အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲတုန်ရခြင်းရဲ့အကြောင်းအရင်း…

အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲတုန်ရခြင်းရဲ့အကြောင်းအရင်း… အိပ်နေစဉ်အတွင်း အမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ ချော်လဲသလိုမျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် စာဖတ်ပရိတ်တို့နားလည်သိရှိရအောင် ရှင်းပြပေးသွားပါ့မယ်။ တော်တော်များများက တစ်ခုခုနဲ့တိုက်မိသလို၊ တစ်စုံတစ်ယောက်ကရိုက်လိုက်သလိုမျိုးနဲ့ တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့် အိပ်နေရင်းဆတ်ခနဲ တုန်သွားတတ်ကြပေမဲ့ တချို့တလေကတော့ တစ်ယောက်ယောက်က တက်ဖိထားသလို၊ ညှစ်ထားသလိုမျိုးကြောင့် တုန်တတ်ကြပါတယ်။ သင်ဟာ ဒီလိုမျိုးမကြာခဏဖြစ်တတ်သူဆိုရင်တော့ ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေသုံးစွဲခြင်းကို အမှန်တကယ်ကို လျော့ချသင့်ပါပြီ။ ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာ သင့်ရဲ့အိပ်စက်မှုတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အိုခေ ဒီလိုဆိုရင်ဘာကြောင့်အိပ်နေရင်းနဲ့ အမြင့်တစ်နေရာပေါ်ကနေ ပြုတ်ကျသလိုခံစားရတာလဲဆိုတဲ့ ခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင်ပါ။ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်စက်လိုက်တဲ့အခါခန္ဓာကိုယ်ကအိပ်စက်သွားပေမဲ့ ဦးနှောက်ကတော့ တကယ်တမ်းမအိပ်စက်သေးပါဘူး။ ဒီအချိန်မျိုးမှာ ဦးနှောက်က အိပ်စက်နေတဲ့ခန္ဓာကိုယ်ကို နိုးထဖို့ အချက်ပြသတိပေးခြင်းပဲ ဖြစ်ပါတယ်။ … Read more

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ“၁၀”မျိုး…

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ“၁၀”မျိုး… ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။ … Read more

ဖေ့စ်ဘုတ်မှာ လုံးဝမလုပ်သင့်တဲ့ အချက် (၁၀) ချက်…

ဖေ့စ်ဘုတ်မှာ လုံးဝမလုပ်သင့်တဲ့ အချက် (၁၀) ချက်… ၁။ ကိုယ်တင်ထားတဲ့ Status တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကိုယ်တိုင်ဒိုင်ခံ Like ပေးနေခြင်း။ Facebook ပေါ်မှာ Post တင်ကတည်းက သင်ကြိုက်လို့ တင်လိုက်တာပါ။ဒါ့ကြောင့် ဒါကြီးကို Like နှိပ်ပြီး သင့်လည်း ကြိုက်ကြောင်း ပြစရာမလိုပါဘူး။ ဒါပေမယ့် ကိုယ့် ပိုစ့်ကို ကိုယ် Like လုပ်ကြတဲ့ လူတွေရဲ့ စိတ်တွေထဲမှာတော့ ကိုယ်ရဲ့ပိုစ်ကို ကိုယ် Like မယ်ဆိုရင် ကိုယ်ရဲ့ ပိုစ်ဟာ သူငယ်ချင်းတွေ တွေပိုသိကြမလားဆိုပြီး Like နှိပ်ထားလေ့ရှိပါတယ်။ ဒီလိုလုပ်တာကလည်း ကိုယ်တင်ထားတဲ့ Post ကို ကိုယ်ကိုတိုင် မယုံသလိုဖြစ်နေပါတယ်။ ဒါ့ကြောင့် ကိုယ့် Post ကို ကိုယ်တိုင်ပြန် … Read more

ဘဝမှာ ပိုက်ဆံထက် ပိုအရေးကြီးတဲ့ အရာ (၇) ခု…

ဘဝမှာ ပိုက်ဆံထက် ပိုအရေးကြီးတဲ့ အရာ (၇) ခု… ဘဝမှာ ပိုက်ဆံဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပေမယ့်လို့ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် ပိုက်ဆံထက်ပိုပြီး အရေးကြီးတဲ့ အရာတွေ အများကြီး ရှိနေသေးပါတယ်။ အဲဒါတွေကတော့ (၁) မိသားစု မိသားစု ကတော့ ဘဝရဲ့တန်ဖိုး မဖြစ်နိုင် တဲ့ အရာတစ်ခု ပါပဲ။ ပိုက်ဆံနဲ့ပေးဝယ် လို့ရတဲ့အရာထဲ မိသားစု လည်း မပါ ပါဘူး။ (၂) ကျန်းမာရေး ကျန်းမာခြင်းသည် လဘ်တစ်ပါး ဆိုသလိုပဲ ပိုက်ဆံတွေ အများကြီး ရှိလည်း ကိုယ်က မကျန်း မာရင် ဘယ်လိုမှ လုပ်လို့ ရမှာ မဟုတ် ပါဘူး။ (၃) စိတ်ချမ်းသာမှု ပိုက်ဆံ ချမ်းသာပြီး စိတ်မ … Read more

သနားစရာဖြစ်ရပ်မှန်ဇာတ်လမ်းလေးရှိနေတဲ့ မိသားစုမုန့်ပုံးရဲ့ ဓာတ်ပုံရာဇဝင်

သနားစရာဖြစ်ရပ်မှန်ဇာတ်လမ်းလေးရှိနေတဲ့ မိသားစုမုန့်ပုံးရဲ့ ဓာတ်ပုံရာဇဝင် အားလုံးပဲ ငယ်ငယ်ကတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မိသားစု မုန့်ပုံးလေးအကြောင်းကို သိကြပါရဲ့လား။ မိသားစု မုန့်ပုံးမှာ လူတွေမသိသေးတဲ့ စိတ်ဝင်စားစရာ ဖြစ်ရပ်လေး ရှိနေပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခုပြောပြသွားပေးပါမယ်နော် အဲဒီဖြစ်ရပ်ကလေးကတော့ ဒုတိယကမ္ဘာစစ် ကြီးဖြစ်ပြီး ၂ နှစ်အကြာမှာ နာဇီလူမျိုးတွေက ဂျူးလူးမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခြင်း(Genocide) အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပြုလုပ်ခဲ့ကြပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုထဲမှာ မိသားစု မုန့်ပုံးထဲက ဂျူးလူမျိုးကလေးလေးကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဂျူးလူမျိုးကလေးလေးက မိသားစုနဲ့ တစ်ကွဲတစ်ပြားဖြစ်ပြီး ဂျာမနီ Cottbus ဆိုတဲ့ မြို့လေးထဲက အိမ်ထဲမှာ တစ်ယောက်တည်းငိုနေခဲ့ပါတယ်။ ဂျူးလူမျိုးကလေးလေး ငိုနေတာကို တူရကီနွယ်ဖွား မိသားစုတစ်စုက တွေ့ရှိသွားပြီး သူတို့ သားလေးအဖြစ် လူသိရှင်ကြား အသိပေးကာ မွေးစားခဲ့ပါတယ်။ နောက် ၄ နှစ်အကြာ စစ်ပွဲတွေ … Read more

သင့်ဖုန်းကို အသစ်အတိုင်း မြန်ဆန်လာစေမယ့် နည်းလမ်း (၈) ခု

ဖုန်းတွေက သုံးပါများလာရင် လေးပြီးတော့ သုံးရတာ မကောင်းတော့ပါဘူး။ အနည်းဆုံးတော့ တစ်ပတ်ကိုတစ်ကြိမ်လောက် ဖုန်းကိုရှင်းသင့်ပါတယ်။ တကယ်လို့ သင့်ဖုန်းက မမ်မိုရီနည်းတယ်ဆိုရင်တော့ ဆော့လ်ဝဲတွေကို upgrade လုပ်ဖို့ စဉ်းစားသင့်ပါတယ်။ upgrade က အတင်မတော်ရင် ကောင်းတာထက် ဆိုးတာတွေပဲ ဖြစ်လာနိုင်ပါတယ်။ ၁။ တစ်ပတ်ကို ၃ ကြိမ်လောက် Restart လုပ်ပါ။ Download တစ်ခါလုပ်တိုင်း RAM တွေမှာ သိမ်းဆည်းရတာတွေက များလာပါတယ်။ ဒါကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ တစ်ပတ်ကို ၃ ကြိမ်လောက် Restart လုပ်ခြင်းပါပဲ။ ဒီလိုလုပ်တာက သင့်ဖုန်းကို ပေါ့ပါးစေနိုင်တဲ့အပြင် မလိုအပ်တဲ့ အမှိုက်တွေကိုလည်း ရှင်းထုတ်ပြီးသား ဖြစ်သွားပါတယ်။ ၂။ Wi-Fi နဲ့ပဲ အပ်ဒိတ်လုပ်ပါ။ ဖုန်းတစ်လုံးက အမြဲတမ်း အပ်ဒိတ်လုပ်သင့်ပါတယ်။ … Read more