ..။ သင်သာ အကောင်းဆုံးထိုက်တန်သူဖြစ်ပါစေ.. သင့်ဆီ ရောက်လာမှာပါ။ ကိုယ်အရမ်းတန်ဖိုးထားရသူက ကိုယ့်အနားကနေရှင်ကွဲ ကွဲထားခဲ့မှာ ကြောက်နေလား.. မကြောက်ပါနဲ့ … အရမ်းကြီးမျှော်လင့်ထားရင် အများကြီးနာကျင်ခံစားရတတ်ပီး သင်နဲ့ထိုက်တန်သူဆိုရင် သင်မောင်းထုတ်ရင်တောင် သင့်အနားက ထွက်သွားနိူင်မှာမဟုတ်ဘူးလေ။ တစ်ချို့သောအရာတွေအပေါ်မှာ မျှော်လင့်ချက်သိပ်မထားပါနဲ့။ ဘာလို့လဲဆိုတော့မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတာရှိတတ်သလို တကယ်ထိုက်တန်ပီဆိုရင် မျှော်လင့်မထားလည်း ဘယ်လောက်ဝေးဝေး ကိုယ့်ဆီရောက်လာမှာ သေချာပါတယ်။ မျှော်လင့်ချက်ဆိုတာက လူတစ်ယောက်အတွက် အသက်ဖြစ်တယ်လို့ ဆိုပေမယ့် မဖြစ်နိူင်တာကို မျှော်လင့်မိရင်လည်း အသက်ပါမက ဘဝပါစုတ်ပြတ်သွားနိူင်ပါတယ်။ တစ်ချို့သော အရာတွေက လိုက်နေရင် ပိုဝေးတတ်ပီး မလိုချင်တော့မှ ကိုယ့်ဆီရောက်လာတာမျိုးလည်းရှိတတ်ပါတယ်။ အရာအားလုံး အပေါ်မှာ သင့်တင့်သောမျှော်လင့်ချက် ထားနိူင်မှ မဖြစ်နိူင်တဲ့အခါ ဖြေသာရာရပြီးအေးချမ်းပါလိမ့်မယ်။ Kwee Phyo “ထုိက္တန္ရင္ … Read more

“”မေတ္တာဖျန်းလို့ လန်းမယ့်သင်္ကြန်””

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ ပြည်သူသို့ ပန်ကြားချက် (၁၁-၄-၂၀၂၀) “”မေတ္တာဖျန်းလို့ လန်းမယ့်သင်္ကြန်”” မန္တလေးမြို့တော်တစ်ခုလုံး မကြုံစဖူးထူးကဲမယ့်သင်္ကြန်ကိုဆင်နွဲကြရပါတော့မယ်။ ရေတစ်စက်မျှမပက်ဘဲမေတ္တာဖျန်းလို့ လန်းကြမယ့် သင်္ကြန်ပါ။ မန္တလေးမြို့တော်က သင်္ကြန်နဲ့ပတ်သက်ရင်အစဉ်အလာရှိတဲ့မြို့၊ သင်္ကြန်ပွဲတော်ကိုချစ်တဲ့မြို့၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိတဲ့မြို့ ပါ။ လမ်းလျှောက်သင်္ကြန်ကို မန္တလေးမြို့ကစတင်ဖန်တီးခဲ့တယ်။ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး ငြိမ်းချမ်းပျော် ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြလို့ လမ်းလျှောက်သင်္ကြန်ကို နှစ်သက်သဘောကျ လက်ခံခဲ့ကြပါတယ်။ ယခုနှစ် မဟာသင်္ကြန်ပွဲတော် ဆင်နွှဲကြရမယ့်အချိန်မှာ Covid ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် လူများစုကကိုယ့်အိမ်ဂေဟာထဲမှာသာ ကိုယ်နေကြရမယ့်အချိန်၊ လူစုလူဝေးရှောင်ကြရမယ့် အချိန်အခါဖြစ်ပါတယ်။ ယခုနှစ်သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး COVID-19 ရောဂါကပ်ဘေးကင်း ဝေးပြီး ကျန်းမာကြပါစေ။ မြန်မာနိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး တရားမျှတမှုနဲ့ ငြိမ်းချမ်းခြင်းသုခ ခံစားကြရပါစေလို့ မေတ္တာပို့သနေကြ စေလိုပါတယ်။ အလေ့အထကို စွဲလန်းတတ်တဲ့ … Read more

ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အိမ်ထောင်ရေးလောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသောစည်းဖောက်မူှတစ်ခုပါ။

ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အိမ်ထောင်ရေးလောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသောစည်းဖောက်မူှတစ်ခုပါ။ ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ… (၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး (၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း (၃)ယောကျ်ားများ စီးပွားရေး အဆင်ပြေလာခြင်း (၄)မိန်းမများ ဆင်းရဲလာပြီး မိမိဘဝကို လက်မခံနိူင်ခြင်း (၅)မေတ္တာမပါသော အိမ် ထောင်ရေး (၆)အိမ်ထောင်ရေးသုခ မရရှိခြင်း (၇)သားသမီး မထွန်းကားခြင်း (၈)မျိုးရိုးဗီဇအရ ရမ္မက်ကြီးလွန်းခြင်း (၉)အရက်နှင့် မူးယစ်သေစာ သောက်စားခြင်း (၁၀)အပျော်အပါး မက်မောခြင်း စသည်တို့ကြောင့်ဖြစ်သော်လည်း ဖောက်ပြန်ခြင်း၏ အဓိကတရားခံမှာ “စိတ်အလိုလိုက်ခြင်း” ကြောင့်ဖြစ်ပါတယ်။ လူသားတိုင်းသည် အသစ်အဆန်းကို ကြိုက်နှစ်သက်ပြီး လက်တည့်စမ်းကြည့်ချင်တဲ့ သဘာဝရှိပါတယ်။အရွယ်ရှိနေသော လူသားတိုင်းတွင်သွေးသားအလိုဆန္ဒရှိသော်လည်း ဆန္ဒကို သိက္ခာနှင့် အတွေးအခေါ်ကထိမ်းကွပ်ပေးပါတယ်။ ယောကျ်ားလေးများ၏ သဘာဝသည် လှတာမြင်ရင် ငေးတတ်ကြသလိုမိန်းကလေးသဘာဝသည် အယုံလွယ်ခြင်းနှင့် … Read more

ထူးဆန်းတာက ••• လိုချင်တာများများရလေ ပိုပြီး မပြည့်စုံလေ

ထူးဆန်းတာက ••• လိုချင်တာများများရလေ ပိုပြီး မပြည့်စုံလေ အတ္တစိတ်ဟာ နေရာယူလွန်းသွားရင်တစ်ခြားဟာတွေကို တန်ဖိုးချတဲ့စိတ် ဖြစ်လာတယ်။ အတ္တက သူ့မှာ ဘယ်တော့မှ ပြည့်စုံတယ်လို့ မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကို ရှာတယ်။ ငွေကို အားကိုးတယ်။ ဂုဏ်ကို အားကိုးတယ်။ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။ ဒါကြောင့် ပြည့်စုံပြီးလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ။ လိုချင်တာ ။ တကယ် အသုံးလိုလို့ လိုချင်တာ မဟုတ်ဘူး။ အတ္တရဲ့ သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။ သူ့မှာ အမြဲတမ်းလိုနေတယ်။ အတ္တ ရဲ့ သဘာဝဟာ အမြဲတမ်း ချို့တဲ့နေပါတယ်။ သူ သိန်းတစ်ရာ ရလည်းမပြည့်စုံဘူး။သိန်း တစ်ထောင်ရလည်း မပြည့်စုံဘူး။ ဒေါ်လာ … Read more

ဒီလို မိန်းကလေးမျိုးပိုင်ဆိုင်ရတယ်ဆိုတာ သင် အရမ်းကံကောင်းလို့ပါ

သင့်အပေါ်ကို အချစ်စစ် အချစ်မှန်နဲ့ ချစ်ပေးနေတဲ့ မိန်းကလေးတစ်ယောက် ပိုင်ဆိုင်ထားရတယ်ဆိုတာ သင့်အတွက် အရမ်းကံကောင်းပါတယ် ။ သင့်အနေနဲ့ ဒီလိုမိန်းကလေးမျိုးကို အမှန်တကယ် တန်ဖိုးထားပြီး ချစ်တတ်ဖို့ လိုအပ်ပါတယ် ။ ဘယ်လို မိန်းကလေး မျိုးလဲ ဆိုတာ ကြည့်လိုက်ရအောင်… ၁။ သင့်ဘက်မှာ အမြဲရပ်တည် နေတတ်တဲ့ မိန်းကလေး။ အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့် တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ်။ သူမ အ တွက်ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး။ ၂။ သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတဲ့ မိန်းကလေး။ အရည်အချင်းရှိတဲ့မိန်းမတွေဟာ သူတို့အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ ယောကျ်ားတစ်ယောက်ကို … Read more

တန်ဖိုး …! (အရမ်းကောင်းလို့ အချိန် ၃ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပါ )

တစ်ခါတုံးက ရွာတစ်ရွာ မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။ အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက် ပဲ ပါသတဲ့။ ကျန်တဲ့ အိုးတစ်လုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။ ဒီလိုနဲ့ အိမ်ရောက်ရင် အိုး တစ်လုံး နဲ့ တစ်ဝက် ပဲ… ရေသယ် … Read more